မဿဲ 22:10 - မြန်မာ့စံမီသမ္မာကျမ်း10 ထိုအခါ အစေအပါးတို့သည် လမ်းများသို့သွား၍ လူဆိုးဖြစ်စေ၊ လူကောင်းဖြစ်စေ တွေ့သမျှသောသူတို့ကို စုဝေးစေကြသဖြင့် မင်္ဂလာဆောင်ပွဲသည် ဧည့်သည်များနှင့်ပြည့်သွားလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible10 မင်းစေတို့သည်လမ်းများသို့သွား၍တွေ့ရှိသမျှ သောလူဆိုးလူကောင်းတို့ကိုခေါ်ဆောင်ခဲ့ကြ၏။ သို့ဖြစ်၍မင်္ဂလာဆောင်ပွဲခန်းမသည်ဧည့်သည် များဖြင့်ပြည့်၍နေလေ၏။'' အခန်းကိုကြည့်ပါ။Garrad Bible10 လမ်း များ သို့ သွား၍ လူ ဆိုး လူ ကောင်း တွေ့ သ မျှ တို့ ကို စု ရုံး ခေါ် သွင်း သ ဖြင့် ပွဲ နေ ပွဲ ထိုင် အ ပြည့် ရှိ၏။ အခန်းကိုကြည့်ပါ။Judson Bible10 လုလင်တို့သည် လမ်းများသို့ထွက်သွား၍ ကောင်းမကောင်း တွေ့သမျှသော လူအပေါင်းတို့ကို စုဝေးစေ၍ ပွဲတော်၌ အပြည့်ရှိလေ၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း10 ထိုအစေအပါးတို့သည် လမ်းများသို့သွား၍ တွေ့သမျှလူဆိုး၊ လူကောင်းတို့ကို ခေါ်လာကြ၏။ ထိုအခါ မင်္ဂလာခန်းမသည်လည်း ဧည့်သည်များနှင့် ပြည့်လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ10 လုလင်တို့သည် လမ်းများသို့ထွက်သွား၍ ကောင်းမကောင်း တွေ့သမျှသော လူအပေါင်းတို့ကို စုဝေးစေ၍ ပွဲတော်၌ အပြည့်ရှိလေ၏။- အခန်းကိုကြည့်ပါ။ |
နောက်တစ်ဖန် ငါလာသောအခါ ဘုရားသခင်သည် သင်တို့ရှေ့၌ ငါ့ကိုနှိမ့်ချတော်မူ၍ ယခင်က အပြစ်ကျူးလွန်ခဲ့လျက်ပင် မိမိတို့ပြုကျင့်ခဲ့သည့် ညစ်ညူးခြင်း၊ တရားနှင့်မညီမေထုန်ပြုခြင်းနှင့် ကာမဂုဏ်လိုက်စားခြင်းတို့ကို နောင်တမရသေးသောသူများစွာရှိသည့်အတွက် ငါဝမ်းနည်းကြေကွဲရမည်ကိုလည်း ငါစိုးရိမ်၏။
ထိုသူတို့သည် ငါတို့ထံမှ ထွက်သွားကြ၏။ သို့သော် သူတို့သည် ငါတို့နှင့်စပ်ဆိုင်သူမဟုတ်။ ငါတို့နှင့်စပ်ဆိုင်သူမှန်လျှင် ငါတို့နှင့်အတူနေခဲ့ကြပေလိမ့်မည်။ သို့ရာတွင် သူတို့ထွက်သွားကြသည်မှာ သူတို့အားလုံး ငါတို့နှင့်စပ်ဆိုင်သူမဟုတ်ကြောင်း ပေါ်လွင်ထင်ရှားစေရန်ဖြစ်၏။
ထို့နောက် သူတို့သည် သီချင်းအသစ်ကိုသီဆိုလျက် “ကိုယ်တော်သည် စာလိပ်ကိုယူ၍ ၎င်း၏တံဆိပ်များကိုဖွင့်ရန် ထိုက်တန်သောသူဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သည် အသေသတ်ခြင်းခံရ၍ ကိုယ်တော်၏သွေးတော်အားဖြင့် မျိုးနွယ်စု၊ ဘာသာစကား၊ လူမျိုးနှင့် တိုင်းနိုင်ငံအသီးသီးတို့ထဲမှ လူတို့ကို ဘုရားသခင်အတွက် ရွေးနုတ်ဝယ်ယူပြီး