ထိုအခါ လူထုပရိသတ်တို့သည် အံ့သြ၍ “ယေရှုသည် ခရစ်တော်ဟူသော ဒါဝိဒ်မင်း၏သားတော် ဖြစ်နိုင်မည်လော” ဟု ဆိုကြ၏။
မဿဲ 9:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအဖြစ်အပျက်ကို မြင်သော် လူထုပရိသတ်တို့သည် အလွန်ကြောက်ရွံ့ကြ၏။ ထိုကဲ့သို့သောအခွင့်အာဏာကို လူတို့အား ပေးတော်မူသည့် ဘုရားသခင်၏ ဂုဏ်တော်ကိုလည်း ချီးမွမ်းကြ၏။ Common Language Bible ဤအခြင်းအရာကိုတွေ့မြင်ကြသောလူပရိ သတ်တို့သည်ကြောက်ရွံ့ကြလျက်လူတို့အား ဤသို့သောတန်ခိုးကိုပေးတော်မူသောဘုရား သခင်၏ဘုန်းအသရေတော်ကိုချီးကူးကြ၏။ Judson Bible လူအစုအဝေးတို့သည် မြင်လျှင် အံ့ဩခြင်းရှိ၍၊ လူတို့အား ဤသို့သောအခွင့်ကို အပ်ပေးတော်မူသော ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ဤအခြင်းအရာကိုတွေ့မြင်သော လူထုပရိသတ်တို့သည် ကြောက်ရွံ့လျက် လူတို့အား ဤသို့သောအခွင့်အာဏာကို ပေးတော်မူသော ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကြ၏။ မြန်မာ လူအစုအဝေးတို့သည် မြင်လျှင် အံ့ဩခြင်းရှိ၍၊ လူတို့အား ဤသို့သောအခွင့်ကို အပ်ပေးတော်မူသော ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းကြ၏။- |
ထိုအခါ လူထုပရိသတ်တို့သည် အံ့သြ၍ “ယေရှုသည် ခရစ်တော်ဟူသော ဒါဝိဒ်မင်း၏သားတော် ဖြစ်နိုင်မည်လော” ဟု ဆိုကြ၏။
လူထုကြီးသည် ဆွံ့အသူများ စကားပြောကြသည်ကိုလည်းကောင်း၊ မသန်စွမ်းသူများ ပကတိအတိုင်းဖြစ်လာကြသည်ကိုလည်းကောင်း၊ ခြေမသန်သူများ လမ်းလျှောက်နိုင်သွားကြသည်ကိုလည်းကောင်း၊ မျက်မမြင်များ မြင်ကြရသည်ကိုလည်းကောင်း မြင်တွေ့သောအခါ အံ့အားသင့်၍ အစ္စရေးလူမျိုး၏ဘုရားသခင်ကို ချီးမွမ်းကြ၏။
ထိုအခါ ယေရှုသည် တပည့်တော်တို့ထံ ချဉ်းကပ်တော်မူ၍ “ငါ့ခမည်းတော်သည် ကောင်းကင်နှင့် မြေကြီးပေါ်၌ ရှိသမျှသော အခွင့်အာဏာအားလုံးကို ငါ့ထံ အပ်နှင်းတော်မူပြီ။
ထိုနည်းတူပင် ကောင်းမှုများပြုခြင်းဖြင့် သင်တို့၏ အလင်းကို သူတစ်ပါးရှေ့၌ ထွန်းလင်းစေကြလော့။ လူတို့သည် သင်တို့၏ ကောင်းသောအကျင့်ကို မြင်၍ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဖ၏ဘုန်းတော်ကို ချီးမွမ်းကြလိမ့်မည်။
ထိုသူသည် ချက်ချင်း ထ၍ ထမ်းစင်ကို ယူကာ လူထုကြားမှ ထွက်သွားလေ၏။ လူတို့သည် အံ့အားသင့်လျက် “ဤသို့သောအဖြစ်အပျက်မျိုးကို မည်သည့်အခါမျှ မမြင်ဖူးပါ” ဟု ပြောဆိုကာ ဘုရားသခင်ကို ချီးမွမ်းကြ၏။
ထိုသူတို့သည် အလွန်အမင်း အံ့အားသင့်လျက် “ထိုအရှင်ပြုသမျှသည် အံ့ဖွယ်ဖြစ်၏။ နားမကြားသူကို ကြားစေ၍ ဆွံ့အသူကို စကားပြောစေတော်မူပြီ” ဟု ဆိုကြ၏။
ထိုအမျိုးသမီးအပေါ်၌ လက်တော်ကိုတင်တော်မူ၏။ ထိုအခါ အမျိုးသမီးသည် ချက်ချင်းပင် တည့်မတ်စွာရပ်နိုင်သဖြင့် ဘုရားသခင်အား ချီးမွမ်းလေ၏။
ထိုသူတို့အထဲမှ တစ်ယောက်သောသူသည် ရောဂါပျောက်ကင်းကြောင်း သိမြင်သောအခါ ယေရှုထံ ပြန်လာ၍ ဘုရားသခင်၏ဘုန်းတန်ခိုးတော်ကို အော်ဟစ်ချီးမွမ်းလေ၏။
လူမျိုးခြားဖြစ်သော ဤလူတစ်ဦးမှအပ ဘုရားသခင်၏ဘုန်းတန်ခိုးတော်ကို ချီးမွမ်းရန် ပြန်လာသောသူ တစ်ယောက်မျှ မရှိကြသလော” ဟု မေးတော်မူပြီးမှ
ထိုသူသည် ချက်ချင်း မျက်စိပြန်မြင်သဖြင့် ဘုရားသခင်ကို ချီးမွမ်းလျက် ယေရှုနောက်တော်သို့ လိုက်လေ၏။ ထိုအဖြစ်အပျက်ကို တွေ့မြင်သောလူအားလုံးတို့သည်လည်း ဘုရားသခင်ကို ချီးမွမ်းကြ၏။
သိုးထိန်းတို့သည် ကောင်းကင်တမန်များဖော်ပြသည့်အတိုင်း မြင်ရကြားရသဖြင့် ထိုအကြောင်းအရာ အားလုံးအတွက် ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းလျက် ပြန်သွားကြ၏။
ဤအဖြစ်အပျက်ကို ရောမတပ်မှူးသည် မြင်တွေ့သောအခါ “ဤသူသည် အမှန်ပင်ဖြောင့်မတ်သောသူ ဖြစ်သည်” ဟု ဆိုကာ ဘုရားသခင်ကိုချီးမွမ်းလေ၏။
လူအပေါင်းတို့သည်လည်း အံ့သြထိတ်လန့်၍ “ငါတို့အထဲတွင် ထူဆန်းသောပရောဖက်တစ်ပါး ပေါ်ထွန်းလေပြီ။ ဘုရားသခင်သည် မိမိလူမျိုးအား အကူအညီပေးတော်မူရန် ကြွလာတော်မူပြီ” ဟူ၍ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းကြ၏။
သင်တို့သည် အသီးများစွာ သီးလျက် ငါ့တပည့်များဖြစ်ခြင်းအားဖြင့် ငါ့ခမည်းတော်၏ ဘုန်းတော်ကို ထင်ရှားစေတော်မူ၏။
ဤအကြောင်းအရာများကို ထိုသူတို့ကြားရသောအခါ ငြိမ်သက်သွားကြပြီး “ဤသို့ဆိုလျှင် ဘုရားသခင်သည် လူမျိုးခြားတို့အား ထာဝရအသက်ရှင်စေရန်နောင်တရခြင်းအခွင့်ကို ပေးသနားတော်မူပြီ” ဟု ဆို၍ ဘုရားသခင်ကို ချီးမွမ်းကြ၏။
ဤအကြောင်းကို ကြားသောအခါ သူတို့သည် ဘုရားသခင်အားချီးမွမ်းကြ၏။ ထို့နောက် ပေါလုအား “ချစ်ရသောညီ… ထောင်ပေါင်းများစွာသောဂျူးတို့သည် ယုံကြည်လာကြ၍ သူတို့အားလုံးသည် မောရှေ၏ပညတ်ကျမ်းကို လေးလေးနက်နက်လိုက်နာသောသူများ ဖြစ်ကြသည်ကို သင်သိမြင်၏။
တရားလွှတ်တော်အဖွဲ့ဝင်တို့သည်လည်း တမန်တော်တို့ကို ထပ်မံခြိမ်းခြောက်သတိပေး၍ လွှတ်လိုက်ကြ၏။ လူအပေါင်းတို့သည် ဖြစ်ပျက်ခဲ့သောအရာအတွက် ဘုရားသခင်ကို ချီးမွမ်းကြသောကြောင့် တရားလွှတ်တော်အဖွဲ့ဝင်တို့သည် တမန်တော်တို့အား ပြစ်ဒဏ်ပေးရန် နည်းလမ်းရှာမတွေ့ကြပေ။
သင်တို့၏ လှူဒါန်းခြင်းအမှုကြောင့် လက်ခံရရှိသောသူတို့သည် ဘုရားသခင်ကို ချီးမွမ်းကြလိမ့်မည်။ သူတို့မှစ၍ ယုံကြည်သူအပေါင်းတို့အား ရက်ရောစွာ လှူဒါန်းခြင်းသည် ခရစ်တော်၏ သတင်းကောင်းကို သင်တို့နာခံကြောင်း သက်သေပြလိမ့်မည်။
ဘုရားသခင်ကို မကိုးကွယ်သောသူများအလယ်တွင် ကောင်းမွန်စွာပြုမူနေထိုင်ကြလော့။ သို့ပြုလျှင် ထိုသူတို့သည် သင်တို့ကို မကောင်းမှုပြုသူများဟု အသရေဖျက်ကြသော်လည်း သင်တို့၏ ကောင်းသောအကျင့်ကို ထောက်၍ ဘုရားသခင် ကြည့်ရှုစီရင်တော်မူသောနေ့၌ ကိုယ်တော်၏ဘုန်းတော်ကို ချီးမွမ်းကြလိမ့်မည်။