လူသားသည် ခမည်းတော်၏ ဘုန်းတော်ကိုဆောင်၍ ကောင်းကင်တမန်များ ခြံရံလျက် ကြွလာလိမ့်မည်။ လူအပေါင်းတို့အား သူတို့ပြုခဲ့သည့်အကျင့်အတိုင်း ဆပ်ပေးတော်မူလိမ့်မည်။
မဿဲ 24:27 - ခေတ်သစ်မြန်မာ သမ္မာကျမ်း လျှပ်စီးသည် ကောင်းကင်အရှေ့ဘက်မှ လက်၍ အနောက်ဘက်တိုင်အောင် ထွန်းလင်းသကဲ့သို့ လူသား ကြွလာသောအခါ၌လည်း ထိုကဲ့သို့ ဖြစ်လိမ့်မည်။ Common Language Bible လျှပ်စစ်ပြက်၍အရှေ့အရပ်မှအနောက်အရပ် တိုင်အောင်ကောင်းကင်တစ်ပြင်လုံးထွန်းလင်းစေ သကဲ့သို့လူသားကြွလာတော်မူလိမ့်မည်။'' Garrad Bible လျှပ် စစ် သည် အ ရှေ့ က ပြက် လျှင် အ နောက် တိုင် လင်း သည့် နည်း တူ လူ့ သား ကြွ လာ ခြင်း ဖြစ် လိမ့် မည်။ Judson Bible လျှပ်စစ်သည် အရှေ့မှပြက်၍ အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော်မူလတ္တံ့။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား လျှပ်စီးသည် အရှေ့အရပ်မှလက်ပြီး အနောက်အရပ်တိုင်အောင် ထွန်းလင်းသကဲ့သို့ လူ့သား၏ကြွလာခြင်းသည်လည်း ထိုနည်းတူဖြစ်လိမ့်မည်။ မြန်မာ လျှပ်စစ်သည် အရှေ့မှပြက်၍ အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော်မူလတ္တံ့။- |
လူသားသည် ခမည်းတော်၏ ဘုန်းတော်ကိုဆောင်၍ ကောင်းကင်တမန်များ ခြံရံလျက် ကြွလာလိမ့်မည်။ လူအပေါင်းတို့အား သူတို့ပြုခဲ့သည့်အကျင့်အတိုင်း ဆပ်ပေးတော်မူလိမ့်မည်။
ငါအမှန်ဆိုရလျှင် လူသားသည် ဘုရင်အဖြစ် အုပ်စိုးရန် ကြွလာသည်ကို ဤနေရာ၌ ရပ်နေသောသူတို့ထဲမှ တချို့သည် မမြင်ဘဲ သေရမည်မဟုတ်” ဟု မိန့်တော်မူ၏။
ထို့ကြောင့် တစ်စုံတစ်ဦးက သင်တို့ကို ‘ကြည့်လော့။ ခရစ်တော်သည် တောကန္တာရတွင် ရှိသည်’ ဟု ဆိုလျှင်လည်း သွားမကြည့်ကြနှင့်။ ‘ကြည့်လော့။ ဤနေရာ၌ ပုန်းနေသည်’ ဟု ဆိုလျှင်လည်း မယုံကြနှင့်။
ထို့နောက် ယေရှုသည် သံလွင်တောင်ပေါ်၌ ထိုင်တော်မူစဉ် တပည့်တော်တို့သည် အခြားသူများမပါဘဲ ယေရှုထံတော်သို့ ချဉ်းကပ်၍ “ထိုအရာများအားလုံးသည် မည်သည့်အချိန်၌ ဖြစ်ပျက်ပါမည်နည်း။ သခင် ကြွလာချိန်နှင့် ကမ္ဘာကုန်ဆုံးချိန်၌ မည်သည့်နိမိတ်များ ဖြစ်ပေါ်မည်နည်း။ အကျွန်ုပ်တို့အား မိန့်တော်မူပါ” ဟု လျှောက်ကြ၏။
ရေလွှမ်းမိုး၍ သေကျေပျက်စီးသည့်အချိန်တိုင်အောင် သူတို့သည် သတိကင်းမဲ့လျက် နေကြ၏။ လူသားကြွလာသောအခါ၌လည်း ထိုနည်းတူ ဖြစ်လိမ့်မည်။
ထို့ကြောင့် လူသားသည် သင်တို့ မထင်မှတ်ထားသောအချိန်တွင် ကြွလာမည်ဖြစ်၍ သင်တို့သည်လည်း အဆင်သင့်ရှိနေကြလော့။
သို့သော် ယေရှုက “မြေခွေးတို့၌ နေစရာ တွင်းရှိ၏။ ငှက်တို့၌ နားစရာအသိုက်ရှိ၏။ လူသား၌မူ ခေါင်းချစရာနေရာပင် မရှိ” ဟု မိန့်တော်မူ၏။
မကြာမီ သခင်ဘုရားကြွလာတော်မူမည် ဖြစ်သောကြောင့် သင်တို့သည်လည်း စိတ်ရှည်သည်းခံ၍ တည်ကြည်လျက် နေကြလော့။
ထိုသူတို့က “ယေရှုပြန်ကြွလာမည် ဟူသော ကတိတော်သည် အဘယ်မှာနည်း။ ကျွန်ုပ်တို့ ဘိုးဘေးများ ကွယ်လွန်ပြီးကတည်းက အရာအားလုံးသည် ကမ္ဘာဦးအစ ဖန်ဆင်းခဲ့သည့်အချိန်ကအတိုင်း ဆက်လက်ရှိနေဆဲပင် ဖြစ်၏” ဟူ၍ ပြောကြလိမ့်မည်။