ရှင်မာကု 13:27 - ခေတ်သစ်မြန်မာ သမ္မာကျမ်း27 ထို့နောက် လူသားသည် ကောင်းကင်နှင့်မြေကြီးအရှေ့စွန်းမှသည် အနောက်စွန်းတိုင်အောင်၊ အရပ်လေးမျက်နှာမှ မိမိရွေးချယ်ထားသောသူတို့ကို စုစည်းရန် ကောင်းကင်တမန်များကို စေလွှတ်တော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible27 ထိုနောက်လူသားသည်ကောင်းကင်တမန်များ ကို မြေကြီးစွန်းမှကောင်းကင်စွန်းတိုင်အောင် အရပ်လေးမျက်နှာသို့စေလွှတ်၍ မိမိရွေး ချယ်ထားသူတို့ကိုစုသိမ်းတော်မူလိမ့်မည်။'' အခန်းကိုကြည့်ပါ။Garrad Bible27 လူ့ သား သည် စေ တ မန် တော် တို့ ကို လွှတ်၍ ရွေး ကောက် တော် မူ သော သူ တို့ ကို မြေ ကြီး အ စွန်း က ကောင်း ကင် အ စွန်း တိုင် လေး မျက် နှာ မှ စု ရုံး စေ တော် မူ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible27 ထိုအခါ လူသားသည် မိမိတမန်တို့ကို စေလွှတ်သဖြင့် မိမိရွေးချယ်သောသူတို့ကို အရပ်လေးမျက်နှာ ကောင်းကင်အောက် ထက်ဝန်းကျင်တို့မှ ခေါ်၍ စုရုံးစေတော်မူလတ္တံ့။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း27 ထို့နောက် လူ့သားသည် ကောင်းကင်တမန်တို့ကိုစေလွှတ်၍ မိမိရွေးကောက်ထားသောသူတို့ကို ကမ္ဘာမြေကြီးအစွန်းမှ မိုးကောင်းကင်အစွန်းတိုင်အောင် အရပ်လေးမျက်နှာမှ စုစည်းလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ27 ထိုအခါ လူသားသည် မိမိတမန်တို့ကို စေလွှတ်သဖြင့် မိမိရွေးချယ်သောသူတို့ကို အရပ်လေးမျက်နှာ ကောင်းကင်အောက် ထက်ဝန်းကျင်တို့မှ ခေါ်၍ စုရုံးစေတော်မူလတ္တံ့။ အခန်းကိုကြည့်ပါ။ |
ထိုသူတို့မှာ ခမည်းတော်ဘုရားသခင်၏ ကြိုတင်သိမြင်သောဉာဏ်တော်အရ ဝိညာဉ်တော်၏ သန့်ရှင်းစေခြင်းအားဖြင့် ရွေးချယ်တော်မူခြင်းခံထားရသူများဖြစ်ကြ၏။ ဤသို့ရွေးချယ်တော်မူခြင်းမှာ ယေရှုခရစ်တော်ကို သင်တို့နာခံစေရန်နှင့် သင်တို့ကို အသွေးတော်ဖြင့် ပက်ဖျန်း၍ စင်ကြယ်စေရန်ဖြစ်၏။ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းကို သင်တို့ကြွယ်ဝစွာ ခံစားရပါစေသော။
တရားစီရင်တော်မူသောနေ့တွင် တောင်ပိုင်းမိဖုရားသည် ဤမျိုးဆက်နှင့်အတူ ထမြောက်၍ ဤမျိုးဆက်အား အပြစ်တင်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုမိဖုရားသည် ရှောလမုန်မင်းကြီး၏ ပညာစကားကို နားထောင်ရန် ဝေးလံသောအရပ်မှ ရောက်လာသောကြောင့်ဖြစ်၏။ ကြည့်ရှုလော့။ ရှောလမုန်မင်းကြီးထက် ကြီးမြတ်သောသူသည် ဤအရပ်၌ ရှိ၏။ သို့သော် သင်တို့သည် ထိုသူ၏ စကားကို နားထောင်ရန် ငြင်းဆိုကြ၏။