ဖိလိပ္ပိ 1:12 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တွေ့ကြုံခဲ့သော အဖြစ်အပျက်တို့သည် သတင်းကောင်းကို ပို၍ ပျံ့နှံ့စေကြောင်း သင်တို့ကို ကျွန်ုပ်သိစေလို၏။ Common Language Bible ညီအစ်ကိုတို့၊ ငါတွေ့ကြုံရသည့်အဖြစ်အပျက် များသည်သတင်းကောင်းကိုကြေညာရာတွင် အကယ်ပင်အထောက်အကူပေးကြောင်းသင် တို့အားသိစေလို၏။- Garrad Bible ညီ အစ် ကို တို့၊ ငါ၌ ဖြစ် ပျက် ရာ များ သည် သ တင်း တော် မြတ် ကို မ မြစ် တား ဘဲ တိုး ပွား စေ သ ဖြင့်၊ Judson Bible ညီအစ်ကိုတို့၊ ငါ၌ရောက်သော အမှုအရာတို့သည် ဧဝံဂေလိတရားကို မမြစ်တားသည်သာမက၊ ပြုစုရာဖြစ်သည်ဟု သင်တို့ သိစေခြင်းငှာ ငါအလိုရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း ညီအစ်ကိုတို့၊ ငါ၌ဖြစ်ပျက်သောအမှုအရာတို့သည် ကောင်းမြတ်သောသတင်းကို ပို၍ပြန့်ပွားစေခဲ့ကြောင်း သင်တို့အား သိစေလိုပါ၏။ |
ထိုသို့ဖြင့် ကွဲလွင့်ပျံ့နှံ့သွားသောသူတို့သည် ရောက်ရှိရာအရပ်သို့လှည့်လည်၍ နှုတ်ကပတ်တရားတော်ကို ဟောပြောကြ၏။
ဘုရားသခင်ကို ချစ်၍ အကြံအစည်တော်နှင့်အညီ ရွေးကောက်ခြင်းခံရသောသူတို့ တွေ့ကြုံခံစားရသော အမှုခပ်သိမ်းတို့မှ ကောင်းကျိုးထွက်ပေါ်စေရန် ဘုရားသခင်သည် သူတို့နှင့်အတူ လုပ်ဆောင်တော်မူကြောင်း ကျွန်ုပ်တို့သိကြ၏။
မကွဲကွာစေသည်သာမက ထိုအခက်အခဲများကြားမှပင် ကျွန်ုပ်တို့ကို ချစ်တော်မူသောခရစ်တော်အားဖြင့် ကျွန်ုပ်တို့သည် အထူးအောင်မြင်ကြ၏။
အဘယ်ကြောင့်ဆိုသော် သင်တို့သည် ခရစ်တော်၏ သတင်းကောင်းကို လက်ခံယုံကြည်သည့်နေ့မှစ၍ ယခုအချိန်တိုင်အောင် ထိုသတင်းကောင်းကို ပျံ့နှံ့စေရာတွင် ကျွန်ုပ်နှင့်အတူ ပါဝင်ဆောင်ရွက်ခဲ့သောကြောင့် ဖြစ်၏။
သင်တို့အားလုံးသည် ကျွန်ုပ်၏ နှလုံးသားထဲ၌ ရှိသောသူများ ဖြစ်သောကြောင့် သင်တို့နှင့် ပတ်သက်၍ အထက်ပါအတိုင်း ကျွန်ုပ်သဘောထားလျှင် သင့်လျော်ပေ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့အားလုံးသည် ကျွန်ုပ် အကျဉ်းချခံရချိန်၌ဖြစ်စေ၊ သတင်းကောင်းအတွက် ချေပပြောဆို၍ မှန်ကန်ကြောင်း အတည်ပြုချိန်၌ ဖြစ်စေ ကျွန်ုပ်နှင့်အတူ ဘုရားသခင်၏ ကျေးဇူးတော်ကို မျှဝေခံစားကြသောကြောင့် ဖြစ်၏။
သို့သော် တိမောသေကမူ သတင်းကောင်းကို ဟောပြောရာတွင် ကျွန်ုပ်နှင့်အတူ သားအဖကဲ့သို့ သစ္စာရှိစွာ အစေခံပြီး ခရစ်တော်၏ အကျိုးကိုသာ ရှာကြောင်း သက်သေပြခဲ့သည်ကို သင်တို့သိကြ၏။
ထို့ပြင် ဖိလိပ္ပိမြို့သူမြို့သားတို့… သတင်းကောင်းကို သင်တို့ စတင်ကြားသိချိန်၊ မာကေဒေါနိပြည်မှ ကျွန်ုပ်ထွက်လာသောအချိန်၌ သင်တို့သာလျှင် ငွေကြေးလှူဒါန်းခြင်းဖြင့် ပါဝင်ကူညီခဲ့ကြ၏။ အခြားမည်သည့် အသင်းတော်ကမျှ မလှူဒါန်းခဲ့ကြောင်း သင်တို့သိကြ၏။
ကျွန်ုပ်၏ စစ်မှန်သောလုပ်ဖော်ကိုင်ဖက်… ဤအမျိုးသမီးနှစ်ဦး သင့်မြတ်ရန် ကူညီပါလော့ ဟု သင့်ကို ကျွန်ုပ် တောင်းဆိုပါ၏။ သူတို့သည် အသက်စာစောင်တွင် အမည်ပါရှိသော ကလေမင်မှစ၍ အခြားလုပ်ဖော်ကိုင်ဖက်များနှင့်တကွ သတင်းကောင်းကို ဟောပြောရာတွင် ကျွန်ုပ်နှင့်အတူ လက်တွဲကြိုးပမ်းခဲ့ကြသူများ ဖြစ်၏။
ကိုးကွယ်သည့်နေရာတိုင်း၌ အမျိုးသားတို့သည် အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း မရှိဘဲ သန့်ရှင်းစွာ နေထိုင်၍ မိမိတို့၏ လက်ကို မြှောက်လျက် ဆုတောင်းကြရန် ကျွန်ုပ်အလိုရှိ၏။
ဤသတင်းကောင်းကြောင့် ကျွန်ုပ်သည် ရာဇဝတ်သားတစ်ယောက်ကဲ့သို့ပင် အကျဉ်းချခံ၍ ဆင်းရဲဒုက္ခခံခဲ့ရသော်လည်း ဘုရားသခင်၏နှုတ်ကပတ်တော်ကိုမူ အကျဉ်းချ၍ မရ။
သို့သော်လည်း ကျွန်ုပ်သည် လူမျိုးခြားတို့အား သတင်းကောင်းကို ပြည့်စုံစွာ ဟောပြောရန်အတွက် သခင်ဘုရားသည် ကျွန်ုပ်ဘက်မှ ရပ်တည်၍ ခွန်အားပေးတော်မူခဲ့၏။ ဤသို့ဖြင့် ကိုယ်တော်သည် ကျွန်ုပ်ကို ခြင်္သေ့ခံတွင်းမှ ကယ်နှုတ်တော်မူ၏။