သို့သော် ဖာရိရှဲတို့သည် ထိုအကြောင်းကို ကြားသောအခါ “သူသည် နတ်ဆိုးတို့ကို နှင်ထုတ်နိုင်ခြင်းမှာ နတ်ဆိုးမင်းဗေလဇေဗုလ၏တန်ခိုးကို ရရှိထားသောကြောင့်ဖြစ်သည်” ဟု ဆိုကြ၏။
ယာကုပ် 3:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း လျှာသည် မီးဖြစ်၏။ ဒုစရိုက်လောကလည်း ဖြစ်၏။ ၎င်းသည် ကျွန်ုပ်တို့၏ အင်္ဂါအစိတ်အပိုင်းများအနက် တစ်ခုဖြစ်ပြီး ကိုယ်ခန္ဓာတစ်ခုလုံးကို ညစ်ညူးစေတတ်၏။ လူ့ဘဝတစ်ခုလုံးကိုလည်း လောင်ကျွမ်းစေနိုင်၏။ လျှာသည် မီးကို ငရဲမှ ထွန်းညှိ၏။ Common Language Bible လျှာသည်မီးနှင့်တူ၍အပြစ်ဒုစရိုက်ဖြင့် ပြည့်ဝသောကမ္ဘာဖြစ်၏။ ယင်းသည်ကိုယ်အင်္ဂါ အစိတ်အပိုင်းတစ်ခုအဖြစ်ဖြင့်တည်ရှိကာ၊ ငါတို့၏ကိုယ်ခန္ဓာတစ်ခုလုံးသို့အပြစ်ဒုစရိုက် ကူးစက်ပျံ့နှံ့စေလေသည်။ လျှာသည်ငရဲမှ ရရှိသည့်မီးဖြင့်ငါတို့၏ဘဝတစ်ခု လုံးကိုကျွမ်းလောင်စေတတ်၏။- Garrad Bible လျှာ လည်း မီး သ ဖွယ်၊ ဒု စ ရိုက် လော က သ ဖွယ် ဖြစ်၏။ ငါ တို့ အင်္ဂါ များ တွင် တည်၍ တစ် ကိုယ် လုံး ညစ် ညူး စေ သည့် ပြင် င ရဲ မီး ဖြင့် ကူး လောင် သည့် အ လျောက် ငါ တို့ ဇာ တိ စက် ကို စွဲ လောင် တတ် ၏။ Judson Bible လျှာသည် မီးဖြစ်၏။ ဒုစရိုက်၏ လောကဓာတ်လည်းဖြစ်၏။ ထိုသို့နှင့်အညီ၊ လျှာသည် ငါတို့၏အင်္ဂါတို့တွင်တည်၍ တစ်ကိုယ်လုံးကို ညစ်ညူးစေ၏။ ဇာတိစက်ကိုလည်း ရှို့တတ်၏။ မိမိသည်လည်း ငရဲမီးရှို့ခြင်းကို ခံလျက်ရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း လျှာသည် မီးဖြစ်၏။ မတရားမှု၏လောကလည်းဖြစ်၏။ လျှာသည် ငါတို့၏အင်္ဂါအစိတ်အပိုင်းထဲက တစ်ခုဖြစ်ပြီး ကိုယ်ခန္ဓာတစ်ခုလုံးကို ညစ်ညူးစွန်းထင်းစေလျက် ဘဝတစ်ခုလုံးကို လောင်ကျွမ်းစေကာ မိမိသည်လည်း ငရဲမီး၏လောင်ကျွမ်းခြင်းကိုခံရ၏။ |
သို့သော် ဖာရိရှဲတို့သည် ထိုအကြောင်းကို ကြားသောအခါ “သူသည် နတ်ဆိုးတို့ကို နှင်ထုတ်နိုင်ခြင်းမှာ နတ်ဆိုးမင်းဗေလဇေဗုလ၏တန်ခိုးကို ရရှိထားသောကြောင့်ဖြစ်သည်” ဟု ဆိုကြ၏။
သို့ရာတွင် သင်တို့အား ငါပြောဆိုသည်မှာ တစ်စုံတစ်ဦးအပေါ် အမျက်ဒေါသထွက်သူသည် အပြစ်စီရင်ခံရမည်။ တစ်စုံတစ်ဦးကို အသုံးမကျသောသူဟု ပြောဆိုလျှင် တရားလွှတ်တော်၌ အပြစ်ပေးခံရမည်။ တစ်စုံတစ်ဦးကို အရူးဟု ခေါ်ဆိုလျှင် သူသည် ငရဲသို့ချခံရမည်။
လူ၏ပြင်ပမှ လာ၍ လူအတွင်းသို့ ဝင်သောအရာသည် လူကို မညစ်ညမ်းစေပါ။ သို့သော် လူ့စိတ်နှလုံးမှ ထွက်လာသောအရာများသည်သာ လူကို ညစ်ညမ်းစေ၏။
ထိုအခါ သူဌေးကြီးက ‘အဖအာဗြဟံ… အကျွန်ုပ်ကို သနားပါ။ အကျွန်ုပ်သည် မီးတောက်များထဲတွင် ပြင်းထန်စွာ ဝေဒနာခံစားနေရပါ၏။ သို့ဖြစ်၍ လာဇရုကို စေလွှတ်၍ သူ၏လက်ဖျားကို ရေ၌ နှစ်စေကာ အကျွန်ုပ်လျှာကို အေးစေပါ’ ဟု တောင်းပန်ပြောဆို၏။
လွဲမှားစေသောအရာများကို ပြောဆို၍ တပည့်တော်များအား သူတို့နောက်သို့ လိုက်စေရန် ဆွဲခေါ်သွားမည့်လူတို့သည် သင်တို့အထဲမှလည်း ပေါ်ပေါက်လာလိမ့်မည်။
ပေတရုက “အာနနိ… သင်သည် အဘယ်ကြောင့် စာတန်အား သင်၏စိတ်နှလုံးထဲ၌ အုပ်စိုးခွင့်ပေးသနည်း။ သင်သည် မြေရောင်းရသောငွေတချို့ကို ယူထား၍ သန့်ရှင်းသောဝိညာဉ်တော်ကို လှည့်စားပြီ။
သူတို့သည် မမှန်သောသက်သေခံများကို ခေါ်၍ “ဤလူသည် သန့်ရှင်းသောအရပ်နှင့် ပညတ်ကျမ်းအပေါ် ဆန့်ကျင်သည့်စကားကို မရပ်မနား ပြောဆိုနေ၏။
ထိုသူတို့ကို နှုတ်ဆိတ်စေရမည်။ သူတို့သည် မသမာနည်းဖြင့် ငွေရှာလိုသောကြောင့် မသွန်သင်သင့်သော အရာများကို သွန်သင်လျက် အချို့မိသားစုများ၏ ယုံကြည်ခြင်းကို ပျက်စီးစေကြ၏။
သူတို့သည် သင်တို့ခံယူရရှိသည့် ကောင်းမြတ်သောနာမတော်ကို ရှုတ်ချသူများဖြစ်သည် မဟုတ်လော။
လူသည် အမျိုးမျိုးသောသားရဲတိရစ္ဆာန်များ၊ ငှက်များ၊ တွားသွားသတ္တဝါများနှင့် ရေနေသတ္တဝါတို့ကို ယဉ်ပါးစေနိုင်၏။ ယဉ်ပါးအောင်လည်း ပြုခဲ့ပြီ။
ဦးစွာ သင်တို့အား သတိပေးလိုသည်မှာ နောက်ဆုံးသောနေ့ရက်များ၌ မထီမဲ့မြင်ပြုသူတို့သည် ပေါ်ပေါက်လာ၍ မိမိတို့၏တပ်မက်မှုများအတိုင်း ပြုမူကြလိမ့်မည်။
ထို့ကြောင့် ကျွန်ုပ်ရောက်လာသောအခါ သူပြုသောအမှုတို့ကို ထုတ်ဖော်ပြောဆိုမည်။ သူသည် ကျွန်ုပ်တို့အကြောင်းကို ဆိုးညစ်သောစကားများနှင့် မဟုတ်တမ်းတရမ်းပြောဆို၏။ ဤမျှနှင့် မကျေနပ်ဘဲ သူကိုယ်တိုင်ပင်လျှင် ယုံကြည်သူတို့ကို လက်မခံ၊ လက်ခံလိုသောသူတို့ကိုလည်း တားမြစ်၍ အသင်းတော်မှ နှင်ထုတ်တတ်၏။
ထိုနဂါးသည် တစ်ကမ္ဘာလုံးကို လှည့်ဖြားသည့် မာရ်နတ်၊ သို့မဟုတ် စာတန် ဟုခေါ်သော ရှေးမြွေဟောင်းဖြစ်ပြီး သူ၏ တမန်များနှင့်အတူ ကမ္ဘာမြေပေါ်သို့ ပစ်ချခံခဲ့ရ၏။
သူသည် ပထမသားရဲ ကိုယ်စား ပြခွင့်ရသည့် နိမိတ်လက္ခဏာများဖြင့် ဤကမ္ဘာလောက၌ နေထိုင်ကြသောလူအပေါင်းတို့ကို လှည့်ဖြား၏။ ဓားဒဏ်ရာရထားသော်လည်း အသက်ရှင်သေးသော ပထမသားရဲ၏ ရုပ်တုကို ပြုလုပ်ရန် လူတို့အား အမိန့်ပေး၏။
ဆီမီးအလင်းသည်လည်း သင့်ထဲ၌ မည်သည့်အခါမျှ ထွန်းလင်းတော့မည် မဟုတ်။ သတို့သားနှင့် သတို့သမီးတို့၏ ပျော်ရွှင်သောအသံကိုလည်း သင့်ထဲ၌ မည်သည့်အခါမျှ ကြားရတော့မည် မဟုတ်။ သင်၏ ကုန်သည်ကြီးများသည် ဤကမ္ဘာလောကတွင် အရှိန်အဝါကြီးသူများ ဖြစ်ကြ၏။ လူမျိုးအပေါင်းတို့သည် သင်၏ ပြုစားခြင်းဖြင့် လှည့်ဖြားခံကြရပြီ။
သို့ရာတွင် သားရဲသည် မိမိကိုယ်စား နိမိတ်လက္ခဏာများပြသော ပရောဖက်အတုအယောင်နှင့်အတူ ဖမ်းဆီးခံရ၏။ ထိုပရောဖက်မှာ သားရဲ၏အမှတ်တံဆိပ်ကို ခံယူကြလျက် သားရဲ၏ရုပ်တုကို ကိုးကွယ်ကြသောသူတို့အား ထိုနိမိတ်လက္ခဏာများဖြင့် လှည့်ဖြားသူဖြစ်၏။ သူတို့နှစ်ဦးသည် ကန့်နှင့် လောင်သောမီးအိုင်ထဲသို့ အရှင်လတ်လတ် ပစ်ချခံကြရ၏။