ဘုရားသခင်ကို မကိုးကွယ်သောသူတို့သည် ထိုအရာများကို ကြိုးစားရှာဖွေတတ်ကြ၏။ သို့ရာတွင် ကောင်းကင်ဘုံရှင် သင်တို့၏အဖသည် ထိုအရာများကို သင်တို့လိုအပ်ကြောင်း အမှန်သိမြင်တော်မူ၏။
မဿဲ 10:20 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ဖြစ်၍ ထိုသို့ ပြောဆိုနေမည့်သူမှာ သင်တို့မဟုတ်ဘဲ သင်တို့အဖ၏ဝိညာဉ်တော်သည် သင်တို့အားဖြင့် ပြောဆိုနေမည်ဖြစ်၏။ Common Language Bible သင်တို့ပြောဆိုရမည့်စကားများကိုထိုအချိန်၌ ပင်သင်တို့ရရှိကြလိမ့်မည်။ ယင်းစကားများသည် သင်တို့၏စကားများမဟုတ်။ သင်တို့အဖဘုရား ၏ဝိညာဉ်တော်ကသင်တို့အားဖြင့်မိန့်တော်မူသော စကားများဖြစ်လိမ့်မည်။ Garrad Bible ဆို သူ မှာ သင် တို့ မ ဟုတ်။ သင် တို့ အ တွင်း၌ မိန့် တော် မူ သော သင် တို့ အ ဘ၏ ဝိ ညာဉ် တော် တည်း။ Judson Bible အကြောင်းမူကား၊ သင်တို့ အလိုအလျောက် ပြောကြသည်မဟုတ်။ သင်တို့အဘ၏ ဝိညာဉ်တော်သည် သင်တို့အားဖြင့် ပြောတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ပြောဆိုသောသူမှာ သင်တို့မဟုတ်ဘဲ သင်တို့အားဖြင့်ပြောဆိုတော်မူသော သင်တို့အဖ၏ဝိညာဉ်တော်ဖြစ်၏။ မြန်မာ အကြောင်းမူကား၊ သင်တို့ အလိုအလျောက် ပြောကြသည်မဟုတ်။ သင်တို့အဘ၏ ဝိညာဉ်တော်သည် သင်တို့အားဖြင့် ပြောတော်မူ၏။- |
ဘုရားသခင်ကို မကိုးကွယ်သောသူတို့သည် ထိုအရာများကို ကြိုးစားရှာဖွေတတ်ကြ၏။ သို့ရာတွင် ကောင်းကင်ဘုံရှင် သင်တို့၏အဖသည် ထိုအရာများကို သင်တို့လိုအပ်ကြောင်း အမှန်သိမြင်တော်မူ၏။
ဒါဝိဒ်မင်းကိုယ်တိုင် သန့်ရှင်းသောဝိညာဉ်တော်၏လှုံ့ဆော်မှုအားဖြင့် ပြောသောစကားမှာ ‘ထာဝရဘုရားသည် ကျွန်ုပ်၏ သခင်ကို “ငါ၏ လက်ယာဘက်၌ ထိုင်လော့။ ငါ့သည် သင်၏ရန်သူတို့ကို သင်၏ခြေဖဝါးအောက်၌ ချထားလိမ့်မည်” ဟူ၍ မိန့်တော်မူ၏’ ဟု ဆိုခဲ့၏။
သင်တို့သည် ဆိုးသောသူဖြစ်လျက်ပင် သင်တို့၏သားသမီးများအား ကောင်းသောအရာကို ပေးတတ်ကြလျှင် ကောင်းကင်ဘုံရှင် သင်တို့၏အဖသည် တောင်းသောသူတို့အား သန့်ရှင်းသောဝိညာဉ်တော်ကို ပို၍ ပေးတော်မူလိမ့်မည်” ဟု မိန့်တော်မူ၏။
သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့ပြောသင့်သည့်အရာများကို ထိုအချိန်၌ပင် သွန်သင်တော်မူလိမ့်မည်” ဟူ၍ မိန့်တော်မူ၏။
အဘယ်ကြောင့်ဆိုသော် သင်တို့၏ရန်သူအပေါင်းတို့က သင်တို့ကို ဆန့်ကျင်ငြင်းဆို၍ မရနိုင်အောင် ပြောဆိုရမည့်စကားနှင့် ဉာဏ်ပညာကို သင်တို့အား ငါပေးမည်ဖြစ်သောကြောင့်ပင်။
ထိုအခါ ပေါလုဟု ခေါ်တွင်သော ရှောလုသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလျက် ထိုသူကို စူးစိုက်ကြည့်ကာ
ထိုသူတို့အားလုံးသည်လည်း သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝ၍ ဝိညာဉ်တော်ပေးသနားတော်မူသည့်အစွမ်းအတိုင်း အမျိုးမျိုးသောဘာသာစကားများကို ဟောပြောကြ၏။
ထို့ကြောင့် သူတို့သည် အချင်းချင်းသဘောထားကွဲလွဲကြ၏။ ထို့နောက် ထိုသူတို့ထွက်သွားကြမည်ပြုစဉ် ပေါလုက “ပရောဖက်ဟေရှာယအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်က သင်တို့ဘိုးဘေးတို့အား မှန်ကန်စွာမိန့်တော်မူသည်မှာ
ထိုအခါ ပေတရုသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝသဖြင့် “လူတို့၏အာဏာပိုင်များနှင့် အကြီးအကဲများတို့…
သို့ရာတွင် ဘုရားသခင်၏ဉာဏ်ပညာတော်နှင့် ဝိညာဉ်တော်အားဖြင့် ဟောပြောသောသတေဖန်ကို သူတို့သည် မချေပနိုင်ကြ။
ခရစ်တော်သည် ကျွန်ုပ်အားဖြင့် မိန့်တော်မူသည်ဟူသော သက်သေကို သင်တို့တောင်းဆိုသည့်အတိုင်း ကျွန်ုပ်ပြမည်။ ကိုယ်တော်သည် သင်တို့ကို အပြစ်ပေးရာ၌ဖြစ်စေ၊ ကူညီမစရာ၌ဖြစ်စေ အားနည်းတော်မမူပါ။ တန်ခိုးတော်သည် သင်တို့အလယ်၌ အားကြီးတော်မူ၏။
သင်တို့သည် ကျွန်ုပ်တို့ထံမှ ကြားနာသော ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို လူ့စကားအဖြစ် မဟုတ်ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်အဖြစ် လက်ခံသောကြောင့် ဘုရားသခင်ကို ကျွန်ုပ်တို့ အစဉ်အမြဲကျေးဇူးတင်ကြ၏။ ထိုနှုတ်ကပတ်တော်သည် အမှန်ပင်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်၍ ခရစ်တော်ကို ယုံကြည်သောသင်တို့အထဲတွင် သက်ဝင်လှုပ်ရှားတော်မူ၏။
သူတို့စူးစမ်းသောအရာများသည် သူတို့ကိုယ်တိုင်အတွက်မဟုတ်ဘဲ သင်တို့အတွက်ဖြစ်ကြောင်း သူတို့အား ဘုရားသခင်ဖော်ပြတော်မူ၏။ သင်တို့အား သတင်းကောင်းကို ဟောပြောသောသူတို့သည် ကောင်းကင်ဘုံမှ စေလွှတ်တော်မူခြင်းခံရသည့် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးဖြင့် ဤအရာများကို ပြောကြ၏။ ကောင်းကင်တမန်များပင်လျှင် ဤအရာများကို သိရှိနားလည်လိုကြ၏။
အဘယ်ကြောင့်ဆိုသော် ပရောဖက်ပြုဟောပြောချက်သည် မည်သည့်အခါမျှ လူ့အလိုအရ ဖြစ်ပေါ်လာသည်မဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော်၏ နှိုးဆော်ခြင်းကို ခံရသောသူတို့သည် ဘုရားသခင်ထံမှ လာသောစကားကို ဟောပြောသောကြောင့်ဖြစ်၏။