Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 15:21 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

21 ထို​အချိန်​၌ စစ်သားများ​သည် တောရွာ​မှ ပြန်လာသော ကုရေနေမြို့သား ရှိမုန်​ကို​တွေ့​သဖြင့် သူ့​အား ယေရှု​၏ လက်ဝါးကပ်တိုင်​ကို အတင်းအကျပ်​ထမ်းစေကြ၏။ ရှိမုန်​သည် အလက်ဇန်းဒါး​နှင့် ရုဖု​တို့​၏ ဖခင်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

21 ထို​အ​ချိန်​၌ (အာ​လေ​ဇန္ဒြု​နှင့်​ရု​ဖု​တို့​၏​အ​ဖ၊ ကု​ရေ​နေ​ပြည်​သား) ရှိ​မုန်​သည်​ကျေး​လက်​တော ရွာ​ဘက်​မှ​လာ​၏။ စစ်​သား​တို့​သည်​သူ့​ကို​အ​တင်း အ​ကြပ်​ခေါ်​၍ ကိုယ်​တော်​၏​လက်​ဝါး​ကပ်​တိုင်​ကို ထမ်း​စေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 ကျေး တော မှ လာ သော ခ ရီး သည် ကု ရေ နေ ပြည် သား အ လေ ဇ န္ဒြု နှင့် ရု ဖု တို့ အ ဖ ရှိ မုန် ကို အ နိုင့် အ ထက် ကား တိုင် ထမ်း ခိုင်း လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 အာ​လေ​ဇ​န္ဒြု​နှင့် ရု​ဖု၏​အ​ဘ ရှိ​မုန်​အ​မည်​ရှိ​သော ကု​ရေ​နေ​ပြည်​သား​တစ်​ယောက်​သည်၊ တော​ရွာ​မှ လာ၍ လမ်း၌​သွား​သည်​ကို သူ​တို့​သည်​တွေ့​လျှင်၊ အ​နိုင်​ပြု၍ လက်​ဝါး​ကပ်​တိုင်​တော်​ကို ထမ်း​စေ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 ထိုစဉ် အလက်ဇန္ဒြား​နှင့်​ရုဖု​တို့​၏​ဖခင်​ဖြစ်​သည့် ကုရေနေ​မြို့သား​ရှိမုန်​သည် တောရွာ​မှ​လာ​၍ လမ်း​၌​ဖြတ်သွား​သည်​ကို သူ​တို့​တွေ့​သဖြင့် ကိုယ်တော်​၏​လက်ဝါးကပ်တိုင်​ကို သူ့​အား အတင်းအကျပ်​ထမ်း​စေ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

21 အာ​လေ​ဇ​န္ဒြု​နှင့် ရု​ဖု၏​အ​ဘ ရှိ​မုန်​အ​မည်​ရှိ​သော ကု​ရေ​နေ​ပြည်​သား​တစ်​ယောက်​သည်၊ တော​ရွာ​မှ လာ၍ လမ်း၌​သွား​သည်​ကို သူ​တို့​သည်​တွေ့​လျှင်၊ အ​နိုင်​ပြု၍ လက်​ဝါး​ကပ်​တိုင်​တော်​ကို ထမ်း​စေ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 15:21
12 ပူးပေါင်းရင်းမြစ်များ  

သူတို့​ထွက်သွားကြ​စဉ် လမ်း​တွင် ရှိမုန်​ဟု ခေါ်သော ကုရေနေမြို့သား​တစ်ဦး​ကို တွေ့​သဖြင့် သူ့​အား ယေရှု​၏ လက်ဝါးကပ်တိုင်​ကို အတင်းအကျပ်​ထမ်းစေကြ၏။


တစ်စုံတစ်ဦး​သည် သင့်​ကို အတင်းအကျပ်ပြု​၍ ခရီး​တစ်မိုင်​သွားစေ​လျှင် ထို​သူ​နှင့်အတူ ခရီး​နှစ်မိုင်​သွားလော့။


ထိုသို့ ပြက်ရယ်ပြုကြ​ပြီးနောက် ခရမ်းရောင်​ဝတ်ရုံ​ကို ချွတ်​၍ အဝတ်တော်​ကို ပြန်ဝတ်ပေးကြ၏။ ထို့နောက် လက်ဝါးကပ်တိုင်​ပေါ်တွင် သတ်​ရန် ခေါ်ဆောင်သွားကြ၏။


မိမိ​လက်ဝါးကပ်တိုင်​ကို ထမ်း​၍ ငါ့​နောက်သို့ မလိုက်သောသူ​သည်လည်း ငါ့​တပည့်​မဖြစ်နိုင်ပါ။


ယေရှု​အား ခေါ်ဆောင်သွား​စဉ် စစ်သားတို့​သည် ကျေးလက်ဒေသ​မှ​လာသော ကုရေနေမြို့သား ရှိမုန်​ကို​ဖမ်းဆီး​၍ လက်ဝါးကပ်တိုင်​ကို​ထမ်းစေ​ပြီးလျှင် ယေရှု​၏​နောက်တော်​မှ​လိုက်စေကြ၏။


ကိုယ်တော်​သည် လက်ဝါးကပ်တိုင်​ကို ကိုယ်တိုင်​ထမ်း​၍ ဦးခေါင်းခွံ​ဟု ခေါ်ဆိုသော​အရပ်​သို့ ကြွတော်မူ၏။ ထို​အရပ်​ကို ဟေဗြဲဘာသာ​ဖြင့် “ဂေါလဂေါသ” ဟု ခေါ်ဆို၏။


သို့သော် ထို​သူတို့​အထဲ​တွင် ဆိုက်ပရပ်ကျွန်း​နှင့် ကုရေနေမြို့သား​တချို့​ပါရှိ​၍ အန္တိအုတ်မြို့​သို့​သွားကြ​ပြီးလျှင် ဂရိစကား​ပြောသော​လူတို့​အား သခင်​ယေရှု​အကြောင်း​ကို ဟောပြောကြလေ၏။


ဆီးရီးယားပြည် အန္တိအုတ်မြို့​ရှိ အသင်းတော်​တွင် ပရောဖက်များ​နှင့် ဆရာများ ရှိကြ၏။ ထို​သူတို့​မှာ ဗာနဗ၊ လူမည်း​ဟု ခေါ်သော​ရှိမောင်၊ ကုရေနေမြို့သား လုကိ၊ နယ်စား​ဟေရုဒ်​၏​ငယ်ပေါင်း မာနင်​နှင့် ရှောလု​တို့​ဖြစ်ကြ၏။


ဖြူဂိပြည်​နှင့် ပံဖုလိပြည်၊ အီဂျစ်ပြည်​နှင့် ကုရေနေမြို့​ပိုင်သော လိဗုပြည်​၏​နယ်မြေဒေသများ​မှ လာကြသူများ၊ ရောမမြို့​မှ ခရီးသွားများ၊ ဂျူးလူမျိုး​နှင့် ဂျူးဘာသာဝင်​ဖြစ်လာသူများ၊


ထို့နောက် “လိဗေရတိန်” ဟု ခေါ်သော ဂျူးဝတ်ပြုဆောင်​မှ လူ​တချို့​သည် သတေဖန်​နှင့်​ငြင်းခုံပြောဆိုကြ၏။ ထို​သူတို့​မှာ ကုရေနေမြို့သားများ၊ အလက်ဇန်းဒါးမြို့သားများ​မှစ၍ ဆီလီဆီးယားပြည်​နှင့် အာရှပြည်​တို့​မှ လာသော​သူများ​ဖြစ်ကြ၏။


သခင်ဘုရား​၏ အမှုတော်​အတွက် သခင်ဘုရား​ကိုယ်တိုင် ရွေးကောက်တော်မူသော ရုဖု​နှင့် ကျွန်ုပ်​အတွက် မိခင်​သဖွယ်​ဖြစ်သောသူ​၏​မိခင်​ကို နှုတ်ဆက်ပေးကြလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ