သို့သော် ထိုအရာများသည် မည်သည့်နေ့ရက်၊ မည်သည့်အချိန်နာရီ၌ ဖြစ်ပျက်လာမည်ကို မည်သူမျှ မသိ။ ကောင်းကင်ဘုံရှိ ကောင်းကင်တမန်များလည်း မသိ။ သားတော်လည်း မသိ။ ခမည်းတော်တစ်ပါးတည်းသာလျှင် သိတော်မူ၏။
မဿဲ 24:42 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် သင်တို့သည်လည်း သင်တို့၏ သခင်ဘုရားသည် မည်သည့်နေ့၌ ကြွလာမည်ကို မသိကြသောကြောင့် သတိနှင့် စောင့်နေကြလော့။ Common Language Bible သို့ဖြစ်၍သတိနှင့်စောင့်နေကြလော့။ သင်တို့၏ အရှင်သည်အဘယ်အခါကြွလာတော်မူမည် ကိုသင်တို့မသိကြ။- Garrad Bible ထို ကြောင့် စောင့် နေ ကြ လော့။ အ ရှင် ကြွ လာ မည့် နေ့ ရက် ကို သင် တို့ မ သိ ကြ။ Judson Bible သင်တို့အရှင်သည် အဘယ်အချိန်နာရီ၌ ရောက်လာမည်ကို သင်တို့မသိသောကြောင့် စောင့်နေကြလော့။- မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ သတိနှင့်စောင့်နေကြလော့။ သင်တို့သခင်သည် မည်သည့်နေ့ရက်၌ကြွလာမည်ကို သင်တို့မသိကြ။ မြန်မာ သင်တို့အရှင်သည် အဘယ်အချိန်နာရီ၌ ရောက်လာမည်ကို သင်တို့မသိသောကြောင့် စောင့်နေကြလော့။- |
သို့သော် ထိုအရာများသည် မည်သည့်နေ့ရက်၊ မည်သည့်အချိန်နာရီ၌ ဖြစ်ပျက်လာမည်ကို မည်သူမျှ မသိ။ ကောင်းကင်ဘုံရှိ ကောင်းကင်တမန်များလည်း မသိ။ သားတော်လည်း မသိ။ ခမည်းတော်တစ်ပါးတည်းသာလျှင် သိတော်မူ၏။
အကယ်၍ အိမ်ရှင်သည် သူခိုးလာမည့်အချိန်ကို အတိအကျသိထားလျှင် သူသည် သတိနှင့်စောင့်နေလျက် မိမိအိမ်ကို ဖောက်ထွင်းခွင့်ပြုမည်မဟုတ်ကြောင်းကို သင်တို့သိကြ၏။
ထို့ကြောင့် လူသားသည် သင်တို့ မထင်မှတ်ထားသောအချိန်တွင် ကြွလာမည်ဖြစ်၍ သင်တို့သည်လည်း အဆင်သင့်ရှိနေကြလော့။
ပညာသတိမဲ့သော အပျိုရံတို့သည် ဆီဝယ်ရန် သွားနေကြစဉ် သတို့သားရောက်လာ၏။ အဆင်သင့်ရှိနေသော အပျိုရံတို့သည် သတို့သားနှင့်အတူ မင်္ဂလာဆောင်ပွဲသို့ ဝင်သွားပြီးနောက် တံခါးသည်လည်း ပိတ်လေ၏။
သို့ဖြစ်၍ သင်တို့သည်လည်း သတိနှင့် စောင့်နေကြလော့။ အဘယ်ကြောင့်ဆိုသော် ငါပြန်လာမည့် နေ့ရက်နှင့် အချိန်နာရီကို သင်တို့မသိသောကြောင့်ဖြစ်၏။
အပျော်အပါးလိုက်စား၍ သောက်စားမူးယစ်ခြင်း၊ လောကီဘဝအတွက် စိုးရိမ်ပူပန်ခြင်းတို့ဖြင့် စိတ်နှလုံး မလေးလံမထိုင်းမှိုင်းစေရန် သတိပြုကြလော့။ ထိုသို့မဟုတ်ပါက ထိုနေ့ရက်သည် ထောင်ချောက်ကဲ့သို့ သင်တို့အပေါ် ရုတ်တရက်ကျရောက်လာလိမ့်မည်။
ထို့ကြောင့် ကျရောက်လာမည့် ဘေးတို့မှ လွတ်မြောက်ရေးအတွက် အားအင်ရရှိရန်နှင့် လူသားရှေ့တော်မှောက်တွင် ရပ်နိုင်ရန် အချိန်တိုင်း ဆုတောင်း၍ သတိနှင့်နေကြလော့” ဟု မိန့်တော်မူ၏။
သင်တို့သည် ယခုလက်ရှိ အချိန်အခါကို နားလည်ကြ၏။ သင်တို့ အိပ်ပျော်ရာမှ နိုးထရမည့်အချိန် ရောက်ပြီ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့ ကယ်တင်ခံရမည့် အချိန်သည် ကျွန်ုပ်တို့ စတင်ယုံကြည်ခဲ့သည့် အချိန်ကထက် ပို၍ နီးကပ်လာသောကြောင့် ဖြစ်၏။
သတိဝီရိယရှိကြလော့။ ယုံကြည်ခြင်း၌ ခိုင်မြဲစွာ ရပ်တည်ကြလော့။ သတ္တိရှိကြလော့။ အားတင်းထားကြလော့။
ထို့ကြောင့် မယုံကြည်သူများ အိပ်ပျော်သကဲ့သို့ အိပ်ပျော်မနေဘဲ နိုးကြား၍ တည်ကြည်လျက် သတိနှင့် စောင့်ကြစို့။
အရာအားလုံး၏ နောက်ဆုံးချိန်သည် နီးကပ်လာသောကြောင့် ဆုတောင်းနိုင်ရန်အတွက် မိမိတို့စိတ်ကို ချုပ်တည်းလျက် သတိရှိကြလော့။
မိမိတို့စိတ်ကို ချုပ်တည်းလျက် သတိနှင့် စောင့်ကြလော့။ သင်တို့၏ ရန်သူဖြစ်သော မာရ်နတ်သည် ဟိန်းဟောက်သောခြင်္သေ့ကဲ့သို့ ဝါးမျိုရမည့်သူကို လှည့်လည်ရှာဖွေလျက်ရှိ၏။
“ကြည့်လော့။ သူခိုးကဲ့သို့ ငါလာမည်။ သို့ဖြစ်၍ အဝတ်မပါဘဲ သွားလာသဖြင့် အရှက်ကွဲခြင်းမျိုး မဖြစ်စေရန် မိမိ၏ အဝတ်ကို အသင့်ဝတ်ဆင်လျက် နိုးကြားနေသောသူသည် မင်္ဂလာရှိ၏။”