ကျမ်းစာတော်ကို မပယ်ဖျက်နိုင်ကြောင်းကို သင်တို့သိကြ၏။ ထို့ကြောင့် ဘုရားသခင်က မိမိ၏ နှုတ်ကပတ်တော်ကို လက်ခံရရှိသောသူတို့ကို ဘုရားများဟု ခေါ်ဆိုတော်မူလျှင်
ယာကုပ် 4:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း “ဘုရားသခင်သည် ကျွန်ုပ်တို့အထဲ၌ ရှင်သန်စေတော်မူသည့် လူ့စိတ်ဝိညာဉ်အား မိမိကိုသာ ကိုးကွယ်စေလိုသောသဝန်တိုစိတ်ဖြင့် တောင့်တတော်မူ၏” ဟူ၍ ကျမ်းစာ၌ အကြောင်းမဲ့ ဖော်ပြသည်ဟု သင်တို့ထင်သလော။ Common Language Bible ကျမ်းစာတော်က``ငါတို့အထဲသို့ဘုရားသခင် ပေးသွင်းတော်မူသောဝိညာဉ်သည်ကြောက်မက် ဖွယ်ကောင်းသည့်အလိုဆန္ဒများနှင့်ပြည့်ဝ၏'' ဟုအကြောင်းမဲ့ဖော်ပြသည်ဟုမထင်ကြနှင့်။- Garrad Bible ငါ တို့ ၌ ထည့် သွင်း တော် မူ သော နာမ် ဝိ ညာဉ် ကို စိတ် အား ကြီး စွာ တောင့် တ လျက် လွန် ကဲ သော ကျေး ဇူး ကို သ နား တော် မူ သည် ဟူ သော ကျမ်း ချက် ကား အ ချည်း အ နှီး ဟု သင် တို့ ထင် ကြ သ လော။ ထို အ ချက် နှင့် အ ညီ ဘု ရား သ ခင် သည် မာ န ကြီး သူ တို့ ကို ခု ခံ၍ စိတ် နှိမ့် ချ သူ တို့ အား ကျေး ဇူး သ နား တော် မူ သည် ဟု ဗျာ ဒိတ် တော် ရှိ ၏။ Judson Bible ကျမ်းစာချက် အချည်းနှီးသက်သက် ဖြစ်သည်ဟူ၍လည်းကောင်း၊ ငါတို့၌ တည်နေသော ဝိညာဉ်တော်သည် ငြူစူစေချင်သော သဘောရှိသည် ဟူ၍လည်းကောင်း၊ ထင်ကြသလော။- မြန်မာ့စံမီသမ္မာကျမ်း သို့မဟုတ် ကျမ်းစာက “ကိုယ်တော်သည် ငါတို့၌ ကိန်းဝပ်စေတော်မူသောဝိညာဉ်ကို သဝန်တိုသောသဘောဖြင့် တောင့်တတော်မူ၏”ဟူ၍ အကြောင်းမဲ့ဆိုထားသည်ဟု သင်တို့ထင်ကြသလော။ |
ကျမ်းစာတော်ကို မပယ်ဖျက်နိုင်ကြောင်းကို သင်တို့သိကြ၏။ ထို့ကြောင့် ဘုရားသခင်က မိမိ၏ နှုတ်ကပတ်တော်ကို လက်ခံရရှိသောသူတို့ကို ဘုရားများဟု ခေါ်ဆိုတော်မူလျှင်
အခြားကျမ်းပိုဒ်၌လည်း “ထိုသူတို့သည် မိမိတို့ကိုယ်တိုင် လှံဖြင့် ထိုးထားသောသူကို ကြည့်ကြလိမ့်မည်” ဟု ဖော်ပြထား၏။
ကျမ်းစာ၌ ခရစ်တော်သည် ဒါဝိဒ်မင်း၏အမျိုး၊ ဒါဝိဒ်မင်း၏မွေးရပ် ဗက်လင်မြို့မှ ပေါ်ထွန်းလိမ့်မည်ဟု ဖော်ပြထားသည် မဟုတ်လော” ဟု ဆိုကြ၏။
မျိုးနွယ်စုဆယ့်နှစ်စု၏ဖခင်များသည် ယောသပ်ကို မနာလိုကြသဖြင့် အီဂျစ်ပြည်တွင် ကျွန်ခံစေရန် ရောင်းလိုက်ကြ၏။ သို့သော် ဘုရားသခင်သည် ယောသပ်နှင့်အတူ ရှိတော်မူ၍
သူတို့၏ဘဝသည် ဆိုးယုတ်ခြင်း၊ ညစ်ညမ်းခြင်း၊ လောဘကြီးခြင်း၊ မုန်းတီးခြင်း၊ မနာလိုခြင်း၊ သတ်ဖြတ်ခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ လှည့်ဖြားခြင်း၊ အငြိုးထားခြင်းနှင့် အတင်းအဖျင်းပြောခြင်း စသည့် အပြစ်အမျိုးမျိုးတို့ဖြင့် ပြည့်လျက်ရှိ၏။
ကျမ်းစာ၌ ဘုရားသခင်က ဖာရောဘုရင်အား “သင့်ကို ဘုရင်အဖြစ် ခန့်အပ်သော ရည်ရွယ်ချက်မှာ ငါ့တန်ခိုးကို ပြရန်အတွက်နှင့် ကမ္ဘာတစ်ဝန်းလုံးတွင် ငါ့အမည်နာမ ကျော်စောရန်အတွက် ဖြစ်၏” ဟု မိန့်တော်၏။
သင်တို့၏ ကိုယ်ခန္ဓာသည် ဘုရားသခင်ထံတော်မှ သင်တို့လက်ခံရရှိထားသည့် ဝိညာဉ်တော်ဟူသော သင်တို့အထဲ၌ ကိန်းဝပ်နေသည့် သန့်ရှင်းသောဝိညာဉ်တော်၏ ဗိမာန်ဖြစ်သည်ကို မသိကြသလော။ သင်တို့သည် မိမိကိုယ်ကိုယ် မပိုင်ကြ။
ဘုရားသခင်၏ ဗိမာန်တော်သည် ရုပ်တုတို့နှင့် မည်သို့ ပတ်သက်စပ်လျဉ်းမှုရှိမည်နည်း။ ဘုရားသခင်က “ငါသည် သူတို့နှင့်အတူ နေထိုင်၍ သူတို့ထဲတွင် သွားလာမည်။ ငါသည် သူတို့၏ ဘုရားသခင်ဖြစ်၍ သူတို့သည်လည်း ငါ၏ လူမျိုးဖြစ်ကြလိမ့်မည်” ဟု မိန့်တော်မူသည့်အတိုင်း ကျွန်ုပ်တို့သည် အသက်ရှင်တော်မူသောဘုရားသခင်၏ ဗိမာန်ဖြစ်ကြ၏။
ကျမ်းစာ၌ ဘုရားသခင်သည် လူမျိုးခြားတို့အား သူတို့၏ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟု သတ်မှတ်တော်မူမည်ဖြစ်ကြောင်း ကြိုတင်သိမြင်တော်မူသည်ကို ဖော်ပြထား၏။ ထို့ကြောင့် အာဗြဟံအား “လူမျိုးအပေါင်းတို့သည် သင့်ထံမှတစ်ဆင့် ကောင်းချီးမင်္ဂလာ ခံစားရလိမ့်မည်” ဟူသော သတင်းကောင်းကို ကျမ်းစာ၌ ကြိုတင်ဟောပြောတော်မူ၏။
တစ်ချိန်က ကျွန်ုပ်တို့သည်လည်း မိုက်မဲသူ၊ မနာခံသူ၊ လမ်းလွဲသူ၊ အမျိုးမျိုးသော တပ်မက်ခြင်းနှင့် အပျော်အပါးလိုက်စားခြင်းတို့၌ ကျွန်ခံသူ၊ ဆိုးညစ်သောစိတ်နှင့် မနာလိုသောစိတ်တို့ဖြင့် နေထိုင်သူ၊ သူတစ်ပါး မုန်းတီးခြင်းကို ခံရသူ၊ အချင်းချင်းမုန်းတီးသူတို့ ဖြစ်ခဲ့ကြ၏။