ထိုအခါ ယေရှုက “ဤအဆောက်အအုံများကို သင်တို့မြင်ကြသည် မဟုတ်လော။ သင်တို့အား ငါအမှန်ဆို၏။ ဤအဆောက်အအုံများသည် အကုန်အစင်ဖြိုဖျက်ခံရလိမ့်မည်။ ကျောက်တစ်ချပ်အပေါ်တွင် တစ်ချပ်မျှ တင်ကျန်နေလိမ့်မည် မဟုတ်” ဟု မိန့်တော်မူ၏။
ဗျာဒိတ် 21:22 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မြို့ထဲ၌ ဗိမာန်တော်ကို ကျွန်ုပ်မမြင်ရ။ အဘယ်ကြောင့်ဆိုသော် အနန္တတန်ခိုးရှင် ဘုရားသခင်နှင့် သိုးသငယ်တော်သည် မြို့၏ဗိမာန်ဖြစ်တော်မူသောကြောင့်ပင်။ Common Language Bible ထိုမြို့တော်ထဲတွင်ဗိမာန်တော်ကိုငါမတွေ့ရ။ အဘယ်ကြောင့်ဆိုသော်ထိုမြို့၏ဗိမာန်တော်သည် အနန္တတန်ခိုးရှင်ထာဝရအရှင်ဘုရားသခင် နှင့်သိုးသူငယ်တို့ဖြစ်သောကြောင့်တည်း။- Garrad Bible ထို မြို့ တော်၌ ဗိ မာန် တော် မ ပေါ်။ အ န န္တ တန် ခိုး ရှင် ထာ ဝ ရ ဘု ရား သ ခင် နှင့် သိုး ငယ် တော် သည် ဗိ မာန် တော် ဖြစ်၏။ Judson Bible မြို့ထဲ၌ ဗိမာန်တော်ကိုငါမမြင်၊ အကြောင်းမူကား၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရအရှင် ဘုရားသခင်နှင့် သိုးသငယ်သည် ထိုမြို့၏ ဗိမာန်ဖြစ်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုမြို့၌ ဗိမာန်တော်ကို ငါမတွေ့ရပေ။ အကြောင်းမူကား အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်နှင့် သိုးသငယ်တော်သည် ထိုမြို့၏ဗိမာန်တော်ဖြစ်၏။ |
ထိုအခါ ယေရှုက “ဤအဆောက်အအုံများကို သင်တို့မြင်ကြသည် မဟုတ်လော။ သင်တို့အား ငါအမှန်ဆို၏။ ဤအဆောက်အအုံများသည် အကုန်အစင်ဖြိုဖျက်ခံရလိမ့်မည်။ ကျောက်တစ်ချပ်အပေါ်တွင် တစ်ချပ်မျှ တင်ကျန်နေလိမ့်မည် မဟုတ်” ဟု မိန့်တော်မူ၏။
ဘုရားသခင်သည် လူသားအားဖြင့် ဘုန်းထင်ရှားတော်မူလျှင် ဘုရားသခင်သည် ကိုယ်တိုင် လူသားကို ချက်ချင်းပင် ဘုန်းကြီးစေတော်မူလိမ့်မည်။
ယေရှုက “အမျိုးသမီး… ငါ့စကားကို ယုံလော့။ ဤတောင်တွင်လည်းမဟုတ်၊ ဂျေရုဆလင်မြို့တွင်လည်း မဟုတ်ဘဲ ခမည်းတော်ကို သင်တို့ကိုးကွယ်ရမည့်အချိန် ရောက်လာလိမ့်မည်။
သို့သော်လည်း စစ်မှန်သောကိုးကွယ်သူတို့သည် ခမည်းတော်ကို စိတ်ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာတရားနှင့်လည်းကောင်း ကိုးကွယ်မည့်အချိန် ရောက်လာလိမ့်မည်။ စင်စစ် ယခုပင် ရောက်လျက်ရှိ၏။ ခမည်းတော်သည် မိမိအား ထိုကဲ့သို့ကိုးကွယ်သူများကို အလိုရှိတော်မူ၏။
အဘယ်ကြောင့်ဆိုသော် ဘုရားဖြစ်ခြင်း၏ ပြည့်စုံမှုအားလုံးသည် ခရစ်တော်ထံ၌ ကိုယ်ခန္ဓာအသွင်ဖြင့် ကိန်းအောင်းတော်မူပြီး
ယခုရှိလျက်၊ ယခင်ကလည်းရှိလျက် နောင်အခါ၌လည်းကြွလာမည့် အနန္တတန်ခိုးရှင်ဘုရားသခင်က “ငါသည် အာလဖာနှင့် အိုမီဂါ ဖြစ်၏” ဟု မိန့်တော်မူ၏။
“ယခုရှိလျက်၊ ယခင်ကလည်းရှိတော်မူသည့် အနန္တတန်ခိုးရှင် ဘုရားသခင်ကို အကျွန်ုပ်တို့ကျေးဇူးတင်ပါ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် မဟာတန်ခိုးကို ခံယူ၍ အုပ်စိုးတော်မူသောကြောင့်ဖြစ်၏။
ဤလူတို့သည် အမျိုးသမီးများနှင့် မေထုန်အမှု မညစ်ညူးသည့် လူပျိုစင်များဖြစ်ပြီး သိုးသငယ်တော် သွားလေရာအရပ်သို့ လိုက်ပါသူများဖြစ်ကြ၏။ ထိုသူတို့သည် ဘုရားသခင်နှင့် သိုးသငယ်တော်အတွက် အဦးဆုံးသောအသီးကဲ့သို့ ပူဇော်ခံရရန် လူတို့ထဲမှ ရွေးနုတ်ကယ်တင်ခံထားရသောသူများလည်း ဖြစ်ကြ၏။
ထိုသူတို့သည် ဘုရားသခင်၏ အစေခံမောရှေ၏သီချင်းနှင့် သိုးသငယ်တော်၏ သီချင်းကို သီဆိုနေကြ၏။ ထိုသီချင်းမှာ “အို အနန္တတန်ခိုးရှင် ဘုရားသခင်… ကိုယ်တော်၏ လုပ်ဆောင်မှုတို့သည် ကြီးမြတ်၍ အံ့ဖွယ်ဖြစ်ပါ၏။ အို လူမျိုးအပေါင်းတို့၏ ဘုရင်… ကိုယ်တော်၏ နည်းလမ်းတို့သည် တရားမျှတ၍ မှန်ကန်ပါ၏။
သူတို့သည် နိမိတ်လက္ခဏာများကို ပြနိုင်သော နတ်ဆိုးတို့၏ဝိညာဉ်များဖြစ်ကြ၏။ ၎င်းတို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ တရားစီရင်ရာနေ့ရက်ကြီးတွင် ဆင်နွှဲမည့်စစ်ပွဲအတွက် ကမ္ဘာတစ်ဝန်းလုံးရှိ ရှင်ဘုရင်များကို စုဝေးရန် ထွက်ခွာသွားကြ၏။
ထို့နောက် “မှန်ပါ၏။ အို အနန္တတန်ခိုးရှင် ဘုရားသခင်… ကိုယ်တော်၏ စီရင်တော်မူချက်တို့သည် မှန်ကန်၍ တရားမျှတပါ၏” ဟူ၍ ယဇ်ပလ္လင်မှ ထွက်လာသောအသံကို ကျွန်ုပ်ကြားရ၏။
ဘုရားသခင်ကို ဆန့်ကျင်သောလူမျိုးတို့ကို နှိမ်နင်းရန် ထက်သောသန်လျက်သည် သူ၏ခံတွင်းမှ ထွက်၏။ သူသည် ထိုသူတို့ကို သံလှံတံဖြင့် အုပ်စိုးတော်မူလိမ့်မည်။ သူသည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ ကြီးမားသောအမျက်တော်ဟူသော စပျစ်သီးနယ်ရာကျင်းကို နင်းတော်မူလိမ့်မည်။
သတ္တဝါလေးပါးတွင် တောင်ပံခြောက်ခုစီရှိ၍ တောင်ပံအတွင်းနှင့်အပြင်၌ မျက်လုံးများအပြည့်ရှိ၏။ သူတို့က “ယခုရှိလျက်၊ ယခင်ကလည်းရှိလျက် နောင်အခါ၌လည်းကြွလာမည့် အနန္တတန်ခိုးရှင် ဘုရားသခင်သည် သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏” ဟူ၍ နေ့ညမပြတ် ကြွေးကြော်နေကြ၏။
ထို့နောက် အသေသတ်ခံရပြီးသကဲ့သို့ဖြစ်သော သိုးသငယ်တော်ကို ကျွန်ုပ်မြင်ရ၏။ ထိုသိုးသငယ်သည် ရာဇပလ္လင်တော်နှင့် သတ္တဝါလေးပါးတို့၏အလယ်၌ ရှိပြီး အကြီးအကဲတို့က ဝန်းရံထား၏။ ထိုသိုးသငယ်တော်၌ ချိုခုနစ်ချောင်းနှင့် မျက်လုံးခုနစ်လုံးရှိ၏။ ထိုမျက်လုံးတို့သည် ကမ္ဘာမြေတစ်ခွင်လုံးသို့ စေလွှတ်ခံရသော ဘုရားသခင်၏ ဝိညာဉ်ခုနစ်ပါးဖြစ်၏။
ထို့ကြောင့် သူတို့သည် ဘုရားသခင်၏ ရာဇပလ္လင်တော်ရှေ့ ကိုယ်တော်၏ဗိမာန်တော်၌ နေ့ညမပြတ် ဘုရားသခင်ကို ဝတ်ပြုကြ၏။ ရာဇပလ္လင်တော်ပေါ် ထိုင်တော်မူသောအရှင်သည်လည်း သူတို့နှင့်အတူရှိ၍ ကာကွယ်စောင့်ရှောက်တော်မူလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ရာဇပလ္လင်တော်အလယ်၌ရှိသော သိုးသငယ်တော်သည် သူတို့၏သိုးထိန်းဖြစ်၍ အသက်စမ်းရေတွင်းသို့ ပို့ဆောင်တော်မူမည်ဖြစ်သောကြောင့်ပင်။ ဘုရားသခင်သည် သူတို့၏ ရှိသမျှမျက်ရည်တို့ကို သုတ်ပေးတော်မူလိမ့်မည်” ဟုဆို၏။