ကောင်းကင်နိုင်ငံတော်၏ သဘောသဘာဝသည် ဤအဖြစ်အပျက်နှင့် တူ၏။ မြေရှင်တစ်ဦးသည် မိမိ၏စပျစ်ခြံအတွက် လုပ်သားများငှားရန် နံနက်စောစော ထွက်သွား၏။
မဿဲ 20:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူတို့က ‘ကျွန်ုပ်တို့အား ငှားမည့်သူမရှိသောကြောင့် ဖြစ်ပါသည်’ ဟု ဖြေကြ၏။ မြေရှင်က ထိုသူတို့အား ‘သင်တို့သည်လည်း ငါ့စပျစ်ခြံသို့သွား၍ အလုပ်လုပ်ကြ’ ဟု ဆို၏။ Common Language Bible ထိုသူတို့က `အကျွန်ုပ်တို့အားမည်သူမျှမငှား သောကြောင့်ဖြစ်ပါသည်' ဟုပြန်ပြောကြ၏။ ထို အခါဥယျာဉ်ရှင်က `သင်တို့လည်းစပျစ်ဥယျာဉ် သို့သွား၍အလုပ်လုပ်ကြ' ဟုဆို၏။'' Garrad Bible မည် သူ မျှ မ ငှား ပါ ဟု ပြန် ပြော ကြ လျှင် သင် တို့ လည်း ငါ့ စ ပျစ် ဥ ယျာဉ် သို့ သွား ကြ ဟု ဆို ၏။ Judson Bible ထိုသူတို့က၊ ကျွန်တော်တို့ကို အဘယ်သူမျှ မငှားပါဟု ပြောဆိုကြလျှင်၊ သင်တို့လည်း ငါ့စပျစ်ဥယျာဉ်သို့ သွားကြ။ တော်လျော်စွာ ရကြလိမ့်မည်ဟု ဆိုလေ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုသူတို့ကလည်း ‘မည်သူမျှ အကျွန်ုပ်တို့ကို မငှားသောကြောင့်ဖြစ်ပါသည်’ဟု ဖြေကြလျှင် ခြံပိုင်ရှင်က ‘သင်တို့သည်လည်း စပျစ်ခြံသို့သွားကြလော့’ဟု ဆိုလေ၏။ မြန်မာ ထိုသူတို့က၊ ကျွန်တော်တို့ကို အဘယ်သူမျှ မငှားပါဟု ပြောဆိုကြလျှင်၊ သင်တို့လည်း ငါ့စပျစ်ဥယျာဉ်သို့ သွားကြ။ တော်လျော်စွာ ရကြလိမ့်မည်ဟု ဆိုလေ၏။ |
ကောင်းကင်နိုင်ငံတော်၏ သဘောသဘာဝသည် ဤအဖြစ်အပျက်နှင့် တူ၏။ မြေရှင်တစ်ဦးသည် မိမိ၏စပျစ်ခြံအတွက် လုပ်သားများငှားရန် နံနက်စောစော ထွက်သွား၏။
ညနေငါးနာရီခန့်တွင် ထွက်ပြန်လျှင် လူတချို့သည် အလုပ်မရှိဘဲရပ်နေသည်ကို တွေ့မြင်သဖြင့် ‘သင်တို့သည် အဘယ်ကြောင့် တစ်နေ့လုံးအလုပ်မရှိဘဲ ဤနေရာတွင် ရပ်နေကြသနည်း’ ဟု မေး၏။
ညချမ်းအချိန်ရောက်သောအခါ စပျစ်ခြံပိုင်ရှင်သည် သူ၏စီမံခန့်ခွဲရေးမှူးအား ‘လုပ်သားများကို ခေါ်ကာ နောက်ဆုံးအလုပ်ဝင်သူမှစ၍ အဦးဆုံးအလုပ်ဝင်သူအထိ လုပ်အားခကိုပေးလော့’ ဟု ဆို၏။
ငါ့ကို စေလွှတ်တော်မူသောအရှင်၏ အမှုကိစ္စတို့ကို နေ့အချိန်၌ လုပ်ဆောင်ကြရမည်။ မည်သူမျှ မလုပ်ဆောင်နိုင်သောညအချိန် ရောက်လာလိမ့်မည်။
သူတို့က “ငါတို့သည် သူတို့ကို မည်သို့ပြုရမည်နည်း။ သူတို့သည် ဂျေရုဆလင်မြို့၌ နေသောသူတို့အား ထင်ရှားသောနိမိတ်လက္ခဏာကို ပြခဲ့ပြီးဖြစ်သည်ကို ငါတို့မငြင်းဆိုနိုင်ကြ။
ကျွန်ုပ်ဟောသော သတင်းကောင်း၌ဆိုထားသည့်အတိုင်း သင်တို့အား ခိုင်ခံ့မြဲမြံစေနိုင်တော်မူသော ဘုရားသခင်သည်သာ ဘုန်းကြီးတော်မူ၏။ ယေရှုခရစ်တော်အကြောင်းဖြစ်သော ဤသတင်းကောင်းက ကာလကြာမြင့်စွာ ကွယ်ဝှက်ထားသည့် ကိုယ်တော်၏ လျှို့ဝှက်နက်နဲသောအကြံအစည်တော်ကို လူမျိုးခြားဖြစ်သော သင်တို့အား ဖော်ပြပေး၏။
ကျွန်ဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ ကောင်းမှု ပြုသောသူတိုင်းသည် သခင်ဘုရားထံမှ အကျိုးခံစားရမည် ဖြစ်ကြောင်း သိမှတ်ကြလော့။
ထိုနှုတ်ကပတ်တရားတော်သည် ခေတ်အစဉ်အဆက် ဝှက်ထားတော်မူခဲ့သည့် လျှို့ဝှက်နက်နဲသောအရာ ဖြစ်သော်လည်း ယခုတွင်မူ ကိုယ်တော်သည် ယုံကြည်သူများကို ဖွင့်ပြတော်မူပြီ။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မဖြောင့်မတ်သောအရှင် မဟုတ်။ ဘုရားသခင်သည် သင်တို့ပြုသောအမှုကိုလည်းကောင်း၊ ယုံကြည်သူတို့ကို ယခင်က အစေခံသကဲ့သို့ ယခုဆက်လက် အစေခံရာတွင် ထားသောသင်တို့၏ ချစ်ခြင်းမေတ္တာကိုလည်းကောင်း အသိအမှတ်မပြုဘဲ နေတော်မူမည်မဟုတ်။