သို့သော် သင်၏ယုံကြည်ခြင်းမပျက်သုဉ်းစေရန် သင့်အတွက် ငါဆုတောင်းပြီ။ သင်သည် အသိတရားပြန်ဝင်သောအခါ သင်၏ညီအစ်ကိုများအား ကြံ့ခိုင်စေလော့” ဟု မိန့်တော်မူ၏။
ဖိလိပ္ပိ 1:25 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤအရာကို ယုံကြည်စိတ်ချလျက် သင်တို့၏ ယုံကြည်ခြင်းကြီးထွားရန်နှင့် ယုံကြည်ခြင်းကြောင့် ဝမ်းမြောက်ရန်အတွက် ကျွန်ုပ်သည် အသက်ဆက်ရှင်ပြီး သင်တို့အားလုံးနှင့်အတူ ဆက်၍ ရှိနေမည်ကို ကျွန်ုပ်သိ၏။ Common Language Bible ဤသို့ယုံကြည်စိတ်ချသဖြင့်ငါသည်သင်တို့ နှင့်အတူနေမည်။ သင်တို့အားတိုးတက်ကြီး ပွားစေရန်နှင့်ယုံကြည်ခြင်း၌ဝမ်းမြောက် စေရန်ငါသည်သင်တို့နှင့်အတူနေမည်။- Garrad Bible ငါ သည် သင် တို့ နှင့် အ တူ နေ ပြန် ခွင့် ရ သည့် အ လျောက် ငါ့ အ တွက် ကြောင့် ခ ရစ် တော် ယေ ရှု အား ဖြင့် ကြွယ် ဝ စွာ ဂုဏ် တင် ရ ကြ စေ ခြင်း ငှာ လည်း ကောင်း၊ ယုံ ကြည် ခြင်း တ ရား၌ သင် တို့ တိုး ပွား၍ ရွှင် လန်း ရ ခြင်း ငှာ လည်း ကောင်း၊ ငါ ရှင် သေး လျက် သင် တို့ နှင့် အ တူ တည် နေ မည် ဟု စိတ် ချ စွာ သိ လေ ၏။ Judson Bible ထိုသို့ရှိလိမ့်မည်ဟု ယုံမှားခြင်းနှင့် ကင်းလွတ်သည်ဖြစ်၍၊ သင်တို့ရှိရာသို့ ငါတစ်ဖန် ရောက်လာသောအားဖြင့်၊ သင်တို့သည် ယေရှုခရစ်ကိုအမှီပြု၍ ငါ့အတွက်ကြောင့် သာ၍ ဝါကြွားဝမ်းမြောက်ခြင်း ရှိစေခြင်းငှာ၊ သင်တို့သည် ယုံကြည်ခြင်း၌ တိုးပွားဝမ်းမြောက်မည်အကြောင်း၊ ငါသည် ကိုယ်ခန္ဓာ၌နေ၍ သင်တို့ရှိသမျှနှင့် ပေါင်းဖော်ရမည်ဟု ငါသိ၏။- မြန်မာ့စံမီသမ္မာကျမ်း ဤသို့ ယုံကြည်စိတ်ချလျက် သင်တို့၏ယုံကြည်ခြင်းကြီးထွားမှုနှင့် ဝမ်းမြောက်မှုအတွက် ငါသည် ကိုယ်ခန္ဓာ၌တည်၍ သင်တို့အားလုံးနှင့်အတူ ဆက်၍ရှိနေမည်ဖြစ်ကြောင်း ငါသိ၏။ |
သို့သော် သင်၏ယုံကြည်ခြင်းမပျက်သုဉ်းစေရန် သင့်အတွက် ငါဆုတောင်းပြီ။ သင်သည် အသိတရားပြန်ဝင်သောအခါ သင်၏ညီအစ်ကိုများအား ကြံ့ခိုင်စေလော့” ဟု မိန့်တော်မူ၏။
ဗာနဗရောက်လာပြီး ဘုရားသခင်၏ကျေးဇူးတော်ကို မြင်တွေ့ရသောအခါ ဝမ်းမြောက်ပျော်ရွှင်၍ ထိုသူတို့အားလုံးကို ခိုင်မြဲသောစိတ်နှလုံးဖြင့် ယေရှုခရစ်တော်အား ဆက်လက်ဆည်းကပ်ရန် တိုက်တွန်းလေ၏။
သူတို့က “ကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခများစွာခံရခြင်းအားဖြင့် ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ရောက်ကြရမည်” ဟု ဆိုလျက် ထိုမြို့များရှိ တပည့်တော်တို့၏ စိတ်ကို ကြံ့ခိုင်စေကြ၏။ ယုံကြည်ခြင်းတွင်လည်း ဆက်လက်ရပ်တည်ရန် ခွန်အားပေးကြ၏။
ယခုမှာ ကျွန်ုပ်ဟောပြောသည့် နိုင်ငံတော်အကြောင်းကို ကြားခဲ့ရသော သင်တို့ရှိသမျှသည် နောက်တစ်ဖန် ကျွန်ုပ်မျက်နှာကို မြင်ကြရမည်မဟုတ်ကြောင်းကို ကျွန်ုပ်သိ၏။
ဘုရားသခင်ကို သင်တို့ယုံကြည်သောကြောင့် မျှော်လင့်ခြင်း၏ အရှင် ထိုဘုရားသခင်သည် သင်တို့အား ဝမ်းမြောက်ခြင်းနှင့် ငြိမ်းချမ်းခြင်းတို့ကို ပေးသနားတော်မူပါစေသော။ ထိုသို့အားဖြင့် သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးကြောင့် မျှော်လင့်ခြင်းအပြည့်အဝ ရှိလိမ့်မည်။
သို့သော်လည်း လူမျိုးခြားများ ဘုရားသခင်ကို နာခံလာစေရန် ခရစ်တော်သည် ကျွန်ုပ်ကို အသုံးပြု၍ ကျွန်ုပ်၏ အပြောအဆို၊ အပြုအမူအားဖြင့်လည်းကောင်း၊
ကျွန်ုပ်သည် သင်တို့ထံသို့ လာသောအခါ ခရစ်တော်၏ ကောင်းချီးမင်္ဂလာ အပြည့်နှင့် ရောက်လာမည်ကို ကျွန်ုပ်သိ၏။
ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကြောင့် ခရစ်တော်သည် ကျွန်ုပ်တို့အား ယခုကျွန်ုပ်တို့ ရရှိသည့် ကျေးဇူးတော်ကို ခံစားစေတော်မူ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ဘုန်းတော်ကို မျှဝေခံစားရန် မျှော်လင့်၍ ဂုဏ်ယူဝမ်းမြောက်ကြ၏။
သို့သော် ကျွန်ုပ်တို့သည် သင်တို့၏ ယုံကြည်ခြင်းကို ချုပ်ကိုင်ထားသည်ဟူ၍ မဆိုလိုပါ။ ကျွန်ုပ်တို့သည် သင်တို့ ဝမ်းမြောက်နိုင်ရန် သင်တို့နှင့်အတူ လက်တွဲလုပ်ဆောင်နေခြင်းသာ ဖြစ်၏။ သင်တို့သည်လည်း ယုံကြည်ခြင်းဖြင့် ခိုင်မြဲစွာ ရပ်တည်နေပြီဖြစ်၏။
ကျွန်ုပ်ကိုယ်တိုင်လည်း သင်တို့ထံသို့ မကြာမီရောက်လာမည်ဟု သခင်ဘုရားကြောင့် ကျွန်ုပ် ယုံကြည်စိတ်ချ၏။
ထို့ပြင် ကျွန်ုပ်အတွက် တည်းခိုစရာနေရာကိုလည်း ပြင်ဆင်ထားလော့။ အဘယ်ကြောင့်ဆိုသော် သင်၏ ဆုတောင်းခြင်းအားဖြင့် ဘုရားသခင်သည် ကျွန်ုပ်ကို သင်တို့ထံ ပြန်လည်ရောက်ရှိစေတော်မူမည်ဟု ကျွန်ုပ်မျှော်လင့်သောကြောင့်ဖြစ်၏။
သင်တို့သည် ကိုယ်တော်ကို မမြင်ဖူးသော်လည်း ချစ်ကြ၏။ ယခု ကိုယ်တော်ကို မတွေ့ရသေးသော်လည်း ယုံကြည်ကြ၏။ သင်တို့တွင် ဘုန်းအသရေနှင့်ပြည့်စုံသည့် ပြောမပြနိုင်လောက်သော ဝမ်းမြောက်ခြင်းရှိ၏။