ဗျာဒိတ် 5:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း6 ထို့နောက် အသေသတ်ခံရပြီးသကဲ့သို့ဖြစ်သော သိုးသငယ်တော်ကို ကျွန်ုပ်မြင်ရ၏။ ထိုသိုးသငယ်သည် ရာဇပလ္လင်တော်နှင့် သတ္တဝါလေးပါးတို့၏အလယ်၌ ရှိပြီး အကြီးအကဲတို့က ဝန်းရံထား၏။ ထိုသိုးသငယ်တော်၌ ချိုခုနစ်ချောင်းနှင့် မျက်လုံးခုနစ်လုံးရှိ၏။ ထိုမျက်လုံးတို့သည် ကမ္ဘာမြေတစ်ခွင်လုံးသို့ စေလွှတ်ခံရသော ဘုရားသခင်၏ ဝိညာဉ်ခုနစ်ပါးဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible6 ထိုနောက်သိုးသူငယ်သည်သက်ရှိသတ္တဝါလေး ပါးတို့နှင့်အကြီးအကဲများခြံရံလျက်ရှိ သည့်ပလ္လင်တော်အလယ်၌ရပ်လျက်နေသည် ကိုငါမြင်၏။ သူသည်ယဇ်ပူဇော်ရန်အသတ် ခံရပြီးသည့်သိုးနှင့်တူ၏။ သူ့မှာဦးချိုခုနစ် ချောင်းနှင့်မျက်စိခုနစ်လုံးရှိ၏။ ယင်းတို့သည် ကမ္ဘာမြေတစ်ပြင်လုံးသို့ဘုရားသခင်စေ လွှတ်တော်မူသောဝိညာဉ်ခုနစ်ပါးဖြစ်၏။- အခန်းကိုကြည့်ပါ။Garrad Bible6 မြေ တစ် ပြင် လုံး သို့ စေ လွှတ် သည့် ဘု ရား သ ခင့် ဝိ ညာဉ် ခု နစ် ပါး တည်း ဟူ သော မျက် စိ ခု နစ် လုံး၊ ဦး ချို ခု နစ် ချောင်း နှင့် စုံ လင် လျက် ကွပ် မျက် ခံ ခဲ့ ဟန် ရှိ သော သိုး ငယ် တော် သည် ပ လ္လင် တော် ဗ ဟို၊ သ တ္တ ဝါ လေး ပါး နှင့် အ ကြီး အ ကဲ တို့ ဗ ဟို တွင် ရပ် နေ၍၊ အခန်းကိုကြည့်ပါ။Judson Bible6 ထိုအခါ ပလ္လင်တော်မှစသော သတ္တဝါလေးပါးနှင့် အသက်ကြီး သူတို့အလယ်၌၊ အသေသတ်ပြီးသကဲ့သို့သော သိုးသငယ်သည် ရပ်လျက်ရှိသည်ကို ငါမြင်၏။ ထိုသိုးသငယ်သည် မြေကြီးတစ်ပြင်လုံး၌ လွှတ်သော ဘုရားသခင်၏ ဝိညာဉ်ခုနစ်ပါးတည်းဟူသော မျက်စိခုနစ်လုံးနှင့် ချိုခုနစ်ချောင်းရှိ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 ထို့နောက် အသေသတ်ခြင်းခံခဲ့ရပုံပေါ်သော သိုးသငယ်တော်သည် ပလ္လင်တော်နှင့်သတ္တဝါလေးပါးတို့၏အကြား၊ သက်ကြီးဝါကြီးတို့၏အလယ်၌ ရပ်လျက်နေသည်ကို ငါမြင်ရ၏။ ထိုသိုးသငယ်တော်၌ ဦးချိုခုနစ်ချောင်းနှင့် မျက်စိခုနစ်လုံးရှိ၏။ ထိုမျက်စိတို့သည် မြေကြီးတစ်ပြင်လုံးသို့စေလွှတ်ခြင်းခံရသော ဘုရားသခင်၏ဝိညာဉ်ခုနစ်ပါးဖြစ်ကြ၏။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်သည် အကျွန်ုပ်တို့ကို ရန်သူတို့၏လက်မှလည်းကောင်း၊ အကျွန်ုပ်တို့ကို မုန်းသောသူအပေါင်းတို့၏လက်မှလည်းကောင်း ကယ်တင်တော်မူမည်ဟု ရှေးအခါက သူ၏သန့်ရှင်းသောပရောဖက်များအားဖြင့် မိန့်တော်မူခဲ့သည့်အတိုင်း သူ၏အစေခံ ဒါဝိဒ်မင်းအမျိုးအနွယ်ထဲမှ တန်ခိုးကြီးသောကယ်တင်ရှင်ကို ပေါ်ထွန်းစေတော်မူပြီ။
ထို့ပြင် ကောင်းကင်၊ မြေကြီး၊ မြေကြီးအောက်၊ ပင်လယ်ထဲစသည့် နေရာအသီးသီး၌ ရှိကြသော ဖန်ဆင်းခံသတ္တဝါအပေါင်းတို့က “ရာဇပလ္လင်တော်ပေါ်တွင် ထိုင်တော်မူသောအရှင်နှင့် သိုးသငယ်တော်သည် အစဉ်ထာဝရ ချီးမွမ်းခြင်းကို ခံစား၍ ဂုဏ်အသရေ၊ ဘုန်းအသရေ၊ ဘုန်းတန်ခိုးတို့နှင့် အစဉ်ထာဝရ တည်ရှိပါစေသော” ဟု ကြွေးကြော်ကြသည်ကို ကျွန်ုပ်ကြားရ၏။