Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 8:31 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

31 ထို့နောက် နတ်ဆိုးတို့​က တွင်းနက်ကြီး​ထဲသို့ မချသေး​ရန် ယေရှု​အား ထပ်​၍ တောင်းပန်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

31 နတ်​မိစ္ဆာ​တို့​သည် ``အ​ကျွန်ုပ်​တို့​အား​တွင်း​နက်​ကြီး ထဲ​သို့​လား​စေ​ရန်​အ​မိန့်​ပေး​တော်​မ​မူ​ပါ​နှင့်'' ဟု​တောင်း​ပန်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

31 င ရဲ ထဲ သို့ နှင် တော် မ မူ စေ ရန် တောင်း ပန် ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

31 အ​နက်​ဆုံး​သော အ​ရပ်​သို့​သွား​စေ​ခြင်း​ငှာ မ​နှင်​ပါ​မည်​အ​ကြောင်း တောင်း​ပန်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

31 တစ်ဖန် နတ်ဆိုး​တို့​က မိမိ​တို့​ကို အတိုင်းမသိ​နက်ရှိုင်းရာ​အရပ်​ထဲသို့​သွား​ရန် အမိန့်​မ​ပေး​ပါ​မည့်အကြောင်း ကိုယ်တော်​အား​တောင်းပန်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

31 အ​နက်​ဆုံး​သော အ​ရပ်​သို့​သွား​စေ​ခြင်း​ငှာ မ​နှင်​ပါ​မည်​အ​ကြောင်း တောင်း​ပန်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 8:31
14 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ရှင်ဘုရင်​က လက်ဝဲတော်ဘက်​၌ ရှိသော​သူတို့​အား ‘ကျိန်ဆဲခြင်း​ခံရသော​သူတို့… ငါ့​ထံမှ ထွက်သွားကြလော့။ မာရ်နတ်​နှင့် သူ​၏ နတ်ဆိုးများ​အတွက် ပြင်ဆင်ထားသော​ထာဝရ​မီး​ထဲသို့ သွားကြလော့။


ထို​သူ​သည် ယေရှု​ကို မြင်​လျှင် ရှေ့တော်​၌ ဝပ်တွားခယလေ၏။ ထို့နောက် ကျယ်လောင်သော​အသံ​ဖြင့် အော်ဟစ်​လျက် “အမြင့်မြတ်ဆုံးသော​ဘုရားသခင်​၏​သားတော်​ယေရှု… ကိုယ်တော်​သည် အကျွန်ုပ်​နှင့် မည်သို့​ဆိုင်သနည်း။ အကျွန်ုပ်​ကို ညှဉ်းဆဲတော်မမူ​ရန် တောင်းပန်ပါ၏” ဟု လျှောက်လေ၏။


ထို​အရပ်​၌ တောင်စောင်း​ပေါ်တွင် ကျက်စားနေသော ဝက်အုပ်​တစ်အုပ်​ရှိ၏။ နတ်ဆိုးတို့​က ထို​ဝက်အုပ်​ထဲသို့ ဝင်ခွင့်ပြု​ရန် တောင်းပန်​လျှင် ယေရှု​သည် ခွင့်ပြုတော်မူ၏။


သို့မဟုတ် ‘ခရစ်တော်​ကို သေခြင်း​မှ ထမြောက်​စေတော်မူ​ရန် တွင်းနက်ကြီး​ထဲသို့ မည်သူ​ဆင်းမည်နည်း’ ဟူ၍ မပြောဆိုနှင့်” ဟု ဆိုထား၏။


သူတို့​သက်သေခံ​ပြီး​သောအခါ တွင်းနက်ကြီး​ထဲမှ တက်လာသော သားရဲ​သည် သူတို့​ကို တိုက်ခိုက်​အောင်နိုင်​၍ သတ်ဖြတ်​လိမ့်မည်။


သင်​မြင်ရသော​သားရဲ​သည် ယခင်က အသက်ရှင်​သော်လည်း ယခု​မရှင်တော့ပေ။ သို့သော် မကြာမီ သူ​သည် တွင်းနက်ကြီး​ထဲမှ တက်လာပြီး ဖျက်ဆီးခြင်း​ကို ခံရ​လိမ့်မည်။ ကမ္ဘာလောက​၌ နေထိုင်ကြသော​သူတို့​တွင် ကမ္ဘာဦး​အစ​ကပင် အသက်​စာစောင်​၌ စာရင်း​မဝင်သူများ​က ထို​သားရဲ​ကို မြင်ရ​သောအခါ အလွန်​အံ့ဩကြ​လိမ့်မည်။ အကြောင်းမှာ ယခင်​အသက်ရှင်ခဲ့သည့် ထို​သားရဲ​သည် ယခု​မရှင်တော့​သော်လည်း မကြာမီ​ပြန်ပေါ်လာ​ဦးမည့်​အတွက်ကြောင့် ဖြစ်၏။


သို့ရာတွင် သားရဲ​သည် မိမိ​ကိုယ်စား နိမိတ်​လက္ခဏာများ​ပြသော ပရောဖက်​အတုအယောင်​နှင့်အတူ ဖမ်းဆီးခံရ၏။ ထို​ပရောဖက်​မှာ သားရဲ​၏​အမှတ်တံဆိပ်​ကို ခံယူကြ​လျက် သားရဲ​၏​ရုပ်တု​ကို ကိုးကွယ်ကြသော​သူတို့​အား ထို​နိမိတ်​လက္ခဏာများ​ဖြင့် လှည့်ဖြားသူ​ဖြစ်၏။ သူတို့​နှစ်ဦး​သည် ကန့်​နှင့် လောင်သော​မီးအိုင်​ထဲသို့ အရှင်​လတ်လတ် ပစ်ချခံကြရ၏။


သူတို့​၏​ရှင်ဘုရင်​မှာ တွင်းနက်ကြီး​၏​ကောင်းကင်တမန်​ဖြစ်၏။ သူ​၏ အမည်​မှာ ဟေဗြဲဘာသာ​ဖြင့် အာဗဒ္ဒုန်၊ ဂရိဘာသာ​ဖြင့် အပေါလျုန် ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ