ကိုယ်တော်က “စာတန်မာရ်နတ်သည် လျှပ်စီးလက်သကဲ့သို့ ကောင်းကင်မှ ကျလာသည်ကို ငါမြင်၏။
ဗျာဒိတ် 9:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ပဉ္စမကောင်းကင်တမန်သည် တံပိုးခရာမှုတ်သောအခါ ကြယ်တစ်လုံးသည် ကောင်းကင်မှ ကမ္ဘာမြေပေါ်သို့ ကြွေကျသည်ကို ကျွန်ုပ်မြင်ရ၏။ ထိုကြယ်အား တွင်းနက်ကြီး၏သော့ကို ပေးတော်မူ၏။ Common Language Bible ထိုနောက်ပဉ္စမကောင်းကင်တမန်တံပိုးခရာ မှုတ်လိုက်သောအခါ ကောင်းကင်မှကမ္ဘာမြေ ပေါ်သို့ကြယ်တစ်လုံးကြွေကျလာသည်ကို ငါမြင်ရ၏။ ထိုကြယ်အားတွင်းနက်ကြီး၏ တံခါးသော့ကိုပေးအပ်ထား၏။- Garrad Bible ပ ဥ္စ မ စေ တ မန် တော် တံ ပိုး မှုတ် သည့် ကာ လ ငါ မျှော် ကြည့် ရာ ကောင်း ကင် မှ မြေ သို့ ကျ သော ကြယ် ဖြစ် သူ သည် င ရဲ တွင်း သော့ ကို ခံ ရ ပြီး လျှင်၊ Judson Bible ပဥ္စမကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ ကြယ်တစ်လုံးသည် ကောင်းကင်က မြေကြီးပေါ်သို့ ကျသည်ကို ငါမြင်၏။ သူ၌ အနက်ဆုံးသောတွင်း၏ သော့ကို အပ်ပေးသည်ဖြစ်၍၊- မြန်မာ့စံမီသမ္မာကျမ်း ပဉ္စမကောင်းကင်တမန်သည် တံပိုးခရာကိုမှုတ်လိုက်သောအခါ ကောင်းကင်မှမြေကြီးပေါ်သို့ကျလာသော ကြယ်တစ်လုံးကို ငါမြင်ရ၏။ ထိုကြယ်အား အတိုင်းမသိနက်ရှိုင်းသောတွင်း၏သော့ကို ပေးအပ်ထား၏။ |
ကိုယ်တော်က “စာတန်မာရ်နတ်သည် လျှပ်စီးလက်သကဲ့သို့ ကောင်းကင်မှ ကျလာသည်ကို ငါမြင်၏။
ထို့နောက် နတ်ဆိုးတို့က တွင်းနက်ကြီးထဲသို့ မချသေးရန် ယေရှုအား ထပ်၍ တောင်းပန်ကြ၏။
သို့မဟုတ် ‘ခရစ်တော်ကို သေခြင်းမှ ထမြောက်စေတော်မူရန် တွင်းနက်ကြီးထဲသို့ မည်သူဆင်းမည်နည်း’ ဟူ၍ မပြောဆိုနှင့်” ဟု ဆိုထား၏။
ငါသည် အသက်ရှင်သောသူဖြစ်၏။ ငါသည် သေခဲ့၏။ ယခုတွင်မူ အစဉ်ထာဝရအသက်ရှင်၏။ ငါသည် သေခြင်းတရားနှင့် မရဏနိုင်ငံကို အစိုးရ၏။
ငါ၏လက်ယာလက်၌ သင်မြင်တွေ့ရသော ကြယ်ခုနစ်လုံးနှင့် ရွှေဆီမီးတိုင် ခုနစ်တိုင်တို့၏ လျှို့ဝှက်နက်နဲသောအရာမှာ ကြယ်ခုနစ်လုံးသည် အသင်းတော်ခုနစ်ပါး၏ ကောင်းကင်တမန်များဖြစ်ပြီး ရွှေဆီမီးတိုင်ခုနစ်တိုင်သည် အသင်းတော်ခုနစ်ပါးဖြစ်၏။
သူတို့သက်သေခံပြီးသောအခါ တွင်းနက်ကြီးထဲမှ တက်လာသော သားရဲသည် သူတို့ကို တိုက်ခိုက်အောင်နိုင်၍ သတ်ဖြတ်လိမ့်မည်။
သင်မြင်ရသောသားရဲသည် ယခင်က အသက်ရှင်သော်လည်း ယခုမရှင်တော့ပေ။ သို့သော် မကြာမီ သူသည် တွင်းနက်ကြီးထဲမှ တက်လာပြီး ဖျက်ဆီးခြင်းကို ခံရလိမ့်မည်။ ကမ္ဘာလောက၌ နေထိုင်ကြသောသူတို့တွင် ကမ္ဘာဦးအစကပင် အသက်စာစောင်၌ စာရင်းမဝင်သူများက ထိုသားရဲကို မြင်ရသောအခါ အလွန်အံ့ဩကြလိမ့်မည်။ အကြောင်းမှာ ယခင်အသက်ရှင်ခဲ့သည့် ထိုသားရဲသည် ယခုမရှင်တော့သော်လည်း မကြာမီပြန်ပေါ်လာဦးမည့်အတွက်ကြောင့် ဖြစ်၏။
ထို့နောက် ကောင်းကင်တမန်တစ်ပါးသည် တွင်းနက်ကြီး၏သော့နှင့် သံကြိုးကြီးကို ကိုင်လျက် ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို ကျွန်ုပ်မြင်ရ၏။
သူတို့ကို လှည့်ဖြားသောမာရ်နတ်သည်လည်း သားရဲနှင့် ပရောဖက်အတုအယောင်တို့ ပစ်ချခံရသည့် ကန့်နှင့် လောင်သောမီးအိုင်ထဲသို့ ပစ်ချခံရ၏။ သူတို့သည် နေ့ညမပြတ် အစဉ်ထာဝရ ညှဉ်းဆဲခြင်းကို ခံကြရလိမ့်မည်။
လေပြင်းကြောင့် အချိန်မတန်ဘဲ သဖန်းသီးစိမ်းများ သဖန်းပင်မှ ကြွေကျလာသကဲ့သို့ ကောင်းကင်မှ ကြယ်များသည် မြေပေါ်သို့ ကြွေကျလာ၏။
တတိယကောင်းကင်တမန်သည် တံပိုးခရာမှုတ်သောအခါ မီးတုတ်ကဲ့သို့ တောက်လောင်နေသော ကြယ်ကြီးတစ်လုံးသည် ကောင်းကင်မှ ကြွေကျ၍ မြစ်သုံးပုံတစ်ပုံနှင့် စမ်းရေတွင်းများပေါ်သို့ ကျလေ၏။
စတုတ္ထကောင်းကင်တမန်သည် တံပိုးခရာမှုတ်သောအခါ နေ၊ လ၊ ကြယ်တို့၏ သုံးပုံတစ်ပုံသည် ထိခိုက်ပျက်စီးသွားသဖြင့် ၎င်းတို့၏အလင်းသည် သုံးပုံတစ်ပုံ လျော့နည်းသွား၏။ နေ့၏သုံးပုံတစ်ပုံနှင့် ည၏သုံးပုံတစ်ပုံသည် အလင်းရောင်မရကြ။
ထို့နောက် ဘုရားသခင်၏ရှေ့တော်၌ ရပ်နေသော ကောင်းကင်တမန် ခုနစ်ပါးကို ကျွန်ုပ်မြင်ရ၏။ ဘုရားသခင်သည် သူတို့အားတံပိုးခရာခုနစ်ခုကို ပေးတော်မူ၏။
သူသည် တွင်းနက်ကြီးကို ဖွင့်လိုက်သောအခါ မီးခိုးသည် မီးဖိုကြီးမှ ထွက်သည့်အလား တွင်းထဲမှ ထွက်လာ၏။ ထိုမီးခိုးကြောင့် နေနှင့် အာကာသမိုးကောင်းကင်သည် မှောင်မိုက်သွားလေ၏။