သို့သော်လည်း ဖိတ်ခေါ်ခံထားရသောသူများသည် လျစ်လျူရှု၍ တချို့သည် မိမိလယ်သို့လည်းကောင်း၊ တချို့သည် ကုန်သွယ်ရာသို့လည်းကောင်း ထွက်သွားကြ၏။
ဗျာဒိတ် 18:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း လောကီကုန်သည်များသည်လည်း သူတို့၏ ကုန်ပစ္စည်းများကို ဝယ်ယူမည့်သူတစ်ယောက်မျှ မရှိတော့သဖြင့် သူ့အတွက် ငိုကြွေးမြည်တမ်းကြလိမ့်မည်။ Common Language Bible ကမ္ဘာပေါ်ရှိကုန်သည်ကြီးတို့သည်လည်းမိမိ တို့ကုန်ပစ္စည်းများကိုဝယ်ယူမည့်သူတစ်ယောက် မျှမရှိတော့သဖြင့်ငိုကြွေးမြည်တမ်း၍ဝမ်း နည်းပူဆွေးကြ၏။- Garrad Bible မြေ ကြီး ကုန် သည် တို့ သည် ရွှေ၊ ငွေ၊ ကျောက် မျက်၊ ပု လဲ၊ ပိတ် ချော၊ အ မောင်း ထည်၊ ပိုး ထည်၊ အ နီ ထည်၊ နံ့ သာ သား အ မျိုး မျိုး၊ ဆင် စွယ် အ သုံး အ ဆောင် မှ စ၍ အ ဖိုး ထိုက် သစ် သား၊ ကြေး၊ သံ၊ ကျောက် ဖြူ အ သုံး အ ဆောင်၊ သစ် ကြံ ပိုး၊ ဖာ လာ၊ နံ့ သာ ပေါင်း၊ နံ့ သာ ဆီ၊ လော ဗန် စေး၊ စ ပျစ် ရည်၊ ဆီ၊ မုန့် ညက်၊ စ ပါး၊ နွား၊ သိုး၊ မြင်း၊ ရ ထား နှင့်၊ ကိုယ် ကာ ယ အ သက် ဝိ ညာဉ် ပါ လူ တည်း ဟူ သော ကုန် စည် များ ကို နောင် မည် သူ မျှ ဝယ် ယူ တော့ မည် မ ဟုတ် သော ကြောင့် ငို ကြွေး မြည် တမ်း ကြ လိမ့် မည်။ Judson Bible လောကီကုန်သည်တို့သည် ထိုအတူ ငိုကြွေး၍ စိတ်မသာ ညည်းတွားကြလိမ့်မည်။ အကြောင်းမူကား၊ သူတို့ ကုန်သွယ်ဥစ္စာတည်း ဟူသော၊- မြန်မာ့စံမီသမ္မာကျမ်း ကမ္ဘာမြေကြီးပေါ်ရှိ ကုန်သည်များသည်လည်း သူတို့၏ကုန်ပစ္စည်းများကို ဝယ်ယူမည့်သူတစ်စုံတစ်ဦးမျှမရှိတော့သဖြင့် သူ့အတွက်ဝမ်းနည်းကြေကွဲလျက် ငိုကြွေးကြလိမ့်မည်။ |
သို့သော်လည်း ဖိတ်ခေါ်ခံထားရသောသူများသည် လျစ်လျူရှု၍ တချို့သည် မိမိလယ်သို့လည်းကောင်း၊ တချို့သည် ကုန်သွယ်ရာသို့လည်းကောင်း ထွက်သွားကြ၏။
ယေရှုက ချိုးငှက်ရောင်းသူတို့အား “ဤအရာများကို ယူသွားကြ။ ငါ့အဖအိမ်တော်ကို ဈေးမဖြစ်စေနှင့်” ဟု မိန့်တော်မူ၏။
ထိုသူတို့သည် မိမိတို့၏ လောဘစိတ်နှင့် လုပ်ကြံဇာတ်လမ်းများဖြင့် သင်တို့အပေါ် အမြတ်ထုတ်ကြလိမ့်မည်။ ဘုရားသခင်သည် ထိုသူတို့ ခံရမည့်ပြစ်ဒဏ်ကို ယခင်ကပင် ချမှတ်ထားတော်မူခဲ့၏။ သူတို့၏ ပျက်စီးခြင်းကိုလည်း နှောင့်နှေးစေတော်မူမည် မဟုတ်။
ထိုမြို့ကို အမှီပြု၍ အဆိုပါပစ္စည်းများကို ရောင်းဝယ်ခြင်းဖြင့် ချမ်းသာလာကြသော ကုန်သည်များသည် ထိုမြို့ခံရသည့် ညှဉ်းဆဲမှုကို ကြောက်ရွံ့၍ အဝေးတွင် ရပ်လျက်
အို ကောင်းကင်ဘုံသားတို့… ထိုမြို့၏ပျက်စီးခြင်းအတွက် ဝမ်းမြောက်ကြလော့။ အို သန့်ရှင်းသောသူတို့၊ တမန်တော်တို့နှင့် ပရောဖက်တို့… ဝမ်းမြောက်ကြလော့။ သင်တို့အပေါ် ပြုခဲ့သည့်အမှုအတွက် ဘုရားသခင်သည် ထိုမြို့ကို တရားစီရင်တော်မူပြီ။
ဆီမီးအလင်းသည်လည်း သင့်ထဲ၌ မည်သည့်အခါမျှ ထွန်းလင်းတော့မည် မဟုတ်။ သတို့သားနှင့် သတို့သမီးတို့၏ ပျော်ရွှင်သောအသံကိုလည်း သင့်ထဲ၌ မည်သည့်အခါမျှ ကြားရတော့မည် မဟုတ်။ သင်၏ ကုန်သည်ကြီးများသည် ဤကမ္ဘာလောကတွင် အရှိန်အဝါကြီးသူများ ဖြစ်ကြ၏။ လူမျိုးအပေါင်းတို့သည် သင်၏ ပြုစားခြင်းဖြင့် လှည့်ဖြားခံကြရပြီ။
လူမျိုးအပေါင်းတို့သည် တရားနှင့်မညီသော မေထုန်ပြုခြင်းဟူသည့် သူ၏စပျစ်ဝိုင်ကို သောက်ကြပြီ။ လောကီဘုရင်တို့သည် တရားနှင့်မညီသော မေထုန်ပြုခြင်းကို သူနှင့် ကျူးလွန်ကြ၏။ လောကီကုန်သည်တို့သည်လည်း သူ၏ အလွန်အကျွံစည်းစိမ်ခံစားလိုသောဆန္ဒကြောင့် ကြီးပွားချမ်းသာလာကြပြီ” ဟု ကျယ်လောင်သောအသံဖြင့် ကြွေးကြော်၏။
သူနှင့်အတူ တရားနှင့်မညီသော မေထုန်ကိုပြု၍ စည်းစိမ်ခံစားခဲ့သော လောကီဘုရင်တို့သည် သူ့အား လောင်ကျွမ်းသည့်မီးမှ မီးခိုးကို မြင်သောအခါ ငိုကြွေးမြည်တမ်းကြလိမ့်မည်။