Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 14:54 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

54 ထို​အချိန်​တွင် ပေတရု​သည် ယဇ်ပုရောဟိတ်မင်း​၏ ရုံးတော်ဝင်း​တိုင်အောင် မလှမ်းမကမ်း​မှ လိုက်လေ၏။ သူ​သည် အတွင်း​သို့ ဝင်​၍ အစောင့်တပ်သားများ​နှင့်အတူ ထိုင်​ကာ မီးလှုံ​လျက် နေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

54 ပေ​တ​ရု​သည်​ခပ်​လှမ်း​လှမ်း​က​နေ​၍ ယဇ်​ပု​ရော ဟိတ်​မင်း​၏​ကျောင်း​တော်​ဝင်း​အ​တွင်း​သို့​တိုင် အောင် ကိုယ်​တော်​၏​နောက်​တော်​က​လိုက်​လာ​ခဲ့​၏။ သူ​သည်​ယဇ်​ပု​ရော​ဟိတ်​မင်း​၏​ကိုယ်​ရံ​တော် တပ်​သား​များ​နှင့်​အ​တူ မီး​လှုံ​လျက်​နေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

54 ပေ တ ရု သည် ပ ရော ဟိတ် မင်း၏ ကျောင်း တော့် တံ တိုင်း အ တွင်း တိုင် အောင် အ ဝေး က လိုက်၍ မင်း မှု ထမ်း တို့ နှင့် အ တူ မီး လှုံ လျက် ထိုင် နေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

54 ပေ​တ​ရု​သည်​လည်း ယဇ်​ပု​ရော​ဟိတ်​မင်း၏ အိမ်​ဦး​အ​တွင်း​သို့​တိုင်​အောင် ကိုယ်​တော်​နှင့် ဝေး​စွာ​လိုက်​ပြီး​လျှင်၊ မင်း​လု​လင်​တို့​နှင့်​အ​တူ ထိုင်၍​မီး​လှုံ​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

54 ပေတရု​သည်​လည်း ယဇ်ပုရောဟိတ်​မင်း​၏​ခြံဝင်း​အတွင်း​ထဲ​အထိ ကိုယ်တော့်​နောက်​သို့ မလှမ်းမကမ်း​မှ​လိုက်​သွား​ကာ အစောင့်​တပ်သား​များ​နှင့်အတူ​ထိုင်​လျက် မီး​လှုံ​နေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

54 ပေ​တ​ရု​သည်​လည်း ယဇ်​ပု​ရော​ဟိတ်​မင်း၏ အိမ်​ဦး​အ​တွင်း​သို့​တိုင်​အောင် ကိုယ်​တော်​နှင့် ဝေး​စွာ​လိုက်​ပြီး​လျှင်၊ မင်း​လု​လင်​တို့​နှင့်​အ​တူ ထိုင်၍​မီး​လှုံ​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 14:54
15 ပူးပေါင်းရင်းမြစ်များ  

ထိုအချိန်​၌ပင် ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​နှင့် အကြီးအကဲများ​သည် ကယာဖ​ဟု အမည်ရှိသော ယဇ်ပရောဟိတ်မင်း​၏ အိမ်​၌ စုဝေး​လျက်


ထို​အချိန်​တွင် ပေတရု​သည် ယဇ်ပုရောဟိတ်မင်း​၏ ရုံးတော်ဝင်း​တိုင်အောင် နောက်တော်​သို့ မလှမ်းမကမ်း​မှ​လိုက်လေ၏။ သူ​သည် အတွင်း​သို့ ဝင်​၍ ယေရှု​၏​အမှု​သည် အဆုံး​၌ မည်သို့​ဖြစ်မည်​ကို သိရှိ​နိုင်ရန် အစောင့်တပ်သားများ​နှင့်အတူ ထိုင်​လျက် စောင့်ကြည့်နေ၏။


ဖြားယောင်း​သွေးဆောင်ခြင်း​ထဲသို့ လိုက်ပါမသွား​စေရန် သတိ​နှင့် စောင့်နေ​လျက် ဆုတောင်းကြလော့။ စိတ်ဝိညာဉ်​သည် ဆန္ဒရှိ​သော်လည်း ကိုယ်ခန္ဓာ​မှာမူ အားနည်း၏” ဟု မိန့်တော်မူ၏။


ထို​အချိန်​တွင် ပေတရု​သည် ရုံးတော်ဝင်း​အတွင်း​၌ ထိုင်နေ​စဉ် ယဇ်ပုရောဟိတ်မင်း​၏ အစေခံ​အမျိုးသမီး​တစ်ဦး​သည် ရောက်လာ၏။


ယေရှု​သည် ပြင်းစွာသော ဝေဒနာ​ကို​ခံလျက် စိတ်အားပြင်းပြ​စွာ ဆုတောင်း​သဖြင့် ချွေးစက်တော်​သည် သွေးစက်​သဖွယ် မြေ​ပေါ်သို့​ကျလေ၏။


ထို​သူတို့​သည် ယေရှု​ကို​ဖမ်းဆီး​၍ ယဇ်ပုရောဟိတ်မင်း​၏​အိမ်​သို့ ခေါ်ဆောင်သွားကြ၏။ ပေတရု​သည် မလှမ်းမကမ်း​မှ​လိုက်လေ၏။


ထိုအချိန်​တွင် အစောင့်တပ်သားများ​နှင့် အိမ်​အစေခံများ​သည် ချမ်း​သဖြင့် မီးခဲဖို​ကာ ပတ်လည်​၌ ရပ်​လျက် မီးလှုံနေကြ၏။ ပေတရု​သည်လည်း ထို​သူတို့​နှင့်အတူ ရပ်​လျက် မီးလှုံနေ၏။


ထို​အချိန်​၌ ရှိမုန်​ပေတရု​သည် ရပ်​လျက် မီးလှုံ​နေစဉ် လူတို့​က “သင်​သည်လည်း သူ​၏ တပည့်များ​ထဲမှ တစ်ယောက်​မဟုတ်လော” ဟု မေးကြ၏။ ပေတရု​က “မဟုတ်ပါ” ဟု ငြင်းပြန်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ