ထိုသို့ဆုံးဖြတ်ခဲ့သည့်အတိုင်း ထိုထောက်ပံ့ငွေကို ဗာနဗနှင့် ရှောလုမှတစ်ဆင့် အသင်းတော်အကြီးအကဲများထံသို့ ပို့လိုက်ကြ၏။
တိတု 1:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင့်ကို ကရေတေကျွန်း၌ ကျွန်ုပ်ချန်ထားခဲ့ရခြင်းမှာ ကျွန်ုပ်ညွှန်ကြားထားသည့်အတိုင်း မပြီးဆုံးသေးသော ကိစ္စများကို စီမံဆောင်ရွက်ရန်နှင့် မြို့တိုင်းတွင် သင်းအုပ်များကို ခန့်ထားစေရန် ဖြစ်၏။ Common Language Bible ကရေတေကျွန်းတွင်လုပ်ဆောင်စရာရှိသေး သောအမှုကိစ္စအဝဝတို့ကိုစီမံဆောင်ရွက် ရန်နှင့် အမြို့မြို့တွင်သင်းအုပ်များခန့်ထား ရန်သင့်အားငါထားခဲ့၏။ ငါယခုပေးမည့် ညွှန်ကြားချက်များကိုမမေ့နှင့်။- Garrad Bible လို အပ် သော အ ရာ များ ကို စီ မံ စေ ရန် လည်း ကောင်း၊ ငါ မိန့် မှာ ခဲ့ သည် နှင့် အ ညီ အ ပြစ် မဲ့ သူ၊ မိန်း မ တစ် ယောက် နှင့် သာ အိမ် ထောင် ပြု သူ၊ ပျော် ကြူး ပြစ်၊ မ လိုက် နာ ပြစ် စွဲ ဆို ချက် လွတ်၍ တ ပည့် ဖြစ် သော သား သ မီး ရှိ သူ တို့ ကို ဥ က္ကဌ အ ဖြစ် မြို့ တိုင်း တွင် ခန့် ထား စေ ရန်လည်း ကောင်း က ရေ တေ ကျွန်း၌ သင့် ကို ငါ ထား ခဲ့ ၏။ Judson Bible ငါသည် သင့်ကို မှာထားခဲ့နှင့်သည်အတိုင်း၊ ကရေတေကျွန်း၌ မစုံလင်သမျှတို့ကို ပြင်ဆင်၍၊ မြို့ရွာများ၌ သင်းအုပ်တို့ကို ခန့်ထားစေခြင်းငှာ၊ ထိုကျွန်း၌ သင့်ကို ငါထားခဲ့သတည်း။- မြန်မာ့စံမီသမ္မာကျမ်း ကရေတေကျွန်းတွင် သင့်ကို ငါထားခဲ့ခြင်းမှာ သင့်အား ငါမှာကြားထားသည့်အတိုင်း လိုအပ်သည့်အရာများကို စီမံဆောင်ရွက်ရန်နှင့် မြို့တိုင်းတွင် အသင်းတော်အကြီးအကဲများကို ခန့်ထားရန်အတွက်ဖြစ်၏။ |
ထိုသို့ဆုံးဖြတ်ခဲ့သည့်အတိုင်း ထိုထောက်ပံ့ငွေကို ဗာနဗနှင့် ရှောလုမှတစ်ဆင့် အသင်းတော်အကြီးအကဲများထံသို့ ပို့လိုက်ကြ၏။
အသင်းတော်တိုင်းတွင် အကြီးအကဲများကိုခန့်ထားကြ၏။ ထို့နောက် အစာရှောင်ဆုတောင်း၍ ထိုအကြီးအကဲများကို သူတို့ယုံကြည်သော သခင်ဘုရားထံ အပ်နှံကြ၏။
ကရေတေပြည်သားနှင့် အာရပ်ပြည်သားများစသည်ဖြင့်အသီးသီးရှိကြ၏။ သို့ရာတွင် ဤသူတို့သည် ငါတို့၏ဘာသာစကားဖြင့် ဘုရားသခင်၏အံ့ဖွယ်အမှုတော်တို့ကို ဟောပြောလေပြီ” ဟု ဆိုကြ၏။
ထိုဆိပ်ကမ်းသည် ဆောင်းခိုရန်မသင့်လျော်သဖြင့် ထိုနေရာမှခွာကာ ဖြစ်နိုင်ပါက ဖိနိတ်မြို့သို့ရောက်ရှိ၍ ဖိနိတ်ဆိပ်ကမ်းတွင် ဆောင်းခိုနိုင်ရန်အတွက် လူအများစုက အကြံပြုကြ၏။ ထိုဆိပ်ကမ်းသည် ကရေတေကျွန်းရှိဆိပ်ကမ်းဖြစ်ပြီး အနောက်တောင်နှင့် အနောက်မြောက်ဘက်သို့ မျက်နှာမူလျက်ရှိ၏။
တောင်လေသည် ဖြည်းညင်းစွာတိုက်ခတ်လာသောအခါ သူတို့သည် မိမိတို့အကြံအစည်အောင်မြင်မည်ဟု ထင်မှတ်၍ ကျောက်ဆူးကိုနှုတ်ကာ ကရေတေကျွန်း၏ကမ်းခြေကိုကပ်လျက် ရွက်လွှင့်ကြ၏။
ကျွန်ုပ်တို့သည် အချိန်ကြာမြင့်စွာ အစာမစားဘဲနေကြပြီးနောက် ပေါလုက သူတို့အလယ်တွင် ရပ်လျက် “မိတ်ဆွေတို့… သင်တို့သည် ကျွန်ုပ်၏အကြံပြုချက်ကိုလက်ခံ၍ ကရေတေကျွန်းမှရွက်မလွှင့်လျှင် ဤပျက်စီးဆုံးရှုံးမှုနှင့် ကြုံရမည်မဟုတ်ပါ။
ကျွန်ုပ်တို့သည် ရက်ပေါင်းများစွာ ဖြည်းဖြည်းသာ ရွက်လွှင့်ကြပြီး ကနိဒ်မြို့အနီးသို့ ခက်ခဲစွာ ရောက်ရှိကြ၏။ လေသည် ဆန့်ကျင်ဘက်တိုက်ခတ်သောကြောင့် သာလမုန်အငူနားမှဖြတ်၍ ကရေတေကျွန်း၏လေကွယ်ရာဘက်မှ ရွက်လွှင့်ကြ၏။
တစ်စုံတစ်ယောက်သည် ဆာလောင်ပါက အိမ်၌ စားခဲ့လော့။ သို့မှသာ သင်တို့စုဝေးကြသောအခါ ဘုရားသခင်၏ပြစ်ဒဏ်စီရင်ခြင်း ကင်းလွတ်မည်ဖြစ်၏။ ကျန်သည့် ကိစ္စရပ်များကို ကျွန်ုပ်ရောက်လာသောအခါ ညွှန်ကြားမည်။
ထိုအကြောင်းကြောင့် သခင်ဘုရားအပေါ် သစ္စာရှိသော ကျွန်ုပ်၏ချစ်သား တိမောသေကို သင်တို့ထံ စေလွှတ်ရခြင်းဖြစ်၏။ သူသည် ကျွန်ုပ် ရောက်ခဲ့သောအသင်းတော်တိုင်းတွင် သွန်သင်ခဲ့သည့်အတိုင်း ကျွန်ုပ်မည်သို့ ယေရှုခရစ်တော်နောက် လိုက်နေကြောင်းကို သင်တို့အား သတိရစေလိမ့်မည်။
ကျွန်ုပ်သည် လူကိုယ်တိုင် သင်တို့ထံ မရောက်နိုင်သော်လည်း စိတ်ကမူ ရောက်နေ၏။ သင်တို့သည် စည်းလုံး၍ ခရစ်တော်ကို ခိုင်မြဲစွာ ယုံကြည်ကြသည်ကို ကြားရသောကြောင့် ကျွန်ုပ်ဝမ်းမြောက်၏။
မာကေဒေါနိပြည်သို့ ကျွန်ုပ်သွားစဉ် သင့်ကို တိုက်တွန်းနိုးဆော်ခဲ့သည့်အတိုင်း တိုက်တွန်းလို၏။ သင်သည် ဧဖက်မြို့တွင် နေရစ်၍ လွဲမှားသောအယူဝါဒများ သွန်သင်နေသည့် လူတချို့ကို ထိုသို့မသွန်သင်ကြရန်နှင့်
အသိသက်သေများစွာ ရှေ့၌ ကျွန်ုပ်သွန်သင်သည့်အရာများကို သင်ကြားသိရ၏။ ထိုအရာများကို ယုံကြည်စိတ်ချရ၍ သွန်သင်တတ်သောသူတို့အား လက်ဆင့်ကမ်းလော့။
ကရေတေကျွန်းသား ပရောဖက်တစ်ဦးကပင် “ကရေတေကျွန်းသား၊ စဉ်မြဲလှည့်စား၊ သားရဲဆိုးယုတ်၊ စားကြူးတုတ်လေ လူပျင်းပေ” ဟူ၍ ဆိုခဲ့၏။