Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 7:58 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

58 ထို့နောက် သူ့​အား မြို့ပြင်​သို့ ထုတ်​ကာ ကျောက်ခဲ​နှင့်​ပေါက်ကြ၏။ သက်သေခံတို့​သည် မိမိတို့​၏​ဝတ်ရုံများ​ကို ချွတ်​ပြီး ရှောလု​ဟု ခေါ်သော လူငယ်​တစ်ဦး​၏​ခြေရင်း​၌ ပုံထားကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

58 သူ့​ကို​မြို့​ပြင်​သို့​ဆွဲ​ထုတ်​ပြီး​နောက်​ကျောက်​ခဲ နှင့်​ပေါက်​ကြ​၏။ အ​သိ​သက်​သေ​များ​သည်​မိ​မိ တို့​ဝတ်​လုံ​များ​ကို​ရှော​လု​နာ​မည်​ရှိ​သူ လူ​ငယ် လူ​ရွယ်​တစ်​ယောက်​အား​အပ်​ထား​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

58 မြို့ ပြင် သို့ ထုတ် ပြီး လျှင် ခဲ နှင့် ပစ် ခတ် ကြ သော် သက် သေ တို့ သည် ကိုယ့် အင်္ကျီ များ ကို ရှော လု အ မည် ရှိ သော ငယ် ရွယ် သူ၏ ခြေ ရင်း တွင် ချ ထား ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

58 မြို့​ပြင်​သို့​နှင်​ထုတ်​ပြီး​မှ ကျောက်​ခဲ​နှင့် ပစ်​ကြ၏။ သက်​သေ​ခံ​တို့​သည်​လည်း မိ​မိ​တို့​အ​ဝတ်​ကို ရှော​လု​အ​မည်​ရှိ​သော လု​လင်၏​ခြေ​ရင်း၌ ထား​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

58 သူ့​ကို မြို့​ပြင်​သို့​ဆွဲထုတ်​ပြီးလျှင် ခဲ​နှင့်​ပေါက်​ကြ​၏။ သက်သေ​တို့​သည် မိမိ​တို့​၏​အဝတ်​များ​ကို ရှောလု​ဟု​ခေါ်​သော လူငယ်​တစ်​ဦး​၏​ခြေ​ရင်း​၌ ချ​ထား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 7:58
17 ပူးပေါင်းရင်းမြစ်များ  

သူတို့​သည် ထ​၍ ကိုယ်တော်​ကို မြို့ပြင်​သို့ နှင်ထုတ်​ပြီး တောင်ပေါ်​မှ တွန်းချ​ရန် မြို့​တည်ရာ တောင်ကမ်းပါး​အစွန်း​အထိ ခေါ်ဆောင်သွားကြ၏။


အရှင်​၏​သက်သေခံ​ဖြစ်သော သတေဖန်​အသတ်ခံရ​စဉ်က အကျွန်ုပ်​သည်လည်း အနီး​တွင်​ရပ်​၍ အလိုတူ​အလိုပါ​ဖြစ်ကာ သူ့​ကို​သတ်သော​သူတို့​၏​အဝတ်များ​ကို စောင့်ကြည့်ခဲ့ပါ၏’ ဟု ပြန်လျှောက်၏။


လူတို့​သည် အော်ဟစ်​လျက် မိမိတို့​၏​ဝတ်ရုံများ​ကို ချွတ်​၍ လွှင့်ပစ်​ကာ မြေမှုန့်များ​ကို လေထဲ​၌ ကြဲဖြန့်ကြ၏။


ကျွန်ုပ်​သည် ခရစ်တော်​၏​တရားလမ်း​ကို လိုက်သော​သူတို့​အား အသေသတ်သည်​အထိ ညှဉ်းပန်းနှိပ်စက်​လျက် အမျိုးသား အမျိုးသမီးတို့​ကို ဖမ်းဆီး​၍ ထောင်​ထဲသို့ ပို့ခဲ့၏။


ထို့ကြောင့် ဂျေရုဆလင်မြို့​၌လည်း ထို​အတိုင်း​ပြုခဲ့ပါ၏။ အကျွန်ုပ်​သည် ယဇ်ပုရောဟိတ်မင်း​အကြီးအကဲတို့​ထံမှ​ရသော အခွင့်အာဏာ​ဖြင့် ယုံကြည်သူ​များစွာ​ကို ထောင်ချရုံ​သာမက သူတို့​သေဒဏ်​ချမှတ်ခံရ​သောအခါ​၌လည်း ထောက်ခံခဲ့ပါ၏။


ထိုအခါ “ဤ​သူ​သည် မောရှေ​နှင့်​ဘုရားသခင်​ကို စော်ကား​ပြောဆိုကြောင်း ကျွန်ုပ်တို့ ကြားပါပြီ” ဟူ၍ လိမ်လည်ပြောဆိုမည့်သူ​တချို့​ကို ခေါ်ဆောင်ခဲ့ကြ၏။


သူတို့​သည် မမှန်သော​သက်သေခံများ​ကို ခေါ်​၍ “ဤ​လူ​သည် သန့်ရှင်းသော​အရပ်​နှင့် ပညတ်ကျမ်း​အပေါ် ဆန့်ကျင်သည့်​စကား​ကို မရပ်မနား ပြောဆိုနေ၏။


သို့သော် ထို​သူတို့​သည် ကျယ်လောင်​စွာ အော်ဟစ်​၍ နားများ​ကို ပိတ်​လျက် သူ့​ထံသို့ အရှိန်အဟုန်​ဖြင့် တညီတညွတ်တည်း ပြေးသွားကြ၏။


သတေဖန်​ကို သတ်သည့်​အမှု​တွင် ရှောလု​သည်လည်း အလိုတူအလိုပါ​ဖြစ်ခဲ့၏။ ထို​နေ့​တွင် ဂျေရုဆလင်မြို့​ရှိ အသင်းတော်​အား ပြင်းထန်သော​ညှဉ်းပန်းနှိပ်စက်ခြင်းများ စတင်လာ​သဖြင့် တမန်တော်တို့​မှလွဲ၍ ယုံကြည်သူများ​သည် ယုဒပြည်​နှင့် ရှမာရိပြည်​တစ်လျှောက်​သို့ ကွဲလွင့်​ပျံ့နှံ့သွားကြလေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ