ထိုအချိန်တွင် ပေတရုသည် ရုံးတော်ဝင်းအတွင်း၌ ထိုင်နေစဉ် အစေခံအမျိုးသမီးတစ်ဦးသည် အနားသို့ လာ၍ “သင်သည်လည်း ယေရှုနှင့် အတူရှိခဲ့သောဂါလိလဲပြည်သားဖြစ်သည်” ဟု ဆို၏။
မဿဲ 26:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအချိန်၌ပင် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် အကြီးအကဲများသည် ကယာဖဟု အမည်ရှိသော ယဇ်ပရောဟိတ်မင်း၏ အိမ်၌ စုဝေးလျက် Common Language Bible ထိုအချိန်၌ပင်ယဇ်ပုရောဟိတ်ကြီးများနှင့် ဘာသာရေးခေါင်းဆောင်များသည်ကယာဖ နာမည်ရှိသောယဇ်ပုရောဟိတ်မင်း၏ကျောင်း တော်ဝင်းအတွင်းတွင်စုရုံးလျက်နေကြ၏။- Garrad Bible ထို အ ခါ ပ ရော ဟိတ် ကြီး တို့ နှင့် လူ မျိုး တော် တွင် လူ ကြီး တို့ သည် ကာ ယ ဖ ဘွဲ့ ခံ ပ ရော ဟိတ် မင်း ၏ ကျောင်း တော် တံ တိုင်း အ တွင်း စု ဝေး ရာ၊ Judson Bible ထိုအခါ ယဇ်ပုရောဟိတ်အကြီး ကျမ်းပြုဆရာတို့နှင့် လူတို့တွင် အကြီးအကဲဖြစ်သောသူတို့သည်၊ ကယာဖအမည်ရှိသော ယဇ်ပုရောဟိတ်မင်း၏ အိမ်ဦး၌ စည်းဝေးကြပြီးလျှင်၊- မြန်မာ့စံမီသမ္မာကျမ်း ထိုအချိန်တွင် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် လူထုထဲမှသက်ကြီးဝါကြီးများသည် ကယာဖဟုခေါ်သော ယဇ်ပုရောဟိတ်မင်း၏ခြံဝင်းထဲ၌ စုဝေးလျက် မြန်မာ ထိုအခါ ယဇ်ပုရောဟိတ်အကြီး ကျမ်းပြုဆရာတို့နှင့် လူတို့တွင် အကြီးအကဲဖြစ်သောသူတို့သည်၊ ကယာဖအမည်ရှိသော ယဇ်ပုရောဟိတ်မင်း၏ အိမ်ဦး၌ စည်းဝေးကြပြီးလျှင်၊- |
ထိုအချိန်တွင် ပေတရုသည် ရုံးတော်ဝင်းအတွင်း၌ ထိုင်နေစဉ် အစေခံအမျိုးသမီးတစ်ဦးသည် အနားသို့ လာ၍ “သင်သည်လည်း ယေရှုနှင့် အတူရှိခဲ့သောဂါလိလဲပြည်သားဖြစ်သည်” ဟု ဆို၏။
စစ်သားတချို့သည် ယေရှုကို ရောမဘုရင်ခံပိလတ်မင်း၏ ရုံးတော်သို့ ခေါ်ဆောင်သွားကြ၏။ ထို့နောက် စစ်တပ်တစ်တပ်လုံးသည် ယေရှု၏ အနားသို့ စုရုံးလာကြ၏။
ထိုအချိန်တွင် ပေတရုသည် ယဇ်ပုရောဟိတ်မင်း၏ ရုံးတော်ဝင်းတိုင်အောင် မလှမ်းမကမ်းမှ လိုက်လေ၏။ သူသည် အတွင်းသို့ ဝင်၍ အစောင့်တပ်သားများနှင့်အတူ ထိုင်ကာ မီးလှုံလျက် နေ၏။
ထိုအချိန်တွင် ပေတရုသည် ရုံးတော်ဝင်းအတွင်း၌ ထိုင်နေစဉ် ယဇ်ပုရောဟိတ်မင်း၏ အစေခံအမျိုးသမီးတစ်ဦးသည် ရောက်လာ၏။
ထိုအခါ စစ်သားများသည် ယေရှုကို ပြဲတောရိဟု ခေါ်သော ရုံးတော်သို့ ခေါ်ဆောင်သွားကြ၏။ ထို့နောက် စစ်တပ်တစ်တပ်လုံးသည် ယေရှု၏ အနားသို့ စုရုံးလာကြ၏။
လူတချို့သည် ရုံးတော်ဝင်းအလယ်၌ မီးဖို၍ အတူတကွထိုင်နေကြ၏။ ပေတရုသည်လည်း သူတို့အကြားတွင် ထိုင်လေ၏။
အန္နနှင့် ကယာဖတို့သည်လည်း ယဇ်ပုရောဟိတ်မင်းဖြစ်နေသောအချိန်တွင် ဘုရားသခင်၏စကားတော်သည် တောကန္တာရတွင် နေထိုင်သောဇာခရိ၏သား ယောဟန်ထံသို့ ရောက်လာ၏။
ထိုအချိန်တွင် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် ဖာရိရှဲများက ယေရှုကို ဖမ်းဆီးနိုင်ရန်အတွက် မည်သူမဆို ယေရှုကို တွေ့လျှင် ချက်ချင်းလာရောက် သတင်းပေးရမည်ဟု အမိန့်ထုတ်ထားကြ၏။
ထို့နောက် အန္နတ်မင်းသည် ယေရှုကို ချည်နှောင်လျက် ယဇ်ပုရောဟိတ်မင်း ကယာဖထံသို့ ပို့လိုက်၏။
ထို့နောက် နံနက်စောစောအချိန်တွင် လူတို့သည် ယေရှုကို ကယာဖထံမှ ဘုရင်ခံပိလတ်မင်း၏ ရုံးတော်သို့ ခေါ်ဆောင်သွားကြ၏။ ထိုသူတို့သည် ပသခါပွဲတော်ညစာကို စားနိုင်ရန်အတွက် ညစ်ညူးခြင်းမှ ရှောင်လိုသဖြင့် ရုံးတော်ထဲသို့ မဝင်ဘဲနေကြ၏။