ဖိလိပ္ပိ 1:12 - Common Language Bible12 ညီအစ်ကိုတို့၊ ငါတွေ့ကြုံရသည့်အဖြစ်အပျက် များသည်သတင်းကောင်းကိုကြေညာရာတွင် အကယ်ပင်အထောက်အကူပေးကြောင်းသင် တို့အားသိစေလို၏။- အခန်းကိုကြည့်ပါ။Garrad Bible12 ညီ အစ် ကို တို့၊ ငါ၌ ဖြစ် ပျက် ရာ များ သည် သ တင်း တော် မြတ် ကို မ မြစ် တား ဘဲ တိုး ပွား စေ သ ဖြင့်၊ အခန်းကိုကြည့်ပါ။Judson Bible12 ညီအစ်ကိုတို့၊ ငါ၌ရောက်သော အမှုအရာတို့သည် ဧဝံဂေလိတရားကို မမြစ်တားသည်သာမက၊ ပြုစုရာဖြစ်သည်ဟု သင်တို့ သိစေခြင်းငှာ ငါအလိုရှိ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 ညီအစ်ကိုတို့၊ ငါ၌ဖြစ်ပျက်သောအမှုအရာတို့သည် ကောင်းမြတ်သောသတင်းကို ပို၍ပြန့်ပွားစေခဲ့ကြောင်း သင်တို့အား သိစေလိုပါ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း12 ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တွေ့ကြုံခဲ့သော အဖြစ်အပျက်တို့သည် သတင်းကောင်းကို ပို၍ ပျံ့နှံ့စေကြောင်း သင်တို့ကို ကျွန်ုပ်သိစေလို၏။ အခန်းကိုကြည့်ပါ။ |
အာဒါလဆယ့်သုံးရက်နေ့ကျရောက်လာ၏။ ထိုနေ့ရက်သည်ဘုရင့်ကြေညာချက်စတင် အတည်ဖြစ်သည့်နေ့၊ မိမိတို့လက်တွင်းသို့ ယုဒအမျိုးသားများရောက်ရှိလာရန်အ တွက်ရန်သူတို့စောင့်မျှော်နေသောနေ့ဖြစ်၏။ သို့ရာတွင်သူတို့မျှော်လင့်သည့်အတိုင်း မဖြစ်ဘဲယုဒအမျိုးသားတို့ကသူ တို့အားအနိုင်ရကြလေသည်။-
သင်တို့ကိုငါအစဉ်အောက်မေ့၏။ သို့ဖြစ်၍ ငါသည်သင်တို့နှင့်ပတ်သက်၍ယင်းသို့သဘော ထားအပ်၏။ ယခုငါအကျဉ်းခံလျက်နေရစဉ် အခါနှင့်သတင်းကောင်းကိုလွတ်လပ်စွာသက် သေခံတည်တံ့ခိုင်မြဲစေခွင့်ရစဉ်အခါက သင်တို့သည်ငါ့အားဘုရားသခင်ပေးတော် မူသောအခွင့်ထူးတွင်ပါဝင်လုပ်ဆောင်ကြ ပေသည်။-
ငါ၏ရဲဘော်စစ်ဖြစ်သူ၊ သင်သည်လည်း ထို အမျိုးသမီးတို့ကိုကူညီမစပါလော့။ သူ တို့သည်သတင်းကောင်းကြေညာရာတွင်ငါ နှင့်အတူအထူးကြိုးစားအားထုတ်လုပ် ဆောင်သူများဖြစ်ကြ၏။ ထိုသို့လုပ်ဆောင် ခဲ့သူများတွင်ကလေမင်နှင့်တကွ ဘုရား သခင်၏အသက်စာစောင်စာရင်းတွင်ပါ ရှိသူ အခြားငါ၏လုပ်ဖော်ဆောင်ဘက်များ လည်းပါဝင်၏။
အချင်းဖိလိပ္ပိအသင်းတော်သားတို့၊ ငါသည် မာကေဒေါနိပြည်မှထွက်ခွာ၍ သတင်းကောင်း ကိုစတင်ကြေညာသောအခါ၌ သင်တို့ အသင်းတော်တစ်ပါးတည်းကသာလျှင်ငါ့ အားကူညီခဲ့ကြောင်း၊ အမှုတော်ဆောင်လုပ် ငန်းတွင်သင်တို့ကသာလျှင် ငါနှင့်အတူ ဖက်စပ်အဖြစ်နှင့်အရှုံးအမြတ်ရှိလျက် လုပ်ဆောင်ခဲ့ကြကြောင်းကို သင်တို့ကိုယ် တိုင်ကောင်းစွာသိကြ၏။-