လယ်မှာမူ ဤလောကဖြစ်၏။ ကောင်းသော မျိုးစေ့မှာ ဘုရားသခင်၏နိုင်ငံတော်သားများဖြစ်၏။ ပေါင်းပင်များမှာ မာရ်နတ်၏ သားသမီးများဖြစ်၏။
မဿဲ 22:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအစေအပါးတို့သည် လမ်းများသို့သွား၍ တွေ့သမျှလူဆိုး၊ လူကောင်းတို့ကို ခေါ်လာကြ၏။ ထိုအခါ မင်္ဂလာခန်းမသည်လည်း ဧည့်သည်များနှင့် ပြည့်လေ၏။ Common Language Bible မင်းစေတို့သည်လမ်းများသို့သွား၍တွေ့ရှိသမျှ သောလူဆိုးလူကောင်းတို့ကိုခေါ်ဆောင်ခဲ့ကြ၏။ သို့ဖြစ်၍မင်္ဂလာဆောင်ပွဲခန်းမသည်ဧည့်သည် များဖြင့်ပြည့်၍နေလေ၏။'' Garrad Bible လမ်း များ သို့ သွား၍ လူ ဆိုး လူ ကောင်း တွေ့ သ မျှ တို့ ကို စု ရုံး ခေါ် သွင်း သ ဖြင့် ပွဲ နေ ပွဲ ထိုင် အ ပြည့် ရှိ၏။ Judson Bible လုလင်တို့သည် လမ်းများသို့ထွက်သွား၍ ကောင်းမကောင်း တွေ့သမျှသော လူအပေါင်းတို့ကို စုဝေးစေ၍ ပွဲတော်၌ အပြည့်ရှိလေ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ အစေအပါးတို့သည် လမ်းများသို့သွား၍ လူဆိုးဖြစ်စေ၊ လူကောင်းဖြစ်စေ တွေ့သမျှသောသူတို့ကို စုဝေးစေကြသဖြင့် မင်္ဂလာဆောင်ပွဲသည် ဧည့်သည်များနှင့်ပြည့်သွားလေ၏။ မြန်မာ လုလင်တို့သည် လမ်းများသို့ထွက်သွား၍ ကောင်းမကောင်း တွေ့သမျှသော လူအပေါင်းတို့ကို စုဝေးစေ၍ ပွဲတော်၌ အပြည့်ရှိလေ၏။- |
လယ်မှာမူ ဤလောကဖြစ်၏။ ကောင်းသော မျိုးစေ့မှာ ဘုရားသခင်၏နိုင်ငံတော်သားများဖြစ်၏။ ပေါင်းပင်များမှာ မာရ်နတ်၏ သားသမီးများဖြစ်၏။
ထို့ကြောင့် လမ်းဆုံလမ်းခွများသို့ သွား၍ တွေ့သမျှသောသူတို့ကို မင်္ဂလာဧည့်ခံပွဲသို့ ဖိတ်ခေါ်ခဲ့ကြလော့’ ဟု အမိန့်ပေးလေ၏။
ပညာသတိမဲ့သော အပျိုရံတို့သည် ဆီဝယ်ရန် သွားနေကြစဉ် သတို့သားရောက်လာ၏။ အဆင်သင့်ရှိနေသော အပျိုရံတို့သည် သတို့သားနှင့်အတူ မင်္ဂလာဆောင်ပွဲသို့ ဝင်သွားပြီးနောက် တံခါးသည်လည်း ပိတ်လေ၏။
ထိုအခါ ယေရှုက “သတို့သား၏ မိတ်ဆွေအပေါင်းအသင်းများသည် ထိုသတို့သားနှင့်အတူရှိနေစဉ် ဝမ်းနည်းပူဆွေးတတ်ကြသလော။ သို့သော်လည်း သတို့သားကို သူတို့ထံမှ ခေါ်ယူသွားမည့်အချိန် ရောက်လာလိမ့်မည်။ ထိုအခါ သူတို့သည် အစာရှောင်ကြလိမ့်မည်။
နောက်တစ်ကြိမ် ကျွန်ုပ်ရောက်လာသောအခါ ဘုရားသခင်သည် သင်တို့ရှေ့၌ ကျွန်ုပ်ကို နှိမ့်ချတော်မူ၍ ယခင်က ကျူးလွန်ခဲ့သည့် စက်ဆုပ်ညစ်ညမ်းခြင်း၊ တရားနှင့်မညီသော မေထုန်ကိုပြုခြင်း၊ ကာမဂုဏ်လိုက်စားခြင်းတို့ကို ယခုတိုင်အောင် ကျူးလွန်လျက် နောင်တမရသေးသောသူများစွာအတွက်ကြောင့် ကျွန်ုပ်ဝမ်းနည်းရမည်ကိုလည်း စိုးရိမ်၏။
ထိုသူတို့သည် ကျွန်ုပ်တို့ထံမှ ထွက်သွားသော်လည်း ကျွန်ုပ်တို့နှင့် အမှန်တကယ် မသက်ဆိုင်ကြ။ ကျွန်ုပ်တို့နှင့်သက်ဆိုင်လျှင် ကျွန်ုပ်တို့နှင့်အတူ နေရစ်လိမ့်မည်။ သို့သော် ထိုသို့ထွက်သွားခြင်းဖြင့် သူတို့အားလုံးသည် ကျွန်ုပ်တို့နှင့် မသက်ဆိုင်ကြောင်း ပေါ်လွင်ထင်ရှားလျက်ရှိ၏။
သူတို့သည် သီချင်းသစ်တစ်ပုဒ်ကို သီဆိုကြ၏။ ထိုသီချင်းမှာ “ကိုယ်တော်သည် စာလိပ်ကိုယူ၍ တံဆိပ်ကိုခွာ၍ ဖွင့်ရန် ထိုက်တန်သောအရှင်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် အသေသတ်ခံရ၍ မျိုးနွယ်စုအသီးသီး၊ ဘာသာစကားအသီးသီးပြောသည့်သူများ၊ လူမျိုးအသီးသီးနှင့် တိုင်းနိုင်ငံအသီးသီးတို့ကို ကိုယ်တော်၏အသွေးတော်ဖြင့် ဘုရားသခင်အတွက် ရွေးနုတ်ကယ်တင်သောကြောင့်ဖြစ်၏။
ထို့နောက် ကျွန်ုပ်ကြည့်လိုက်ရာ မည်သူမျှမရေတွက်နိုင်သော လူအုပ်ကြီးရှိ၏။ သူတို့သည် တိုင်းနိုင်ငံအသီးသီး၊ မျိုးနွယ်စုအသီးသီး၊ လူမျိုးအသီးသီးနှင့် ဘာသာစကားအသီးသီးပြောသည့်သူများမှ ဖြစ်ကြ၏။ သူတို့သည် ဝတ်ရုံဖြူကို ဝတ်ဆင်လျက် လက်များ၌ စွန်ပလွံခက်များကိုကိုင်၍ ရာဇပလ္လင်တော်နှင့် သိုးသငယ်တော်ရှေ့၌ ရပ်နေကြ၏။