စိတ်နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ကမ္ဘာလောကတစ်ခုလုံးကို အမွေခံကြရမည်ဖြစ်သောကြောင့်ပင်။
ယာကုပ် 1:21 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုကြောင့် အမျိုးမျိုးသော ညစ်ညူးခြင်း၊ ယုတ်ညံ့ခြင်းအပေါင်းတို့ကို ဖယ်ရှား၍ သင်တို့နှလုံးသား၌ ထည့်သွင်းထားသော တရားတော်ကို နှိမ့်ချစွာ လက်ခံကြလော့။ ထိုတရားတော်သည် သင်တို့ကို ကယ်တင်နိုင်၏။ Common Language Bible သို့ဖြစ်၍သင်တို့သည်ညစ်ညမ်းသည့်အလေ့ အထနှင့်ဆိုးယုတ်သည့်အကျင့်မှန်သမျှတို့ ကိုပယ်ရှားကြလော့။ သင်တို့၏စိတ်အတွင်း ၌ဘုရားသခင်သွင်းပေးတော်မူသောတရား တော်သည် သင်တို့ကိုကယ်တင်နိုင်၏။ တရား တော်ကိုသိမ်မွေ့စွာခံယူကြလော့။ Garrad Bible သို့ ဖြစ် ၍ ခပ် သိမ်း သော ညစ် ပေ ခြင်း နှင့် အ လွန် ယုတ် ညံ့ ခြင်း ကို ပယ် ရှား ပြီး လျှင် သင် တို့ ဝိ ညာဉ် ကို ကယ် တင် နိုင် သော အဇ္စု တ္တ၌ စိုက် ပျိုး ပြီး တ ရား တော် ကို သိမ် မွေ့ စွာ ခံ ယူ ကြ လော့။ Judson Bible ထိုကြောင့်၊ ခပ်သိမ်းသောညစ်ညူးခြင်း၊ မနာလိုသောစိတ် လွန်ကျူးခြင်းကို ပယ်ရှား၍၊ သင်တို့စိတ်ဝိညာဉ်ကို ကယ်တင်နိုင်သော၊ အထဲ၌ စိုက်ပျိုးသောနှုတ်ကပတ်တရားကို နူးညံ့သိမ်မွေ့သော စိတ်နှင့် ခံယူကြလော့။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ညစ်ညူးခြင်းရှိသမျှနှင့် ပြည့်လျှံကဲလွန်သောမကောင်းမှုတို့ကို ဖယ်ရှား၍ သင်တို့အထဲ၌ ထည့်သွင်းထားသောနှုတ်ကပတ်တော်ကို နူးညံ့သိမ်မွေ့သောစိတ်ဖြင့်ခံယူကြလော့။ ထိုနှုတ်ကပတ်တော်သည် သင်တို့၏စိတ်ဝိညာဉ်ကို ကယ်တင်နိုင်၏။ |
စိတ်နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ကမ္ဘာလောကတစ်ခုလုံးကို အမွေခံကြရမည်ဖြစ်သောကြောင့်ပင်။
ဝိညာဉ်တော်ကသာ အသက်ရှင်စေ၏။ လူ့အားထုတ်မှုမှာမူ မည်သည့်အရာကိုမျှ မဖြစ်မြောက်စေနိုင်ပါ။ သင်တို့ကို ငါပြောသော စကားတို့သည် ဝိညာဉ်နှင့် အသက်ဖြစ်၏။
ရှိမုန်ပေတရုက “သခင်… အကျွန်ုပ်တို့သည် မည်သူ့ထံသို့ သွားရပါမည်နည်း။ ထာဝရအသက်ကို ပေးသောစကားသည် သခင့်ထံ၌သာရှိ၏။
ထို့ကြောင့် ကျွန်ုပ်သည် သင့်ထံသို့ ချက်ချင်းပင် လူလွှတ်၍ခေါ်ရာ သင်ရောက်ရှိလာသည်မှာ ကောင်းမွန်လှ၏။ သို့ဖြစ်၍ သင့်အားဖြင့် သခင်ဘုရားမိန့်တော်မူသမျှကို နားထောင်ရန် ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်၏ရှေ့တော်မှောက်တွင် အသင့်ရှိနေကြပါသည်” ဟု ဆိုလေ၏။
အို အာဗြဟံ၏မျိုးဆက် ညီအစ်ကိုမောင်နှမတို့မှစ၍ ဘုရားသခင်ကို ကိုးကွယ်ကြသောလူမျိုးခြားတို့… ဘုရားသခင်သည် ဤကယ်တင်ခြင်းတရားတော်ကို ငါတို့ထံ ပေးပို့တော်မူ၏။
ကျွန်ုပ်သည် ခရစ်တော်၏ သတင်းကောင်းအတွက် မရှက်ကြောက်။ အဘယ်ကြောင့်ဆိုသော် ထိုသတင်းကောင်းသည် ယုံကြည်သောသူများဖြစ်သည့် ဦးစွာ ဂျူးလူမျိုးများ၊ ထို့နောက် လူမျိုးခြားများကို ကယ်တင်သော ဘုရားသခင်၏ တန်ခိုးတော်ဖြစ်သောကြောင့်ပင်။
အချို့သောအကိုင်းအခက်များ ခုတ်ဖြတ်ခံရပြီး သံလွင်ပင်အရိုင်းဖြစ်သော သင့်ကို ကိုင်းဆက်ကူး၏။ ထို့ကြောင့် ယခုသင်သည် သံလွင်ပင်အမြစ်၏ အဆီအနှစ်ကို မျှဝေခံစားရ၏။
သင်တို့သည် တစ်ချိန်က အပြစ်တရား၏ကျွန် ဖြစ်ခဲ့ဖူးသော်လည်း ယခုတွင် သင်တို့သင်ယူခဲ့သော တရားတော်ကို စိတ်နှလုံးအပြည့်အဝ နာခံလာကြ၏။ ထို့ကြောင့် ဘုရားသခင်ကို ကျေးဇူးတင်ပါ၏။
ကျွန်ုပ်ဟောပြောခဲ့သော ထိုသတင်းကောင်းတရားကို သင်တို့ဆက်လက်၍ စွဲမြဲစွာ ယုံကြည်လျှင် ထိုသတင်းကောင်းအားဖြင့် သင်တို့သည် ကယ်တင်ခံကြရ၏။ ထိုသို့ မယုံကြည်လျှင် သင်တို့ ယုံကြည်ခဲ့သည်မှာ အချည်းနှီးဖြစ်၏။
ချစ်ရသောသူတို့… ကျွန်ုပ်တို့၌ ဘုရားသခင်ပေးတော်မူသော အထက်ပါကတိတော်များရှိသောကြောင့် ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ညစ်ညမ်းစေသောအရာတို့မှ မိမိကိုယ်ကိုယ် စင်ကြယ်စေ၍ ဘုရားသခင်ကို ရိုသေသောအားဖြင့် လုံးဝသန့်ရှင်းစေကြစို့။
လူမျိုးခြား ဖြစ်သော သင်တို့သည်လည်း ဘုရားသခင်၏ ကယ်တင်တော်မူခြင်းသတင်းကောင်းဟူသော သမ္မာတရားကို ကြား၍ ခရစ်တော်ကို ယုံကြည်ကြ၏။ ထို့ကြောင့် သင်တို့သည် ခရစ်တော်နှင့် တပေါင်းတစည်းတည်း ဖြစ်လျက် ဘုရားသခင် ကတိပြုထားတော်မူသည့် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် တံဆိပ်ခတ်နှိပ်ခြင်းကို ခံကြရ၏။
သို့ဖြစ်၍ ဖြားယောင်းတတ်သော အလိုရမ္မက်များကြောင့် ပျက်စီးယိုယွင်းသည့် သင်တို့၏ လူဟောင်း ဖြစ်သော ယခင်ပြုမူနေထိုင်ပုံကို စွန့်လွှတ်ကြလော့။
ထို့ကြောင့် လိမ်လည်၍ မပြောကြနှင့်။ ကျွန်ုပ်တို့သည် ခရစ်တော်၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများ ဖြစ်ကြသောကြောင့် တစ်ဦးကို တစ်ဦး မှန်သောစကားကိုသာ ပြောကြလော့။
မဖွယ်မရာစကား၊ အနှစ်သာရမရှိသောစကား၊ ညစ်ညမ်းသောပြက်လုံးတို့သည်လည်း မသင့်လျော်သဖြင့် မပြောဆိုကြနှင့်။ ဘုရားသခင်အား ကျေးဇူးတင်သောစကားများကိုသာ ပြောဆိုကြလော့။
ကျွန်ုပ်တို့သည် သတင်းကောင်းကို စကားသက်သက်ဖြင့် မဟောပြောဘဲ သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးတော်ဖြင့်လည်းကောင်း၊ ယုံကြည်စိတ်ချမှုအပြည့်ဖြင့်လည်းကောင်း သင်တို့ထံ ဟောပြောကြ၏။ ကျွန်ုပ်သည် သင်တို့နှင့်အတူ ရှိစဉ်အခါက သင်တို့အကျိုးကို ထောက်၍ မည်သို့ နေထိုင်ခဲ့ကြောင်း သင်တို့အသိပင် ဖြစ်၏။
သင်တို့သည် ကျွန်ုပ်တို့ထံမှ ကြားနာသော ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို လူ့စကားအဖြစ် မဟုတ်ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်အဖြစ် လက်ခံသောကြောင့် ဘုရားသခင်ကို ကျွန်ုပ်တို့ အစဉ်အမြဲကျေးဇူးတင်ကြ၏။ ထိုနှုတ်ကပတ်တော်သည် အမှန်ပင်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်၍ ခရစ်တော်ကို ယုံကြည်သောသင်တို့အထဲတွင် သက်ဝင်လှုပ်ရှားတော်မူ၏။
အဘယ်ကြောင့်ဆိုသော် လူအပေါင်းတို့ကို ကယ်တင်ရန် ဘုရားသခင်၏ ကျေးဇူးတော်သည် ထင်ရှားလာသောကြောင့် ဖြစ်၏။
ထို့ကြောင့် ဤမျှလောက် များသောသက်သေတို့သည် ကျွန်ုပ်တို့ကို တိမ်တိုက်ကဲ့သို့ ဝန်းရံထားသောကြောင့် ကျွန်ုပ်တို့သည် ဝန်ထုပ်ဝန်ပိုးအားလုံးကိုလည်းကောင်း၊ အလွယ်တကူ တွယ်ကပ်သော အပြစ်များကိုလည်းကောင်း ဖယ်ရှားကာ ရှေ့၌ ရှိသော ပန်းတိုင်သို့ ဇွဲလုံ့လဖြင့် ပြေးကြစို့။
ဤမျှထူးမြတ်သည့်ကယ်တင်ခြင်းတရားကို ကျွန်ုပ်တို့ လျစ်လျူရှုပါက အပြစ်ဒဏ်မှ မည်သို့လွတ်မြောက်နိုင်ကြမည်နည်း။ ဤကယ်တင်ခြင်းတရားကို သခင်ဘုရားကိုယ်တိုင် ဦးစွာ ဟောတော်မူပြီးနောက် ကြားနာသူများက ကျွန်ုပ်တို့အား ထိုတရားတော်မှန်ကန်ကြောင်း အတည်ပြုပေးခဲ့ကြ၏။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် ထိုသူတို့နည်းတူ သတင်းကောင်းကို ကြားရသောကြောင့်ဖြစ်၏။ သူတို့မှာမူ ကြားရသော်လည်း မယုံကြည်သောကြောင့် သူတို့အတွက် အကျိုးမရှိ။
ဘုရားသခင်ထံသို့ ချဉ်းကပ်လော့။ သို့ပြုလျှင် ဘုရားသခင်သည် သင်တို့ထံသို့ ချဉ်းကပ်တော်မူလိမ့်မည်။ အပြစ်သားတို့… သင်တို့လက်ကို ဆေးကြောကြလော့။ စိတ်နှစ်ခွရှိသောသူတို့… သင်တို့၏စိတ်နှလုံးသားကို သန့်ရှင်းစေကြလော့။
အပြစ်ရှိသောသူကို မှားယွင်းသောလမ်းမှ ပြန်လည်ခေါ်ဆောင်လာသောသူသည် ထိုအပြစ်သား၏ စိတ်ဝိညာဉ်ကို သေခြင်းမှ ကယ်တင်၍ သူ၏ အပြစ်များစွာကို သခင်ဘုရားခွင့်လွှတ်ပေးတော်မူစေရန် ဆောင်ရွက်သူဖြစ်ကြောင်း သူသိမှတ်ပါစေ။ ရှင်ယာကုပ်ဩဝါဒစာ ပြီးပါပြီ။
သင်တို့သည် သမ္မာတရားကို နာခံခြင်းဖြင့် မိမိကိုယ်မိမိ သန့်ရှင်းစင်ကြယ်စေပြီဖြစ်၍ သင်တို့၏ညီအစ်ကိုမောင်နှမများကို စိတ်ရင်းအမှန်ဖြင့် ချစ်နိုင်ကြ၏။ ဖြူစင်သောစိတ်နှလုံးဖြင့် အချင်းချင်းအကြွင်းမဲ့ချစ်ကြလော့။
အဘယ်ကြောင့်ဆိုသော် သင်တို့သည် ကိုယ်တော်ကို ယုံကြည်၍ ရရှိသောအကျိုးဖြစ်သည့် စိတ်ဝိညာဉ်ကယ်တင်ခြင်းကို ရရှိကြသောကြောင့်ဖြစ်၏။
ထို့ကြောင့် အမျိုးမျိုးသော မလိုမုန်းထားဖြစ်ခြင်းမှစ၍ ရှိသမျှသောလှည့်စားခြင်း၊ သူတော်ကောင်းယောင်ဆောင်ခြင်း၊ မနာလိုခြင်း၊ အသရေဖျက်ခြင်းအားလုံးတို့ကို ဖယ်ရှားကြလော့။
ချစ်ရသောသူတို့… သင်တို့သည် ခေတ္တတည်းခိုသူဧည့်သည်များဖြစ်သည့်အားလျော်စွာ သင်တို့၏စိတ်ဝိညာဉ်အား ဆန့်ကျင်တိုက်ခိုက်နေသော လူ့ဗီဇစိတ်အလိုကို မလိုက်ရန် ကျွန်ုပ်တိုက်တွန်း၏။