ယောနသည် ငါးကြီး၏ ဝမ်းတွင်း၌ သုံးရက်နှင့် သုံးညတိုင် နေရသကဲ့သို့ လူသားသည် မြေကြီးထဲ၌ သုံးရက်နှင့် သုံးည နေရလိမ့်မည်။
မဿဲ 28:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအရှင်သည် ဤနေရာတွင် မရှိပါ။ မိန့်တော်မူခဲ့သည့်အတိုင်း သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူပြီ။ အလောင်းတော်ထားသည့် နေရာကို လာ၍ ကြည့်ကြလော့။ Common Language Bible ကိုယ်တော်သည်ယခင်ကမိန့်တော်မူသည့်အတိုင်း သေခြင်းမှရှင်ပြန်ထမြောက်တော်မူပြီ။ လျောင်း တော်မူသည့်နေရာကိုကြည့်ကြလော့။- Garrad Bible ကိုယ် တော် သည် ဤ တွင် မ ရှိ။ မိန့် တော် မူ ခဲ့ သည့် အ တိုင်း ရှင် ပြန် ထ မြောက် တော် မူ ပြီ။ စက် တော် မူ နေ သော နေ ရာ ကို လာ ကြည့် ကြ။ Judson Bible ဤအရပ်၌ မရှိ။ မိန့်တော်မူသည်အတိုင်း ထမြောက်တော်မူပြီ။ လာကြ၊ သခင်လျောင်းတော်မူရာအရပ်ကို ကြည့်ကြလော့။- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် ဤနေရာ၌မရှိ။ အကြောင်းမူကား မိန့်တော်မူခဲ့သည့်အတိုင်း ထမြောက်တော်မူပြီ။ ကိုယ်တော်လျောင်းတော်မူခဲ့သည့်နေရာကို လာကြည့်ကြလော့။ မြန်မာ ဤအရပ်၌ မရှိ။ မိန့်တော်မူသည်အတိုင်း ထမြောက်တော်မူပြီ။ လာကြ၊ သခင်လျောင်းတော်မူရာအရပ်ကို ကြည့်ကြလော့။- |
ယောနသည် ငါးကြီး၏ ဝမ်းတွင်း၌ သုံးရက်နှင့် သုံးညတိုင် နေရသကဲ့သို့ လူသားသည် မြေကြီးထဲ၌ သုံးရက်နှင့် သုံးည နေရလိမ့်မည်။
ထိုအချိန်မှစ၍ ယေရှုက မိမိသည် ဂျေရုဆလင်မြို့သို့ သွားရမည်။ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများလက်တွင် ဒုက္ခများစွာ ခံရမည်။ အသေသတ်ခြင်းကိုလည်း ခံရ၍ သုံးရက်မြောက်နေ့တွင် သေခြင်းမှထမြောက်တော်မူမည်ဟူသောအကြောင်းအရာများကို တပည့်တော်တို့အား စတင်ဖော်ပြတော်မူ၏။
သူတို့သည် လူသားကို သတ်ကြလိမ့်မည်။ သို့သော် သုံးရက်မြောက်သောနေ့တွင် သူသည် သေခြင်းမှ ထမြောက်လိမ့်မည်” ဟု တပည့်တော်တို့အား မိန့်တော်မူ၏။ ထိုအခါ တပည့်တော်တို့သည် အလွန်ဝမ်းနည်းကြ၏။
တောင်ပေါ်မှ ဆင်းလာကြစဉ် ယေရှုက “လူသားသည် သေခြင်းမှ မထမြောက်မီအထိ သင်တို့မြင်တွေ့ခဲ့ရသော ရူပါရုံကို မည်သူ့ကိုမျှ မပြောကြနှင့်” ဟု သူတို့အား မှာကြားတော်မူ၏။
လူသားကို လူမျိုးခြားတို့၏လက်သို့ အပ်နှံ၍ ပြက်ရယ်ပြုခြင်း၊ ရိုက်နှက်ခြင်း၊ လက်ဝါးကပ်တိုင်တွင် သတ်ခြင်း စသည်တို့ကိုပြုစေလိမ့်မည်။ သို့သော် သုံးရက်မြောက်သောနေ့တွင် သူသည် သေခြင်းမှ ထမြောက်လိမ့်မည်” ဟု မိန့်တော်မူ၏။
“အရှင်မင်းကြီး… ထိုလှည့်ဖြားသူအသက်ရှင်စဉ်အခါက ‘ငါသည် သုံးရက်ကြာပြီးနောက် သေခြင်းမှ ထမြောက်မည်’ ဟု ပြောဆိုခဲ့သည်ကို အကျွန်ုပ်တို့ မှတ်မိပါ၏။
သို့သော် ထိုသူက “မထိတ်လန့်ကြနှင့်။ လက်ဝါးကပ်တိုင်ပေါ်တွင် အသတ်ခံရသည့်နာဇရက်မြို့သားယေရှုကို ရှာနေကြသည် မဟုတ်လော။ ထိုအရှင်သည် ဤနေရာတွင် မရှိပါ။ သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူပြီ။ ကြည့်ကြလော့။ ဤနေရာသည် အလောင်းတော်ထားသည့် နေရာဖြစ်၏။
ထို့နောက် ယေရှုက လူသားသည် ပြင်းစွာသောဒုက္ခဝေဒနာကို ခံရမည်။ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများတို့၏ ငြင်းပယ်ခြင်းနှင့် အသေသတ်ခြင်းကိုလည်း ခံရမည်။ သုံးရက်မြောက်နေ့တွင် သေခြင်းမှထမြောက်တော်မူလိမ့်မည်ဟူသော အကြောင်းအရာများကို သွန်သင်တော်မူ၏။
ပေတရုကမူ ထ၍ သင်္ချိုင်းဂူသို့ပြေးလေ၏။ ရောက်လျှင် ငုံ့၍ကြည့်သော် ပိတ်ချောထည်များကိုသာ မြင်လေ၏။ ထို့နောက် ဖြစ်ပျက်ခဲ့သည့်အရာကို အံ့အားသင့်လျက် မိမိအိမ်သို့ပြန်လေ၏။
အလောင်းတော်ကို မတွေ့ဘဲပြန်လာကြ၏။ ယေရှုသည် အသက်ရှင်တော်မူကြောင်းပြောသည့် ကောင်းကင်တမန်များကိုလည်း ရူပါရုံတွင် မြင်တွေ့ကြကြောင်း ပြောပြသဖြင့် ငါတို့သည် အံ့အားသင့်ကြ၏။
ထို့နောက် ယေရှုက “မောရှေ၏ပညတ်ကျမ်း၊ ပရောဖက်ကျမ်းများနှင့် ဆာလံကျမ်းများတွင် ငါ့အကြောင်းနှင့် ပတ်သက်၍ ရေးသားထားသမျှသောအရာအားလုံးသည် ဖြစ်ပျက်လာရမည်ဟူ၍ သင်တို့နှင့်အတူရှိစဉ်က ငါပြောဆိုပြီ” ဟု မိန့်တော်မူ၏။
ငါသည် အသက်ကို ပြန်လည်ရယူရန် ကိုယ့်အသက်ကို စွန့်သောကြောင့် ခမည်းတော်သည် ငါ့ကို ချစ်တော်မူ၏။
ယေရှုက “ဤဗိမာန်တော်ကို ဖြိုဖျက်လော့။ သုံးရက်အတွင်း ငါပြန်လည်တည်ဆောက်မည်” ဟု မိန့်တော်မူ၏။
သို့သော်လည်း ဘုရားသခင်သည် ထိုအရှင်ကို သေခြင်းမှရှင်ပြန်ထမြောက်စေတော်မူ၍ သေခြင်းနှင့်ဆိုင်သောဝေဒနာမှ ကင်းလွတ်စေတော်မူ၏။ အဘယ်ကြောင့်ဆိုသော် သေခြင်းတန်ခိုးသည် ထိုအရှင်ကို အစဉ်ချုပ်နှောင်ထားရန် မဖြစ်နိုင်သောကြောင့်ပင်။