ဗေရိမြို့သားဖြစ်သော ပုရု၏သား သောပတရု၊ သက်သာလောနိတ်မြို့သားများဖြစ်ကြသော အာရိတ္တာခုနှင့် သေကုန္ဒု၊ ဒေရဗေမြို့သားဖြစ်သော ဂါယု၊ တိမောသေ၊ အာရှပြည်သားများဖြစ်ကြသော တုခိတ်နှင့် တရောဖိမ်တို့သည် ပေါလုနှင့်အတူ လိုက်ပါသွားကြ၏။
တိတု 3:12 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အာတေမ၊ သို့မဟုတ် တုခိတ်ကို သင့်ထံသို့ ကျွန်ုပ်စေလွှတ်မည်။ ကျွန်ုပ်သည် နိကောပလိမြို့၌ ဆောင်းရာသီကို ဖြတ်သန်းရန် ဆုံးဖြတ်ထားသည်ဖြစ်၍ သူတို့ရောက်သောအခါ ကျွန်ုပ်ထံသို့ လာရန်ကြိုးစားလော့။ Common Language Bible အာတေမကိုဖြစ်စေ၊ တုခိတ်ကိုဖြစ်စေသင့်ထံ သို့ငါစေလွှတ်လိုက်သောအခါ ငါရှိရာနိကော ပလိမြို့သို့အစွမ်းကုန်ကြိုးစား၍လာခဲ့လော့။ ထိုမြို့တွင်ဆောင်းရာသီအတွင်းနေထိုင်ရန် ငါဆုံးဖြတ်ပြီးဖြစ်၏။- Garrad Bible အာ တေ မ ကို ဖြစ် စေ၊ တု ခိတ် ကို ဖြစ် စေ၊ သင့် ထံ ငါ စေ လွှတ် လိုက် သည့် ကာ လ နိ ကော ပေါ လိ မြို့ ငါ ရှိ ရာ သို့ လာ ဖြစ် အောင် ကြိုး စား လော့။ ထို မြို့ တွင် ဆောင်း ခို မည် ဟု ငါ့ စိတ် ပြ ဋ္ဌာန်း၏။ Judson Bible အာတေမသော်လည်းကောင်း၊ တုခိတ်သော်လည်းကောင်း၊ သင့်ဆီသို့ ငါစေလွှတ်သောအခါ နိကောပလိမြို့တိုင်အောင် ငါ့ထံသို့လာခြင်းငှာ ကြိုးစားလော့။ ဆောင်းကာလပတ်လုံး ထိုမြို့၌ ငါနေမည်ဟုအကြံရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း ငါသည် အာတေမ၊ သို့မဟုတ် တုခိတ်ကို သင့်ထံသို့စေလွှတ်သောအခါ ငါရှိရာနိကောပလိမြို့သို့လာရန် ကြိုးစားလော့။ အကြောင်းမူကား ဆောင်းကာလအတွင်း ထိုမြို့၌နေထိုင်ရန် ငါဆုံးဖြတ်ထား၏။ |
ဗေရိမြို့သားဖြစ်သော ပုရု၏သား သောပတရု၊ သက်သာလောနိတ်မြို့သားများဖြစ်ကြသော အာရိတ္တာခုနှင့် သေကုန္ဒု၊ ဒေရဗေမြို့သားဖြစ်သော ဂါယု၊ တိမောသေ၊ အာရှပြည်သားများဖြစ်ကြသော တုခိတ်နှင့် တရောဖိမ်တို့သည် ပေါလုနှင့်အတူ လိုက်ပါသွားကြ၏။
ကျွန်ုပ်သည် သင်တို့နှင့်အတူ အတန်ကြာ နေကောင်းနေလိမ့်မည်။ ဆောင်းရာသီကာလပတ်လုံး နေရန်ပင် ဖြစ်နိုင်၏။ ထို့နောက်တွင်မူ ကျွန်ုပ် သွားရမည့် အရပ်သို့ သွားနိုင်ရန် သင်တို့ကူညီနိုင်ကြလိမ့်မည်ဟု မျှော်လင့်၏။
သခင်ဘုရားအတွက် သစ္စာရှိစွာ အမှုဆောင်သော အစေခံ ဖြစ်သူ၊ ကျွန်ုပ်၏ ချစ်ခင်ရသောညီ တုခိတ်က ကျွန်ုပ် မည်သို့ ဖြစ်ပြီး မည်သည့်အရာများ လုပ်ဆောင်နေသည်ကို သင်တို့ သိနိုင်ရန် သင်တို့ကို အရာအားလုံး ပြောပြလိမ့်မည်။
ကျွန်ုပ်နှင့် အစေခံချင်း ဖြစ်သူ၊ သခင်ဘုရားအတွက် သစ္စာရှိစွာ အမှုဆောင်သည့် ချစ်ခင်ရသောညီ တုခိတ်က သင်တို့ကို ကျွန်ုပ်၏ အကြောင်းအရာအားလုံး ပြောပြပါလိမ့်မည်။
ဆောင်းရာသီ မရောက်မီ အမြန်ဆုံးလာနိုင်ရန် ကြိုးစားလော့။ ဥဗုလု၊ ပုဒေ၊ လိနုနှင့် ကလောဒိတို့မှစ၍ ညီအစ်ကိုမောင်နှမအပေါင်းတို့က သင့်ကို နှုတ်ဆက်လိုက်ကြ၏။