ထို့နောက် ယေရှုက “တစ်စုံတစ်ဦးသည် ငါ့တပည့် ဖြစ်လိုပါက မိမိအတ္တကိုစွန့်၍ မိမိလက်ဝါးကပ်တိုင်ကို ထမ်းကာ ငါ့နောက်သို့ လိုက်ရမည်။
မဿဲ 27:32 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့ထွက်သွားကြစဉ် လမ်းတွင် ရှိမုန်ဟု ခေါ်သော ကုရေနေမြို့သားတစ်ဦးကို တွေ့သဖြင့် သူ့အား ယေရှု၏ လက်ဝါးကပ်တိုင်ကို အတင်းအကျပ်ထမ်းစေကြ၏။ Common Language Bible သူတို့သည်ထွက်လာကြစဉ်ရှိမုန်နာမည်ရှိသူ ကုရေနေပြည်သားတစ်ယောက်ကိုတွေ့သဖြင့် ထိုသူအားအတင်းအကြပ်ခေါ်၍ကိုယ်တော်၏ လက်ဝါးကပ်တိုင်ကိုထမ်းစေကြ၏။- Garrad Bible ထို သို့ ထုတ် သွား ကြ စဉ်၊ ရှိ မုန် အ မည် ရှိ သော ကု ရေ နေ ပြည် သား တစ် ယောက် ကို တွေ့၍ အ နိုင့် ထက် ကား တိုင် ထမ်း ခိုင်း လျက် Judson Bible သွားကြစဉ်တွင် ရှိမုန်အမည်ရှိသော ကုရေနေ ပြည်သားတစ်ယောက်ကို တွေ့လျှင်၊ အနိုင်ပြု၍ လက်ဝါးကပ်တိုင်တော်ကို ထမ်းစေကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သူတို့ထွက်သွားကြစဉ် ရှိမုန်အမည်ရှိသော ကုရေနေမြို့သားတစ်ဦးကိုတွေ့သဖြင့် ကိုယ်တော်၏လက်ဝါးကပ်တိုင်ကို သူ့အား အတင်းအကျပ်ထမ်းစေကြ၏။ မြန်မာ သွားကြစဉ်တွင် ရှိမုန်အမည်ရှိသော ကုရေနေ ပြည်သားတစ်ယောက်ကို တွေ့လျှင်၊ အနိုင်ပြု၍ လက်ဝါးကပ်တိုင်တော်ကို ထမ်းစေကြ၏။- |
ထို့နောက် ယေရှုက “တစ်စုံတစ်ဦးသည် ငါ့တပည့် ဖြစ်လိုပါက မိမိအတ္တကိုစွန့်၍ မိမိလက်ဝါးကပ်တိုင်ကို ထမ်းကာ ငါ့နောက်သို့ လိုက်ရမည်။
တစ်စုံတစ်ဦးသည် သင့်ကို အတင်းအကျပ်ပြု၍ ခရီးတစ်မိုင်သွားစေလျှင် ထိုသူနှင့်အတူ ခရီးနှစ်မိုင်သွားလော့။
ထိုအချိန်၌ စစ်သားများသည် တောရွာမှ ပြန်လာသော ကုရေနေမြို့သား ရှိမုန်ကိုတွေ့သဖြင့် သူ့အား ယေရှု၏ လက်ဝါးကပ်တိုင်ကို အတင်းအကျပ်ထမ်းစေကြ၏။ ရှိမုန်သည် အလက်ဇန်းဒါးနှင့် ရုဖုတို့၏ ဖခင်ဖြစ်၏။
ယေရှုအား ခေါ်ဆောင်သွားစဉ် စစ်သားတို့သည် ကျေးလက်ဒေသမှလာသော ကုရေနေမြို့သား ရှိမုန်ကိုဖမ်းဆီး၍ လက်ဝါးကပ်တိုင်ကိုထမ်းစေပြီးလျှင် ယေရှု၏နောက်တော်မှလိုက်စေကြ၏။
ကိုယ်တော်သည် လက်ဝါးကပ်တိုင်ကို ကိုယ်တိုင်ထမ်း၍ ဦးခေါင်းခွံဟု ခေါ်ဆိုသောအရပ်သို့ ကြွတော်မူ၏။ ထိုအရပ်ကို ဟေဗြဲဘာသာဖြင့် “ဂေါလဂေါသ” ဟု ခေါ်ဆို၏။
သို့သော် ထိုသူတို့အထဲတွင် ဆိုက်ပရပ်ကျွန်းနှင့် ကုရေနေမြို့သားတချို့ပါရှိ၍ အန္တိအုတ်မြို့သို့သွားကြပြီးလျှင် ဂရိစကားပြောသောလူတို့အား သခင်ယေရှုအကြောင်းကို ဟောပြောကြလေ၏။
ဆီးရီးယားပြည် အန္တိအုတ်မြို့ရှိ အသင်းတော်တွင် ပရောဖက်များနှင့် ဆရာများ ရှိကြ၏။ ထိုသူတို့မှာ ဗာနဗ၊ လူမည်းဟု ခေါ်သောရှိမောင်၊ ကုရေနေမြို့သား လုကိ၊ နယ်စားဟေရုဒ်၏ငယ်ပေါင်း မာနင်နှင့် ရှောလုတို့ဖြစ်ကြ၏။
ဖြူဂိပြည်နှင့် ပံဖုလိပြည်၊ အီဂျစ်ပြည်နှင့် ကုရေနေမြို့ပိုင်သော လိဗုပြည်၏နယ်မြေဒေသများမှ လာကြသူများ၊ ရောမမြို့မှ ခရီးသွားများ၊ ဂျူးလူမျိုးနှင့် ဂျူးဘာသာဝင်ဖြစ်လာသူများ၊
ထို့နောက် “လိဗေရတိန်” ဟု ခေါ်သော ဂျူးဝတ်ပြုဆောင်မှ လူတချို့သည် သတေဖန်နှင့်ငြင်းခုံပြောဆိုကြ၏။ ထိုသူတို့မှာ ကုရေနေမြို့သားများ၊ အလက်ဇန်းဒါးမြို့သားများမှစ၍ ဆီလီဆီးယားပြည်နှင့် အာရှပြည်တို့မှ လာသောသူများဖြစ်ကြ၏။
ထို့နောက် သူ့အား မြို့ပြင်သို့ ထုတ်ကာ ကျောက်ခဲနှင့်ပေါက်ကြ၏။ သက်သေခံတို့သည် မိမိတို့၏ဝတ်ရုံများကို ချွတ်ပြီး ရှောလုဟု ခေါ်သော လူငယ်တစ်ဦး၏ခြေရင်း၌ ပုံထားကြ၏။