ယေရှုက “သင့်အား ငါအမှန်ဆို၏။ ယနေ့ည၌ပင် ကြက်နှစ်ကြိမ်မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်တိုင်တိုင် ငြင်းဆိုလိမ့်မည်” ဟု မိန့်တော်မူ၏။
မဿဲ 10:33 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် လူတို့ရှေ့တွင် ငါ့ကို ငြင်းပယ်သောသူအား ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်ရှေ့တွင် ငါသည် ငြင်းပယ်မည်။ Common Language Bible သို့ရာတွင်ငါ့ကိုလူတို့ရှေ့တွင်ပစ်ပယ်သူကို ကောင်းကင်ဘုံရှင်ငါ့အဖ၏ရှေ့တော်တွင်ငါ ပစ်ပယ်မည်။ Garrad Bible ထို သူ့ ကို ငါ ဝန် ခံ မည်။ မည် သူ မ ဆို လူ တို့ ရှေ့ ငါ့ ကို ငြင်း ဆို လျှင် မူ ကား ကောင်း ကင် ဘုံ စံ ငါ့ ခ မည်း တော် ရှေ့ ထို သူ့ ကို ငါ ငြင်း ဆို မည်။ Judson Bible အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုငြင်းပယ်အံ့။ ကောင်းကင်ဘုံ၌ရှိသော ငါ၏ခမည်းတော်ရှေ့မှာ ထိုသူကို ငါငြင်းပယ်မည်။ မြန်မာ့စံမီသမ္မာကျမ်း သို့သော် လူတို့ရှေ့၌ ငါ့ကိုငြင်းပယ်သောသူကို ငါသည်လည်း ကောင်းကင်ဘုံ၌ရှိတော်မူသောငါ့ခမည်းတော်ရှေ့၌ ငြင်းပယ်မည်။ မြန်မာ အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုငြင်းပယ်အံ့။ ကောင်းကင်ဘုံ၌ရှိသော ငါ၏ခမည်းတော်ရှေ့မှာ ထိုသူကို ငါငြင်းပယ်မည်။ |
ယေရှုက “သင့်အား ငါအမှန်ဆို၏။ ယနေ့ည၌ပင် ကြက်နှစ်ကြိမ်မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်တိုင်တိုင် ငြင်းဆိုလိမ့်မည်” ဟု မိန့်တော်မူ၏။
ထိုခဏချင်းတွင် ဒုတိယအကြိမ်ကြက်တွန်လေ၏။ ထိုအခါ ပေတရုသည် “ကြက်နှစ်ကြိမ်မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်တိုင်တိုင် ငြင်းဆိုလိမ့်မည်” ဟူသော ယေရှုမိန့်တော်မူခဲ့သည့် စကားကို ပြန်လည်သတိရသဖြင့် ငိုကြွေးလေ၏။
ဘုရားသခင်ကို မယုံကြည်၍ အပြစ်ကျူးလွန်သော ဤခေတ်ကာလတွင် တစ်စုံတစ်ဦးသည် ငါနှင့် ငါ့စကားအတွက် ရှက်လျှင် လူသားသည် သန့်ရှင်းသောကောင်းကင်တမန်များခြံရံလျက် ခမည်းတော်၏ဘုန်းအသရေကိုဆောင်ကာ ကြွလာသောအခါ ထိုသူအတွက် ရှက်တော်မူမည်” ဟု မိန့်တော်မူ၏။
လူတို့ရှေ့တွင် ငါ့ကို ငြင်းပယ်သောသူအား ဘုရားသခင်၏ကောင်းကင်တမန်များရှေ့တွင် ငါသည် ငြင်းပယ်မည်။
တစ်စုံတစ်ဦးသည် ငါနှင့် ငါ့စကားအတွက် ရှက်လျှင် လူသားသည် မိမိဘုန်းအသရေ၊ ခမည်းတော်၏ဘုန်းအသရေ၊ သန့်ရှင်းသောကောင်းကင်တမန်များ၏ဘုန်းအသရေနှင့် ကြွလာသောအခါ ထိုသူအတွက် ရှက်တော်မူမည်။
ဆင်းရဲဒုက္ခကို ခံနိုင်လျှင် ကိုယ်တော်နှင့်အတူ စိုးစံရလိမ့်မည်။ ကိုယ်တော်ကို ငြင်းပယ်လျှင် ကိုယ်တော်သည်လည်း ကျွန်ုပ်တို့ကို ငြင်းပယ်လိမ့်မည်။
ယခင်က ပရောဖက်အတုအယောင်များသည် အစ္စရေးလူမျိုးထဲတွင် ပေါ်ပေါက်ခဲ့ကြသကဲ့သို့ သင်တို့ထဲတွင်လည်း ဆရာအတုအယောင်များ ပေါ်ပေါက်လာကြလိမ့်မည်။ သူတို့သည် ပျက်စီးစေမည့် အယူဝါဒအမှားများကို လျှို့ဝှက်စွာ ရိုက်သွင်းပေး၍ မိမိတို့ကို ရွေးနုတ်ဝယ်ယူသောအရှင်ကိုပင် ငြင်းပယ်လျက် မိမိတို့အပေါ် ပျက်စီးခြင်းဘေးကို မကြာမီကျရောက်စေလိမ့်မည်။
သားတော်ကို ငြင်းပယ်သူသည် ခမည်းတော်ကို မသိကျွမ်း။ သားတော်ကို ဝန်ခံသူသည် ခမည်းတော်ကို သိကျွမ်း၏။