နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်းကို ကမ္ဘာတစ်ဝန်းလုံးတွင် ဟောပြောကြ၍ လူမျိုးအပေါင်းတို့သည်လည်း ထိုသတင်းကောင်းကို ကြားကြလိမ့်မည်။ ထို့နောက်မှ ကမ္ဘာကုန်ဆုံးချိန်သည် ရောက်လာလိမ့်မည်။
ရောမ 10:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် အစ္စရေးလူမျိုးတို့သည် သတင်းကောင်းကို မကြားခဲ့ရသလောဟု ကျွန်ုပ်မေးလို၏။ အမှန်ပင် ကြားခဲ့ရ၏။ ကျမ်းစာ၌ “ထိုသတင်းကောင်းသည် ကမ္ဘာတစ်ဝန်းလုံးသို့ ပျံ့နှံ့၍ တရားစကားသည်လည်း ကမ္ဘာစွန်းတိုင် ရောက်လေပြီ” ဟု ဖော်ပြထား၏။ Common Language Bible သို့ရာတွင်လူတို့သည်ထိုနှုတ်ကပတ်တရား တော်ကိုကြားနာခွင့်မရကြသလောဟုငါ မေးလို၏။ သူတို့သည်ကြားနာခွင့်ကိုအမှန် ပင်ရကြ၏။ ကျမ်းစာတော်က၊ ``နှုတ်ကပတ်တရားတော်ကိုဟောပြောသူတို့၏ အသံသည်ကမ္ဘာမြေတစ်ဝန်းလုံးတွင်ပျံ့နှံ့သွား၏။ သူတို့၏တရားစကားများသည်ကမ္ဘာအစွန် အဖျား သို့တိုင်အောင်ရောက်ရှိလေပြီ'' ဟုဆိုသည့်အတိုင်းပင်ဖြစ်သည်။- Garrad Bible သူ တို့ သည် ကြား နာ ကြ သည် မ ဟုတ် လော ဟု ငါ မေး အံ့။ ဟော ပြော သံ သည် မြေ တစ် ပြင် လုံး သို့ လည်း ကောင်း၊ ဆင့် ဆို ချက် များ သည် လော က အ စွန်း အ ဖျား တိုင် အောင် လည်း ကောင်း ရောက် ပြီ ဟု ကျမ်း ချက် အ ရ မု ချ ကြား နာ ကြ ၏။ Judson Bible သို့ရာတွင် လူအပေါင်းတို့သည် မကြားရကြပြီလော။ အမှန်ကြားရကြပြီ။ သူတို့၏အသံသည် မြေတစ်ပြင်လုံး၌ နှံ့ပြား၍၊ သူတို့၏စကားသည် မြေကြီးစွန်းတိုင်အောင် ရောက်လေပြီဟု ငါဆို၏။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် ငါမေးလိုသည်မှာ ထိုသူတို့မကြားခဲ့ရသလော။ အမှန်ပင်ကြားခဲ့ရ၏။ “သူတို့၏အသံသည် မြေကြီးတစ်ပြင်လုံးသို့ ပျံ့နှံ့သွား၍ သူတို့၏စကားသည် ကမ္ဘာလောကအစွန်အဖျားတိုင်အောင် ရောက်လေ၏။ ” |
နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်းကို ကမ္ဘာတစ်ဝန်းလုံးတွင် ဟောပြောကြ၍ လူမျိုးအပေါင်းတို့သည်လည်း ထိုသတင်းကောင်းကို ကြားကြလိမ့်မည်။ ထို့နောက်မှ ကမ္ဘာကုန်ဆုံးချိန်သည် ရောက်လာလိမ့်မည်။
သင်တို့အား ငါအမှန်ဆို၏။ ကမ္ဘာတစ်ဝန်းလုံးတွင် သတင်းကောင်းကို ကြေညာသောအခါ ဤအမျိုးသမီး၏ လုပ်ဆောင်ချက်ကိုလည်း အစဉ်အောက်မေ့သတိရ၍ ပြောဆိုကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ထို့ကြောင့် သင်တို့သွား၍ လူမျိုးအပေါင်းတို့ကို ငါ့တပည့် ဖြစ်စေကြလော့။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်တို့၏အမည်နာမ၌ သူတို့ကို နှစ်ခြင်းမင်္ဂလာပေးကြလော့။
ထို့နောက် မာရ်နတ်သည် ကိုယ်တော်ကို အလွန်မြင့်မားသော တောင်ထိပ်ပေါ်သို့ ခေါ်ဆောင်ပြီးလျှင် ကမ္ဘာလောကရှိ တိုင်းနိုင်ငံအားလုံးနှင့် ၎င်းတို့၏ ဘုန်းစည်းစိမ်အားလုံးကို ညွှန်ပြလေ၏။
ထို့နောက် ယေရှုက “ကမ္ဘာအရပ်ရပ်သို့ သင်တို့သွား၍ လူအပေါင်းတို့ကို သတင်းကောင်း ဟောပြောကြလော့။
ထို့နောက် တပည့်တော်တို့သည်လည်း အရပ်ရပ်သို့ သွား၍ တရားတော်ကို ဟောပြောကြ၏။ သခင်ဘုရားသည်လည်း သူတို့နှင့်အတူ လုပ်ဆောင်တော်မူ၏။ သူတို့ဟောပြောသောတရားတော် မှန်ကန်ကြောင်းကိုလည်း နိမိတ်လက္ခဏာများဖြင့် သက်သေပြတော်မူ၏။ ရှင်မာကုခရစ်ဝင်ကျမ်း ပြီးပါပြီ။
သို့ရာတွင် သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကိုရရှိ၍ ဂျေရုဆလင်မြို့၊ ယုဒပြည်၊ ရှမာရိပြည်၊ ကမ္ဘာမြေအဆုံးတိုင်အောင် ငါ၏သက်သေခံများဖြစ်ကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ဦးစွာ ဒမတ်စကပ်မြို့သူမြို့သားများ၊ ထို့နောက် ဂျေရုဆလင်မြို့သူမြို့သားများ၊ ယုဒပြည်သူပြည်သားများနှင့် လူမျိုးခြားများအား ‘သင်တို့သည် နောင်တရ၍ ဘုရားသခင်ထံ ပြောင်းလဲကြရမည်။ နောင်တနှင့် လျော်ကန်သည့်အကျင့်ကို ကျင့်ကြရမည်’ ဟု ဟောပြောခဲ့၏။
ထို့နောက် သူတို့သည် ပေါလုနှင့်တွေ့ဆုံရန် ရက်ချိန်းရွေးကြ၏။ ချိန်းသည့်နေ့ရောက်သော် သူတို့သည် လူပေါင်းများစွာနှင့်တကွ ပေါလုတည်းခိုရာနေရာသို့ရောက်လာကြ၏။ ပေါလုသည် နံနက်အချိန်မှ ညအချိန်တိုင်အောင် ထိုသူတို့အား ဘုရားသခင်၏နိုင်ငံတော်အကြောင်းကိုရှင်းပြလျက် သက်သေခံလေ၏။ မောရှေ၏ပညတ်တရားနှင့် ပရောဖက်ကျမ်းများကိုလည်း ကိုးကား၍ ယေရှုအကြောင်းကို လက်ခံယုံကြည်လာရန် ကြိုးစားဟောပြောလေ၏။
သင်တို့၏ယုံကြည်ခြင်းသတင်းသည် ကမ္ဘာတစ်ဝန်းလုံးသို့ ပျံ့နှံ့လျက်ရှိသဖြင့် ယေရှုခရစ်တော်ပြုခဲ့သောအမှုကို အကြောင်းပြု၍ သင်တို့အားလုံးအတွက် ကျွန်ုပ်၏ဘုရားသခင်ကို ဦးစွာကျေးဇူးတင်ပါ၏။
နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ဖြစ်ရပ်များ၏ တန်ခိုးဖြင့်လည်းကောင်း၊ ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့်လည်းကောင်း ပြုတော်မူသောအမှုတို့မှလွဲ၍ မည်သည့်အရာအတွက်မျှ ကျွန်ုပ်ဂုဏ်မယူဝံ့ပါ။ ဤနည်းဖြင့် ကျွန်ုပ်သည် ခရစ်တော်၏ သတင်းကောင်းကို ဂျေရုဆလင်မြို့မှ ဣလုရိတ်ပြည်အထိ ရောက်ရှိရာ အရပ်ဒေသတို့၌ အကုန်အစင်ဟောပြောခဲ့၏။
သို့ရာတွင် သင်တို့သည် သတင်းကောင်းကို ကြားနာစဉ်က ရရှိသော မျှော်လင့်ခြင်းမှ မရွေ့လျားဘဲ ကြံ့ကြံ့ခိုင် ရပ်တည်လျက် ဆက်၍ ယုံကြည်ရမည်။ ထိုသတင်းကောင်းကို မိုးကောင်းကင်အောက်၌ ရှိသော သတ္တဝါအားလုံးကို ဟောပြောနေသည်ဖြစ်၍ ကျွန်ုပ်ပေါလုသည် ထိုသတင်းကောင်းကို ဟောပြောသော အမှုဆောင်ဖြစ်လာ၏။
သင်တို့သည် ထိုသတင်းကောင်းကို ကြားနာပြီး ဘုရားသခင်၏ ကျေးဇူးတော်ကို အမှန်တကယ် နားလည်သည့်နေ့မှစ၍ သင်တို့ထဲ၌ အသီးအပွင့်များသီးပွင့်ကာ တိုးပွားသကဲ့သို့ ထိုသတင်းကောင်းသည် ကမ္ဘာတစ်ဝန်းလုံးသို့ ပျံ့နှံ့၍ တိုးပွားလျက်ရှိ၏။
အဘယ်ကြောင့်ဆိုသော် သခင်ဘုရား၏ သတင်းကောင်းသည် သင်တို့ထံမှ မာကေဒေါနိပြည်၊ အခါယပြည်သို့ ပျံ့သွားသည်သာမက ဘုရားသခင်ကို သင်တို့ယုံကြည်သည့်အကြောင်းသည်လည်း နေရာတိုင်းသို့ ပျံ့နှံ့သွားသောကြောင့် ဖြစ်၏။ ထို့ကြောင့် သင်တို့ယုံကြည်သည့်အကြောင်းနှင့် ပတ်သက်၍ မည်သည့်အရာမျှ ကျွန်ုပ်တို့ပြောစရာမရှိ။