ပေတရုက “အကျွန်ုပ်သည် သခင်နှင့်အတူ သေရမည်ဆိုလျှင်ပင် သခင့်ကို အကျွန်ုပ် မည်သည့်အခါမျှ ငြင်းပယ်မည်မဟုတ်” ဟု လျှောက်လေ၏။ အခြားတပည့်တော်တို့သည်လည်း ထိုနည်းတူလျှောက်ကြ၏။
မဿဲ 20:22 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “သင်တို့သည် မည်သည့်အရာ တောင်းသည်ကို သင်တို့မသိကြ။ ငါသောက်မည့်ဒုက္ခဝေဒနာခွက်ကို သင်တို့သောက်နိုင်မည်လော” ဟု ထိုသားနှစ်ဦးအား မေးတော်မူလျှင် သူတို့က “အကျွန်ုပ်တို့ သောက်နိုင်ပါသည်” ဟု လျှောက်ကြ၏။ Common Language Bible သခင်ယေရှုက ``သင်တို့သည်မည်သည့်အရာကို ပန်ကြားနေသည်ကိုသင်တို့မသိကြ။ ငါသောက် ရမည့်ဒုက္ခဝေဒနာခွက်ကိုသင်တို့သောက်နိုင်ကြ သလော'' ဟုမေးတော်မူ၏။ သူတို့က ``အကျွန်ုပ်တို့သောက်နိုင်ပါသည်'' ဟု လျှောက်ထားကြ၏။ Garrad Bible မည် သည့် အ ရာ တောင်း မှန်း ကို သင် တို့ မ သိ ကြ။ ငါ သောက် မည့် ခွက် ကို သောက် နိုင် ကြ သ လော ဟု ယေ ရှု မေး တော် မူ ပြန် သော် သောက် နိုင် ပါ သည် ဟု လျှောက် ကြ၏။ Judson Bible ယေရှုကလည်း၊ သင်တို့သည် အဘယ်သို့တောင်းပန်သည်ကို သင်တို့မသိကြ။ ငါသောက်ရအံ့သော ခွက်ကို သောက်ခြင်းငှာလည်းကောင်း၊ ငါခံသောဗတ္တိဇံကို ခံခြင်းငှာလည်းကောင်း၊ သင်တို့သည် တတ်စွမ်းနိုင်သလောဟု မေးတော်မူလျှင်၊ အကျွန်ုပ်တို့သည် တတ်စွမ်းနိုင်ပါ၏ဟု လျှောက်ကြသော်၊- မြန်မာ့စံမီသမ္မာကျမ်း သို့သော် ယေရှုက“သင်တို့သည် မည်သည့်အရာတောင်းနေသည်ကို သင်တို့မသိကြ။ ငါသောက်မည့်ခွက်ကို သင်တို့သောက်နိုင်သလော”ဟု မေးတော်မူလျှင် သူတို့က “အကျွန်ုပ်တို့သောက်နိုင်ပါသည်”ဟု ပြန်လျှောက်ကြ၏။ မြန်မာ ယေရှုကလည်း၊ သင်တို့သည် အဘယ်သို့တောင်းပန်သည်ကို သင်တို့မသိကြ။ ငါသောက်ရအံ့သော ခွက်ကို သောက်ခြင်းငှာလည်းကောင်း၊ ငါခံသောဗတ္တိဇံကို ခံခြင်းငှာလည်းကောင်း၊ သင်တို့သည် တတ်စွမ်းနိုင်သလောဟု မေးတော်မူလျှင်၊ အကျွန်ုပ်တို့သည် တတ်စွမ်းနိုင်ပါ၏ဟု လျှောက်ကြသော်၊- |
ပေတရုက “အကျွန်ုပ်သည် သခင်နှင့်အတူ သေရမည်ဆိုလျှင်ပင် သခင့်ကို အကျွန်ုပ် မည်သည့်အခါမျှ ငြင်းပယ်မည်မဟုတ်” ဟု လျှောက်လေ၏။ အခြားတပည့်တော်တို့သည်လည်း ထိုနည်းတူလျှောက်ကြ၏။
ထို့နောက် ယေရှုသည် ရှေ့သို့ အနည်းငယ် သွား၍ မြေပေါ်တွင် ပျပ်ဝပ်တော်မူပြီးလျှင် “အကျွန်ုပ်၏အဖ… ဖြစ်နိုင်လျှင် ဤခွက်ကို အကျွန်ုပ်ထံမှ ဖယ်ရှားပေးတော်မူပါ။ သို့သော်လည်း အကျွန်ုပ်၏ အလိုဆန္ဒအရမဟုတ်ဘဲ ကိုယ်တော်၏ အလိုတော်အတိုင်းသာ ဖြစ်စေတော်မူပါ” ဟု ဆုတောင်းတော်မူ၏။
တစ်ဖန် ယေရှုသည် ဒုတိယအကြိမ်ကြွတော်မူ၍ “အကျွန်ုပ်၏အဖ… ဤဒုက္ခဝေဒနာခွက်ကို အကျွန်ုပ်မသောက်ဘဲ ဖယ်ရှားရန် မဖြစ်နိုင်ပါက အဖ၏အလိုတော်အတိုင်းသာ ဖြစ်စေတော်မူပါ” ဟု ဆုတောင်းတော်မူ၏။
သို့သော် ဤအရာများဖြစ်ပျက်ရခြင်းမှာ ကျမ်းစာတွင် ဖော်ပြထားသည့် ပရောဖက်တို့၏ဟောပြောချက်အတိုင်း ဖြစ်လာစေရန်ပင် ဖြစ်သည်” ဟု မိန့်တော်မူ၏။ ထိုအခါ တပည့်တော်ရှိသမျှတို့သည် ယေရှုကို စွန့်ခွာ၍ ထွက်ပြေးကြ၏။
ငါခံရမည့် နှစ်ခြင်းမင်္ဂလာတစ်ပါးရှိ၏။ ထိုနှစ်ခြင်းမင်္ဂလာကို မခံမီအထိ ငါသည် အလွန်စိတ်ဖိစီးလှ၏။
“အို အဖ… အလိုတော်ရှိလျှင် ဤခွက်ကို အကျွန်ုပ်ထံမှ ဖယ်ရှားပေးတော်မူပါ။ သို့သော်လည်း အကျွန်ုပ်၏အလိုဆန္ဒအရမဟုတ်ဘဲ ကိုယ်တော်၏အလိုတော်အတိုင်းသာ ဖြစ်စေတော်မူပါ” ဟု ဆုတောင်းတော်မူ၏။
ယေရှုက ပေတရုအား “ဓားကို ဓားအိမ်၌ ပြန်ထည့်လော့။ ခမည်းတော်ပေးတော်မူသောဒုက္ခဝေဒနာခွက်ကို ငါမသောက်ဘဲ နေရမည်လော” ဟု မိန့်တော်မူ၏။
ထိုကဲ့သို့ပင် သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့အားနည်းသောအရာ၌ ကူညီမစတော်မူ၏။ ဥပမာ ဘုရားသခင်သည် ကျွန်ုပ်တို့အား မည်သည့်ဆုကို တောင်းစေလိုသည်ကို ကျွန်ုပ်တို့မသိ။ ထိုအခါ သန့်ရှင်းသောဝိညာဉ်တော်သည် ဖော်ပြ၍ မရနိုင်အောင် နက်နဲသည့် ညည်းတွားသောစကားတို့ဖြင့် ကျွန်ုပ်တို့အတွက် ကိုယ်စားပြုဆုတောင်းပေးတော်မူ၏။
တောင်းလျှောက်သောအခါ၌လည်း အပျော်အပါးလိုက်စားနိုင်ရန်အတွက် လွဲမှားစွာ တောင်းလျှောက်သောကြောင့် မရကြ။