ယေရှုက “ထိုမုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကို ငါ့ထံသို့ ယူခဲ့ကြ” ဟု မိန့်တော်မူ၏။
မဿဲ 14:19 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုသည် လူထုပရိသတ်တို့ကို မြက်ခင်းပေါ်တွင် ထိုင်စေတော်မူ၏။ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကိုလည်း ယူလျက် ကောင်းကင်သို့မျှော်ကြည့်ကာ ကျေးဇူးတော်ကိုချီးမွမ်းတော်မူ၏။ ပြီးမှ မုန့်ကိုချိုးဖဲ့၍ တပည့်တော်တို့အား ပေးတော်မူလျှင် တပည့်တော်တို့သည်လည်း လူထုပရိသတ်တို့အား ပေးဝေကြ၏။ Common Language Bible ကိုယ်တော်သည်လူပရိသတ်တို့ကိုမြက်ခင်းပေါ် တွင်ထိုင်စေတော်မူ၏။ ထိုနောက်မုန့်ငါးလုံးနှင့်ငါး နှစ်ကောင်ကိုယူ၍ကောင်းကင်သို့မျှော်ကြည့်လျက် ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်းတော်မူ ပြီးလျှင် မုန့်များကိုဖဲ့၍တပည့်တော်တို့အားပေး တော်မူ၏။ တပည့်တော်တို့သည်လည်းလူတို့အား ဝေပေးကြ၏။- Garrad Bible လူ ပ ရိ သတ် ကို မြက် ပေါ် တွင် ထိုင် ကြ စေ ရန် မိန့် တော် မူ ပြီး လျှင် ထို မုန့် ငါး လုံး နှင့် ငါး နှစ် ကောင် ကို ယူ၍ ကောင်း ကင် သို့ မြော် ကြည့် လျက် ကောင်း ကြီး ပေး၍ မုန့် များ ကို ဖဲ့ ပြီး နောက် တ ပည့် တော် တို့ ကို ပေး သ ဖြင့် တ ပည့် တော် တို့ လည်း လူ ပ ရိတ် သတ် အား ဝေ ပေး ကြ၏။ Judson Bible မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကိုလည်းယူ၍ ကောင်းကင်သို့ ကြည့်မျှော်လျက်၊ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်နှင့် ငါးကိုဖဲ့၍ တပည့်တော်တို့အား ပေးတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် လူထုပရိသတ်တို့ကို မြက်ခင်းပေါ်ထိုင်ကြရန် အမိန့်ပေးတော်မူ၍ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကိုယူလျက် မိုးကောင်းကင်သို့မျှော်ကြည့်ကာ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် မုန့်ကိုဖဲ့၍ တပည့်တော်တို့အား ပေးတော်မူ၏။ တပည့်တော်တို့သည်လည်း လူထုပရိသတ်တို့အား ဝေပေးကြ၏။ မြန်မာ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကိုလည်းယူ၍ ကောင်းကင်သို့ ကြည့်မျှော်လျက်၊ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်နှင့် ငါးကိုဖဲ့၍ တပည့်တော်တို့အား ပေးတော်မူ၏။- |
ယေရှုက “ထိုမုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကို ငါ့ထံသို့ ယူခဲ့ကြ” ဟု မိန့်တော်မူ၏။
ထို့နောက် ယေရှုက လူထုပရိသတ်တို့ကို မြက်ခင်းပေါ်တွင် အုပ်စုဖွဲ့၍ ထိုင်စေရန် တပည့်တော်တို့ကို မိန့်တော်မူ၏။
ထို့နောက် ကိုယ်တော်သည် မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကို ယူလျက် ကောင်းကင်သို့ မျှော်ကြည့်ကာ ကျေးဇူးတော်ကို ချီးမွမ်းတော်မူ၏။ ပြီးမှ မုန့်ကို ချိုးဖဲ့၍ လူထုပရိသတ်တို့ကို ဝေငှရန် တပည့်တော်တို့အား ပေးတော်မူ၏။ ငါးနှစ်ကောင်ကိုလည်း လူတို့အား ဝေတော်မူ၏။
ထို့နောက် ကောင်းကင်သို့ မော့ကြည့်၍ သက်ပြင်းချကာ “ဧဖသ” ဟု မိန့်တော်မူ၏။ အဓိပ္ပာယ်မှာ “ပွင့်စေ” ဟု ဆိုလို၏။
ထို့နောက် ယေရှုသည် စပျစ်ရည်ခွက်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးသော် “ဤခွက်ကို ယူ၍ သင်တို့အချင်းချင်းဝေမျှကြလော့။
မုန့်ကိုလည်းယူ၍ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းတော်မူ၏။ မုန့်ကို ဖဲ့၍ တပည့်တော်တို့အား ပေးတော်မူလျက် “ဤမုန့်သည် သင်တို့အတွက်စွန့်သော ငါ၏ကိုယ်ခန္ဓာဖြစ်၏။ ငါ့ကို အောက်မေ့သတိရရန် ဤသို့ပြုကြလော့” ဟု မိန့်တော်မူ၏။
ထို့နောက် သူတို့နှင့်အတူ စားပွဲတွင်ထိုင်တော်မူပြီးလျှင် မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းတော်မူ၏။ မုန့်ကိုလည်း ဖဲ့၍ သူတို့အား ပေးတော်မူ၏။
ထိုသို့ လျှောက်ရခြင်းမှာ ပရိသတ်ငါးထောင်ခန့် ရှိသောကြောင့်ဖြစ်၏။ ယေရှုက တပည့်တော်တို့အား “သူတို့ကို တစ်ဖွဲ့လျှင် ငါးဆယ်စီ အုပ်စုဖွဲ့၍ ထိုင်စေလော့” ဟု မိန့်တော်မူ၏။
ထို့နောက် ယေရှုသည် မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကို ယူ၍ ကောင်းကင်သို့ မျှော်ကြည့်ကာ ကျေးဇူးတော်ကို ချီးမွမ်းတော်မူ၏။ ပြီးမှ မုန့်ကို ချိုးဖဲ့၍ လူထုပရိသတ်တို့အား ဝေရန် တပည့်တော်တို့အား ပေးတော်မူ၏။
သို့ဖြစ်၍ လူတို့သည် ကျောက်တုံးကို ရွှေ့ကြ၏။ ယေရှုသည် ကောင်းကင်သို့ မျှော်ကြည့်တော်မူပြီးလျှင် “အို အဖ… အကျွန်ုပ်တောင်းလျှောက်သည်ကို နားဆင်တော်မူပြီဖြစ်သောကြောင့် ကျေးဇူးတင်ပါ၏။
ထိုစဉ် သခင်ဘုရားက ကျေးဇူးတော်ချီးမွမ်း၍ လူတို့မုန့်ကို စားခဲ့ကြသည့် နေရာအနီးသို့ တိဗေရိမြို့မှလာသော လှေများသည် ဆိုက်ကပ်လာကြ၏။
ထိုသို့ပြောဆိုပြီးနောက် သူသည်မုန့်ကိုယူကာ လူများရှေ့တွင် ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်းကာ ဖဲ့၍စားလေ၏။
နေ့တစ်နေ့ကို အထူးနေ့အဖြစ် အလေးထားသောသူသည် ဘုရားသခင်ကို ထောက်၍ အလေးထားခြင်း ဖြစ်၏။ အစားအစာအားလုံးကို စားသောသူသည် ဘုရားသခင်ကို ထောက်၍ စားခြင်း ဖြစ်၏။ သူသည် ထိုအစာအတွက် ဘုရားသခင်ကို ကျေးဇူးတင်၏။ မစားသောသူသည်လည်း ဘုရားသခင်ကို ထောက်၍ မစားဘဲနေခြင်း ဖြစ်၏။ သူသည်လည်း ဘုရားသခင်ကို ကျေးဇူးတင်၏။
ကောင်းချီးမင်္ဂလာခွက်ကို ကျွန်ုပ်တို့ကောင်းချီးပေး၍ သောက်သည်မှာ ခရစ်တော်၏ အသွေးတော်ကို မျှဝေခံယူကြခြင်းဖြစ်သည် မဟုတ်လော။ မုန့်ကို ဖဲ့၍ စားသည်မှာ ခရစ်တော်၏ ကိုယ်ခန္ဓာကို မျှဝေခံယူကြခြင်းဖြစ်သည် မဟုတ်လော။
ထို့ကြောင့် သင်တို့သည် စားသည်ဖြစ်စေ၊ သောက်သည်ဖြစ်စေ၊ တစ်စုံတစ်ရာကို ပြုလုပ်သည်ဖြစ်စေ အရာအားလုံးကို ဘုရားသခင်၏ ဘုန်းတော်အတွက် ပြုကြလော့။
ကျေးဇူးတော်ကို ချီးမွမ်းတော်မူ၏။ ထို့နောက် မုန့်ကို ဖဲ့၍ “ဤမုန့်သည် သင်တို့အတွက်စွန့်သော ငါ၏ကိုယ်ခန္ဓာဖြစ်၏။ ငါ့ကို အောက်မေ့သတိရရန် ဤသို့ပြုကြလော့” ဟု မိန့်တော်မူ၏။
အပြောအဆိုအားဖြင့်ဖြစ်စေ၊ အပြုအမူအားဖြင့်ဖြစ်စေ ပြုလေသမျှတို့တွင် သခင်ယေရှု၏ နာမတော်ကို ထောက်၍ ပြုကြလော့။ ထိုသခင်ကို အကြောင်းပြု၍ အဖဘုရားသခင်ကို ကျေးဇူးတင်ကြလော့။