ကမ္ဘာကုန်ဆုံးချိန်တွင်လည်း ထိုသို့ပင် ဖြစ်လိမ့်မည်။ ကောင်းကင်တမန်များသည် လာ၍ ဆိုးသွမ်းသူတို့ကို ဖြောင့်မတ်သူများထံမှ ခွဲထားကြမည်။
မဿဲ 13:41 - ခေတ်သစ်မြန်မာ သမ္မာကျမ်း လူသားသည် မိမိ၏ကောင်းကင်တမန်များကို စေလွှတ်လိမ့်မည်။ ထိုကောင်းကင်တမန်တို့သည် အပြစ်ကျူးလွန်စေသောသူများနှင့် မတရားမှုပြုသူများအားလုံးကို နိုင်ငံတော်မှ ဖယ်ရှားကာ Common Language Bible လူသားသည်မိမိ၏ကောင်းကင်တမန်များကိုစေ လွှတ်တော်မူ၍ လူတို့အားမှောက်မှားလမ်းလွဲစေ သူများနှင့်အပြစ်ကူးသူအပေါင်းကိုနိုင်ငံ တော်ထဲကရွေးထုတ်စေပြီးလျှင်၊- Garrad Bible လူ့ သား သည် စေ တ မန် တော် များ ကို လွှတ်၍ နိုင် ငံ တော် ထဲ မှ တိုက် လဲ စေ သော အ ရာ ခပ် သိမ်း နှင့် မ တ ရား ပြု ကျင့် သူ တို့ ကို နုတ် ပြီး လျှင်၊ Judson Bible လူသားသည် မိမိကောင်းကင်တမန်တို့ကို စေလွှတ်ပြီးလျှင်၊ မှားယွင်းစေသောသူတို့နှင့် မတရားသော အမှုကိုပြုသောသူ ရှိသမျှတို့ကို နိုင်ငံတော်ထဲက ရွေးနုတ်၍၊- မြန်မာ့စံမီသမ္မာကျမ်း လူ့သားသည် မိမိ၏ကောင်းကင်တမန်များကိုစေလွှတ်သဖြင့် သူတို့သည် မှားယွင်းစေသောအရာများနှင့် တရားမဲ့သောအမှုကိုပြုသောသူများအားလုံးတို့ကို နိုင်ငံတော်မှ နုတ်ယူပြီးလျှင် မြန်မာ လူသားသည် မိမိကောင်းကင်တမန်တို့ကို စေလွှတ်ပြီးလျှင်၊ မှားယွင်းစေသောသူတို့နှင့် မတရားသော အမှုကိုပြုသောသူ ရှိသမျှတို့ကို နိုင်ငံတော်ထဲက ရွေးနုတ်၍၊- |
ကမ္ဘာကုန်ဆုံးချိန်တွင်လည်း ထိုသို့ပင် ဖြစ်လိမ့်မည်။ ကောင်းကင်တမန်များသည် လာ၍ ဆိုးသွမ်းသူတို့ကို ဖြောင့်မတ်သူများထံမှ ခွဲထားကြမည်။
ဤလောက၌ အပြစ်ကျူးလွန်စေရန် ဖြားယောင်းသွေးဆောင်သောအရာများရှိ၏။ လောကီသားတို့သည်လည်း ထိုဖြားယောင်းသွေးဆောင်ရာသို့ လိုက်ပါသောကြောင့် အမင်္ဂလာရှိကြ၏။ ဖြားယောင်းသွေးဆောင်ခြင်းတို့သည် ရှောင်လွှဲမရသောအရာများဖြစ်၏။ သို့ရာတွင် အပြစ်ကျူးလွန်စရာအကြောင်းကို ဖြစ်စေသောသူသည် အမင်္ဂလာရှိ၏။
ထို့နောက် လူသားသည် သူ၏ ကောင်းကင်တမန်များကို ကျယ်လောင်သော တံပိုးခရာမှုတ်သံနှင့်အတူ စေလွှတ်တော်မူလိမ့်မည်။ ကောင်းကင်တမန်များသည် ကောင်းကင်နှင့်မြေကြီးအရှေ့စွန်းမှသည် အနောက်စွန်းတိုင်အောင် အရပ်လေးမျက်နှာမှ ကိုယ်တော်ရွေးချယ်ထားသောသူတို့ကို စုစည်းလိမ့်မည်။
ထိုအရှင်သည် မိမိ၏ဆန်ကောဖြင့် ဂျုံစပါးထဲမှအဖျင်းကို လှေ့ရန် အသင့်ရှိတော်မူပြီ။ ထို့နောက် ကောက်နယ်တလင်းကို ရှင်းလင်း၍ ဂျုံစပါးကို ကျီတွင် စုသိမ်းကာ အဖျင်းကိုမူ မငြိမ်းနိုင်သောမီးနှင့် ရှို့တော်မူလိမ့်မည်” ဟု ဆိုလေ၏။
သို့သော် ယေရှုက “မြေခွေးတို့၌ နေစရာ တွင်းရှိ၏။ ငှက်တို့၌ နားစရာအသိုက်ရှိ၏။ လူသား၌မူ ခေါင်းချစရာနေရာပင် မရှိ” ဟု မိန့်တော်မူ၏။
ထို့နောက် လူသားသည် ကောင်းကင်နှင့်မြေကြီးအရှေ့စွန်းမှသည် အနောက်စွန်းတိုင်အောင်၊ အရပ်လေးမျက်နှာမှ မိမိရွေးချယ်ထားသောသူတို့ကို စုစည်းရန် ကောင်းကင်တမန်များကို စေလွှတ်တော်မူလိမ့်မည်။
ကျွန်ုပ်ဟောပြောသော သတင်းကောင်းအရ လူအပေါင်းတို့၏ လျှို့ဝှက်သောအကြံအစည်တို့ကို ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်စီရင်တော်မူသောနေ့၌ အထက်တွင် ဖော်ပြသည့်အတိုင်း ဖြစ်ပျက်လိမ့်မည်။
သို့ဖြစ်လျှင် ကောင်းကင်တမန်များသည် ကယ်တင်ခြင်းအမွေခံမည့်သူများကို အစေခံရန် ဘုရားသခင်စေလွှတ်တော်မူသော အစေခံဝိညာဉ်များ ဖြစ်ကြသည်မဟုတ်လော။
မည်သည့်ညစ်ညမ်းသောအရာမျှ ထိုမြို့ထဲသို့ ဝင်ရလိမ့်မည်မဟုတ်။ စက်ဆုပ်ရွံရှာဖွယ်အမှုကို ပြုသူနှင့် လိမ်လည်သူသည်လည်း ဝင်ရလိမ့်မည်မဟုတ်။ သိုးသငယ်တော်၏ အသက်စာစောင်တွင် စာရင်းဝင်သောသူတို့သာလျှင် ဝင်ကြရလိမ့်မည်။