သို့သော် ဂျူးတို့သည် ဘုရားတရားကိုင်းရှိုင်းသော ဂုဏ်သရေရှိအမျိုးသမီးများနှင့် မြို့၌အရေးပါသောအမျိုးသားများအား လှုံ့ဆော်ကာ ပေါလုနှင့် ဗာနဗကို ဆန့်ကျင်၍ ညှဉ်းပန်းနှိပ်စက်စေပြီး သူတို့ကို မိမိတို့၏နယ်များမှ နှင်ထုတ်ကြ၏။
တမန်တော်ဝတ္ထု 9:23 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အချိန်ကြာလာသောအခါ ဂျူးတို့က သူ့ကို သတ်ရန် ကြံစည်ကြ၏။ Common Language Bible ထိုနောက်ရက်ပေါင်းများစွာကြာသောအခါ ယုဒအမျိုးသားတို့သည်ရှောလုကိုသတ် ရန်လျှို့ဝှက်ကြံစည်ကြ၏။- Garrad Bible ကာ လ ရှည် ကြာ သော် သူ့ ကို ကွပ် မျက် ရန် ယု ဒ လူ မျိုး တို့ တိုင် ပင် ကြ ရာ၊ Judson Bible ကာလကြာမြင့်ပြီးမှ၊ ရှောလုကိုသတ်အံ့သောငှာ၊ ယုဒလူတို့သည် အချင်းချင်းတိုင်ပင်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ရက်ပေါင်းများစွာကြာသောအခါ ဂျူးလူမျိုးတို့သည် ရှောလုကိုသတ်ရန် ကြံစည်ကြသော်လည်း |
သို့သော် ဂျူးတို့သည် ဘုရားတရားကိုင်းရှိုင်းသော ဂုဏ်သရေရှိအမျိုးသမီးများနှင့် မြို့၌အရေးပါသောအမျိုးသားများအား လှုံ့ဆော်ကာ ပေါလုနှင့် ဗာနဗကို ဆန့်ကျင်၍ ညှဉ်းပန်းနှိပ်စက်စေပြီး သူတို့ကို မိမိတို့၏နယ်များမှ နှင်ထုတ်ကြ၏။
သို့သော် အန္တိအုတ်မြို့နှင့် ဣကောနိမြို့မှ ဂျူးများရောက်လာ၍ လူထုကို သိမ်းသွင်းပြီးလျှင် ပေါလုအား ကျောက်ခဲနှင့်ပေါက်ကာ သေပြီအထင်ဖြင့် မြို့ပြင်သို့ဆွဲထုတ်ကြ၏။
သို့ရာတွင် ယုံကြည်သက်ဝင်မှုမရှိသောဂျူးများက လူမျိုးခြားတို့ကို သွေးထိုးလှုံ့ဆော်၍ ယုံကြည်သူများအပေါ် မုန်းတီးစိတ်ဖြစ်စေကြ၏။
ပေါလုနှင့်ဗာနဗသည် ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်အမည်နာမအတွက် မိမိတို့အသက်ကိုပင် စွန့်စားကြသောသူများဖြစ်၏။
ထိုမြို့တွင် သုံးလခန့်နေထိုင်၍ ဆီးရီးယားပြည်သို့ ရွက်လွှင့်ရန် ပြင်ဆင်နေစဉ် ဂျူးလူမျိုးတို့က မိမိကိုလုပ်ကြံရန် လျှို့ဝှက်ကြံစည်နေကြကြောင်းကို ပေါလုကြားသိရ၏။ ထို့ကြောင့် ပေါလုသည် မာကေဒေါနိပြည်ကိုဖြတ်၍ လှည့်ပြန်သွားရန် ဆုံးဖြတ်လေ၏။
နောက်တစ်နေ့တွင် ဂျူးတို့သည် အတူတကွတွေ့ဆုံပြီးလျှင် ပေါလုကိုမသတ်ရမချင်း မစားမသောက်ဘဲနေရန် အချင်းချင်းသစ္စာဆိုကြ၏။
သူသည် ငါ့အမည်နာမကြောင့် မည်မျှဒုက္ခခံရမည်ကို ငါကိုယ်တိုင် သူ့အားပြမည်” ဟု မိန့်တော်မူ၏။
ရှောလုသည်လည်း ပိုမို၍ စိတ်အားထက်သန်လာကာ ယေရှုသည် ခရစ်တော်ဖြစ်ကြောင်း သက်သေထူခြင်းအားဖြင့် ဒမတ်စကပ်မြို့ရှိ ဂျူးလူမျိုးများအား အံ့ဩတွေဝေစေ၏။
မကြာခဏ ခရီးသွားခဲ့ရာတွင် မြစ်၌ ကြုံတွေ့ရသော ဘေး၊ ဓားပြဘေး၊ ကိုယ့်လူမျိုးချင်းပြုသောဘေး၊ လူမျိုးခြားတို့ပြုသောဘေး၊ မြို့၌ ကြုံတွေ့ရသောဘေး၊ တောကန္တာရ၌ ကြုံတွေ့ရသောဘေး၊ ပင်လယ်၌ ကြုံတွေ့ရသောဘေး၊ ယုံကြည်သူအတုအယောင်များပြုသောဘေး စသည်တို့နှင့် ရင်ဆိုင်ခဲ့ရ၏။