Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဗျာ​ဒိတ် 18:11 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ကမ္ဘာ​မြေကြီး​ပေါ်​ရှိ ကုန်သည်​များ​သည်​လည်း သူ​တို့​၏​ကုန်ပစ္စည်း​များ​ကို ဝယ်ယူ​မည့်​သူ​တစ်စုံတစ်ဦး​မျှ​မ​ရှိ​တော့​သဖြင့် သူ့​အတွက်​ဝမ်းနည်း​ကြေကွဲ​လျက် ငိုကြွေး​ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 ကမ္ဘာ​ပေါ်​ရှိ​ကုန်​သည်​ကြီး​တို့​သည်​လည်း​မိ​မိ တို့​ကုန်​ပစ္စည်း​များ​ကို​ဝယ်​ယူ​မည့်​သူ​တစ်​ယောက် မျှ​မ​ရှိ​တော့​သ​ဖြင့်​ငို​ကြွေး​မြည်​တမ်း​၍​ဝမ်း နည်း​ပူ​ဆွေး​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11-13 မြေ ကြီး ကုန် သည် တို့ သည် ရွှေ၊ ငွေ၊ ကျောက် မျက်၊ ပု လဲ၊ ပိတ် ချော၊ အ မောင်း ထည်၊ ပိုး ထည်၊ အ နီ ထည်၊ နံ့ သာ သား အ မျိုး မျိုး၊ ဆင် စွယ် အ သုံး အ ဆောင် မှ စ၍ အ ဖိုး ထိုက် သစ် သား၊ ကြေး၊ သံ၊ ကျောက် ဖြူ အ သုံး အ ဆောင်၊ သစ် ကြံ ပိုး၊ ဖာ လာ၊ နံ့ သာ ပေါင်း၊ နံ့ သာ ဆီ၊ လော ဗန် စေး၊ စ ပျစ် ရည်၊ ဆီ၊ မုန့် ညက်၊ စ ပါး၊ နွား၊ သိုး၊ မြင်း၊ ရ ထား နှင့်၊ ကိုယ် ကာ ယ အ သက် ဝိ ညာဉ် ပါ လူ တည်း ဟူ သော ကုန် စည် များ ကို နောင် မည် သူ မျှ ဝယ် ယူ တော့ မည် မ ဟုတ် သော ကြောင့် ငို ကြွေး မြည် တမ်း ကြ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 လော​ကီ​ကုန်​သည်​တို့​သည် ထို​အ​တူ ငို​ကြွေး၍ စိတ်​မ​သာ ညည်း​တွား​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သူ​တို့ ကုန်​သွယ်​ဥ​စ္စာ​တည်း ဟူ​သော၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

11 လောကီ​ကုန်သည်များ​သည်​လည်း သူတို့​၏ ကုန်ပစ္စည်းများ​ကို ဝယ်ယူမည့်သူ​တစ်ယောက်​မျှ မရှိတော့​သဖြင့် သူ့​အတွက် ငိုကြွေး​မြည်တမ်းကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာ​ဒိတ် 18:11
18 ပူးပေါင်းရင်းမြစ်များ  

အကြောင်းမူကား ဉာဏ်ပညာ​မှ​ရရှိ​သော​အကျိုးအမြတ်​သည် ငွေ​မှ​ရရှိ​သော​အကျိုးအမြတ်​ထက် ပို၍​ကောင်း​၏​။ ၎င်း​၏​အမြတ်အစွန်း​သည်​လည်း ရွှေ​ထက် ပို၍​ကောင်း​၏​။


တိုင်းနိုင်ငံ​တို့​၏​ဂုဏ်သရေ​၊ ခါလဒဲ​လူမျိုး​တို့​ဂုဏ်ယူ​ဝါကြွား​ရာ​ဖြစ်​သော ဘေဘီလုံ​မြို့​သည် ဘုရားသခင်​ဖြိုဖျက်​ခဲ့​သော သောဒုံ​မြို့​နှင့်​ဂေါမောရ​မြို့​ကဲ့သို့​ဖြစ်​လိမ့်မည်​။


သင့်​အတွက် ကြိုးစားအားထုတ်​လုပ်ဆောင်​ပေး​ခဲ့​သူ​၊ သင်​ငယ်စဉ်​ကတည်းက သင်​နှင့်​ရောင်းဝယ်ဖောက်ကား​ခဲ့​သူ​တို့​သည် ထိုသို့​ဖြစ်​လိမ့်မည်​။ သူ​တို့​သည် အသီးသီး ခြေဦးတည့်ရာ​သို့ လှည့်လည်သွားလာ​ရ​ကြ​၍ သင့်​ကို​ကယ်တင်​နိုင်​မည်​မ​ဟုတ်​။


အပျက်အစီး​ပြုပြင်ဖာထေး​ပေး​သော ဂေဗလ​မြို့သား ဝါရင့်​ပညာရှင်​များ​လည်း​ရှိ​၏​။ ပင်လယ်ကူးသင်္ဘော​များ​၊ သင်္ဘောသား​များ​သည် သင့်​ထံ​လာ​၍ ကုန်စည်​ရောင်းဝယ်​ဖောက်ကား​ကြ​၏​။


ကုန်သည်​အပေါင်း​တို့​ကို သုတ်သင်​၍ ငွေ​ချိန်​သူ​အပေါင်း​တို့​ကို ဖယ်ရှား​ပစ်​မည်​ဖြစ်​သောကြောင့် အို မတ္တေရှ​အရပ်သား​တို့​၊ ညည်းတွား​ကြ​လော့​။


ထာဝရဘုရား​၏​အမျက်​တော်​ကျရောက်​သော​နေ့​၌ သူ​တို့​၏​ရွှေ​ငွေ​များ​သည် သူ​တို့​ကို ကယ်တင်​နိုင်​မည်​မ​ဟုတ်​။ သဝန်တို​ခြင်း​မီး​သည် မြေ​တစ်ပြင်လုံး​ကို လောင်ကျွမ်း​သွား​လိမ့်မည်​။ မြေကြီးသား​အပေါင်း​တို့​ကို ထိတ်လန့်​တုန်လှုပ်​စွာ​ဖြင့် ဘဝနိဂုံးချုပ်​စေ​မည်​။


သို့သော် သူ​တို့​သည် ဂရုမစိုက်​ကြ​ဘဲ တစ်​ဦး​သည် မိမိ​လယ်​သို့​လည်းကောင်း၊ အခြား​တစ်​ဦး​သည် မိမိ​ကုန်သွယ်​ရာ​သို့​လည်းကောင်း သွား​ကြ​၏။


ချိုးငှက်​များ​ကို​ရောင်း​နေ​သော​သူ​တို့​အား​လည်း“ဤ​ဥစ္စာ​များ​ကို ဤ​နေရာ​မှ​ယူ​သွား​ကြ​လော့။ ငါ့​ခမည်းတော်​၏​အိမ်​တော်​ကို ဈေး​ရုံ​မ​ဖြစ်​စေ​ကြ​နှင့်”​ဟု မိန့်​တော်မူ​၏။


သူ​တို့​သည် လောဘ​စိတ်​ဖြင့် လုပ်ကြံ​ဖန်တီး​သော​စကား​များ​ကို​ပြောဆို​လျက် သင်​တို့​အပေါ် အမြတ်ထုတ်​ကြ​လိမ့်မည်။ သူ​တို့​ခံရ​မည့် ပြစ်ဒဏ်​စီရင်​ခြင်း​သည် ရှေးယခင်​က​ပင် ဖင့်နှေး​ခြင်း​မ​ရှိ။ သူ​တို့​၏​ပျက်စီး​ခြင်း​သည်​လည်း ငိုက်မျဉ်း​ခြင်း​မ​ရှိ။


သူ့​အားဖြင့် ချမ်းသာ​လာ​သော​သူ​များ​ဖြစ်​ကြ​သည့် ထို​ကုန်ပစ္စည်း​တို့​ကို​ပိုင်ဆိုင်​သော​ကုန်သည်​တို့​သည် သူ​ခံရ​သည့်​ညှဉ်းဆဲ​ခြင်း​ကို ကြောက်​ကြ​သောကြောင့် အဝေး​မှ​ရပ်​လျက် ဝမ်းနည်း​ကြေကွဲ​၍ ငိုကြွေး​ကြ​ကာ


ကောင်းကင်​မှစ၍ သန့်ရှင်း​သူ​များ၊ တမန်တော်​များ​နှင့် ပရောဖက်​များ​တို့၊ ထို​မြို့​၏​အဖြစ်​ကြောင့် ပျော်ရွှင်​ကြ​လော့။ အကြောင်းမူကား ဘုရားသခင်​သည် သင်​တို့​ဘက်​၌​နေ​၍ ထို​မြို့​အပေါ် ပြစ်ဒဏ်​စီရင်​ခြင်း​ကို​သက်ရောက်​စေ​တော်မူ​ပြီ”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။


ဆီမီး​၏​အလင်း​ကို​လည်း သင့်​အထဲ၌ လုံးဝ​ထွန်းလင်း​တော့မည်​မ​ဟုတ်။ မင်္ဂလာဆောင်​သတို့သား​နှင့်​သတို့သမီး​တို့​၏​အသံ​ကို​လည်း သင့်​အထဲ၌ လုံးဝ​ကြား​ရ​တော့မည်​မ​ဟုတ်။ အကြောင်းမူကား သင်​၏​ကုန်သည်​တို့​သည် ကမ္ဘာ​မြေကြီး​၏​မှူးကြီးမတ်ရာ​များ​ဖြစ်​ကြ​၏။ လူမျိုး​တကာ​တို့​သည်​လည်း သင်​၏​ပြုစား​ခြင်း​ဖြင့် လှည့်ဖြား​ခြင်း​ကို​ခံ​ခဲ့​ရ​ကြ​၏။


အကြောင်းမူကား လူမျိုး​အပေါင်း​တို့​သည် သူ​၏​တရားနှင့်မညီ​မေထုန်ပြု​ခြင်း​နှင့်ဆိုင်သည့် ပြင်းစွာ​သော​ဒေါသ​စပျစ်​ဝိုင်​ကို​သောက်​ကြ​၍ ကမ္ဘာ​မြေကြီး​၏​ရှင်ဘုရင်​တို့​သည် သူ​နှင့်အတူ​တရားနှင့်မညီ​မေထုန်​ပြု​ကြ​ကာ ကမ္ဘာ​မြေကြီး​၏​ကုန်သည်​တို့​သည်​လည်း သူ​၏​လွန်ကျူး​သော​ဇိမ်ခံ​ခြင်း​အရှိန်အဝါ​အားဖြင့် ချမ်းသာ​လာ​ကြ​၏”​ဟု ဆို​၏။


သူ​နှင့်အတူ​တရားနှင့်မညီ​မေထုန်​ပြု​ကြ​ပြီး စည်းစိမ်​ခံစား​ခဲ့​ကြ​သော ကမ္ဘာ​မြေကြီး​၏​ရှင်ဘုရင်​တို့​သည် သူ့​ကို​လောင်ကျွမ်း​သည့်​မီးခိုး​ကို မြင်​ကြ​သောအခါ သူ့​အတွက် ရင်ဘတ်​စည်တီး​လျက်​ငိုကြွေး​ကြ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ