Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဧ​ဖက် 6:8 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

8 ကျွန်​ဖြစ်စေ၊ လွတ်လပ်သူ​ဖြစ်စေ ကောင်းမှု ပြုသောသူ​တိုင်း​သည် သခင်ဘုရား​ထံမှ အကျိုး​ခံစားရမည် ဖြစ်ကြောင်း သိမှတ်ကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 ကျွန်​ဖြစ်​စေ၊ လွတ်​လပ်​သူ​ဖြစ်​စေ၊ မည်​သူ​မ​ဆို မိ​မိ​ပြု​သည့်​ကောင်း​မှု​အ​တွက် သ​ခင်​ဘု​ရား ထံ​မှ​ဆု​လာဘ်​ကို​ရ​ရှိ​လိမ့်​မည်​ဟု​သိ​မှတ် ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​သူ မည်​သည်​ကား၊ ကျွန်​ဖြစ်​စေ၊ လူ​လွတ်​ဖြစ်​စေ၊ သ​ခင်​ဘု​ရား၏ လက်​တော်​မှ အ​ကျိုး​ကို​ခံ​ရ​လိမ့်​မည်​ဟု သိ​မှတ်​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 ကျွန်​ဖြစ်စေ၊ လွတ်လပ်​သူ​ဖြစ်စေ၊ ကောင်း​သော​အမှု​တစ်စုံတစ်ခု​ကို​ပြု​သော​သူ​တိုင်း​သည် သခင်​ဘုရား​ထံမှ အကျိုး​ခံစားရ​မည်​ဖြစ်​ကြောင်း သိမှတ်​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧ​ဖက် 6:8
20 ပူးပေါင်းရင်းမြစ်များ  

လူသား​သည် ခမည်းတော်​၏ ဘုန်းတော်​ကို​ဆောင်​၍ ကောင်းကင်တမန်များ ခြံရံ​လျက် ကြွလာ​လိမ့်မည်။ လူ​အပေါင်းတို့​အား သူတို့​ပြုခဲ့သည့်​အကျင့်​အတိုင်း ဆပ်ပေးတော်မူ​လိမ့်မည်။


ထို​သူတို့​က ‘ကျွန်ုပ်တို့​အား ငှားမည့်သူ​မရှိသောကြောင့် ဖြစ်ပါသည်’ ဟု ဖြေကြ၏။ မြေရှင်​က ထို​သူတို့​အား ‘သင်တို့​သည်လည်း ငါ့​စပျစ်ခြံ​သို့​သွား​၍ အလုပ်လုပ်ကြ’ ဟု ဆို၏။


ထို​အရာ​အတွက် ဝမ်းမြောက်​ပျော်ရွှင်ကြလော့။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံ​၌ သင်တို့​၏​ဆုလာဘ်​သည် ကြီးမားလှ၏။ ရှေး​ပရောဖက်များ​သည်လည်း ထိုနည်းတူ ညှဉ်းပန်းနှိပ်စက်ခြင်း ခံခဲ့ကြရ၏။


သင်တို့​၏ ကောင်းသော​အကျင့်​ကို လူ​မြင်သာ​အောင် အများ​ရှေ့​တွင် မကျင့်မိ​ရန် သတိပြုကြလော့။ လူ​မြင်သာ​အောင် ပြု​လျှင် ကောင်းကင်ဘုံ​၌​ရှိတော်မူသော သင်တို့​အဖ​ထံမှ ဆုလာဘ်​ကို ရရှိမည်​မဟုတ်။


ထိုသို့​ပြု​လျှင် အရာ​အားလုံး​ကို သိမြင်တော်မူသော သင်​၏​အဖ​သည် ဆုလာဘ်​ကို ပေးတော်မူ​လိမ့်မည်။


ထိုသို့ ကျေးဇူး​မတုံ့ပြန်နိုင် သူများ​ကို ဖိတ်ခေါ်သည့်​အတွက် သင်​သည် မင်္ဂလာရှိ​လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဖြောင့်မတ်သော​သူများ ထမြောက်မည့်​ကာလ​၌ ဘုရားသခင်​သည် သင့်​အား ကျေးဇူးတုံ့ပြန်​လိမ့်မည်” ဟု မိန့်တော်မူ၏။


သို့သော် သင်တို့​သည် ရန်သူများ​ကို ချစ်လော့။ သူတို့​အား​ကောင်းကျိုးပြုလော့။ တစ်စုံတစ်ရာ​ကို ပြန်လည်​ရရှိမည်​ဟု မမျှော်လင့်ဘဲ ချေးငှားလော့။ ထိုသို့​ပြု​လျှင် ကောင်းကင်ဘုံ​မှ ရရှိမည့် သင်တို့​၏​ဆုလာဘ်​သည် ကြီးမား​၍ သင်တို့​သည်လည်း အမြင့်မြတ်ဆုံးသော ဘုရားသခင်​၏​သားသမီးများ ဖြစ်ကြ​လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် ကျေးဇူးကန်းသော​သူများ​နှင့် ဆိုးသွမ်းသော​သူများ​ကို သနားကြင်နာတော်မူ​သောကြောင့်​ဖြစ်၏။


ထိုကဲ့သို့​ပင် ကျွန်ုပ်တို့​အားလုံး​သည် ဂျူးလူမျိုး​ဖြစ်စေ၊ ဂရိလူမျိုး​ဖြစ်စေ၊ ကျွန်​ဖြစ်စေ၊ လွတ်လပ်သူ​ဖြစ်စေ ဝိညာဉ်တော်​တစ်ပါးတည်း​အားဖြင့် ကိုယ်ခန္ဓာ​တစ်ခုတည်း​ထဲသို့ နှစ်ခြင်း​မင်္ဂလာ​ခံယူကြပြီး ကျွန်ုပ်တို့​အားလုံး​သည် ထို​ဝိညာဉ်တော်​တစ်ပါးတည်း​ကို သောက်သုံးကြ၏။


အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့​အားလုံး​သည် ကိုယ်ခန္ဓာ​၌ ရှိစဉ် ပြုကျင့်ခဲ့သည့် ကောင်းသော​အမှု​အတွက်​ဖြစ်စေ၊ မကောင်းသော​အမှု​အတွက်​ဖြစ်စေ ထိုက်သင့်ရာ​အကျိုး​အပြစ် အသီးသီး​ကို ခံစား​ရန် ခရစ်တော်​၏ တရားပလ္လင်​ရှေ့မှောက်​သို့ ရောက်ရှိလာကြ​ရမည်​ဖြစ်​သောကြောင့်​ဖြစ်၏။


ထိုသို့ ယေရှု​ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်ကြ​သောကြောင့် ဂျူးလူမျိုး​နှင့် ဂရိလူမျိုး၊ ကျွန်​နှင့် လွတ်လပ်သူ၊ ယောက်ျား​နှင့် မိန်းမ​ဟူ၍ ခွဲခြားခြင်း မရှိတော့ပေ။


သို့ဖြစ်၍ ဂျူးလူမျိုး​နှင့် ဂရိလူမျိုး၊ အရေပြားလှီးခြင်း​မင်္ဂလာ​ကို ခံယူသူ​နှင့် မခံယူသူ၊ လူမျိုးကွဲ၊ လူရိုင်း၊ ကျွန်​နှင့် လွတ်လပ်သူ​ဟူ၍ ခြားနားမှု​မရှိပေ။ ခရစ်တော်​သည်သာ အရေးပါ​၍ ကျွန်ုပ်တို့​အားလုံး​အထဲတွင် ကိန်းအောင်းတော်မူ၏။


သင်တို့​သည် သခင်​ခရစ်တော်​ကို အစေခံကြ​သောကြောင့် ဆုလာဘ်​အဖြစ် ကတိထားတော်မူသော​အမွေတော်​ကို သခင်ဘုရား​ထံမှ ရရှိမည်​ကို သိမှတ်ကြလော့။


ဘုရားသခင်​သည် မျက်နှာလိုက်တော်မမူတတ်​သောကြောင့် မတရားမှု​ကို လုပ်ဆောင်သော​သူတို့​သည် မတရားမှု​၏ အကျိုးဆက်​ကို ပြန်လည်​ခံရ​လိမ့်မည်။


ထို့ကြောင့် သခင်ဘုရား​အပေါ် သင်တို့​၏ စိတ်ချယုံကြည်မှု​ကို မစွန့်ပစ်ကြနှင့်။ ၎င်း​သည် သင်တို့​အား ကြီးမားသော​ဆုလာဘ်​ကို ခံစားစေ​လိမ့်မည်။


သူ​သည် အနာဂတ်​တွင် ရမည့် ဆုလာဘ်​ကို မျှော်ကိုး​သောကြောင့် အီဂျစ်ပြည်​၏ စည်းစိမ်​ထက် ခရစ်တော်​အတွက် ဆင်းရဲဒုက္ခ​ခံခြင်း​သည် ပို၍ မြတ်သည်​ဟု မှတ်ယူလေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ