သို့သော် သူ၏သခင်တို့သည် မိမိတို့ဝင်ငွေရရန် မျှော်လင့်စရာမရှိတော့သည်ကို သိမြင်သဖြင့် ပေါလုနှင့်သိလတို့ကို ဖမ်းဆီး၍ ရုံးတော်ရှိ အာဏာပိုင်များထံသို့ ဆွဲခေါ်သွားကြ၏။
တမန်တော်ဝတ္ထု 8:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ရှောလုသည် တစ်အိမ်ဝင်၊ တစ်အိမ်ထွက်ကာ အမျိုးသား၊ အမျိုးသမီးများကို ဆွဲထုတ်၍ ထောင်ထဲသို့ပို့ခြင်းဖြင့် အသင်းတော်ကို ဖျက်ဆီးလေ၏။ Common Language Bible သို့ရာတွင်ရှောလုသည်အသင်းတော်ကို ပျောက်ပျက်စေရန်ကြိုးစားလျက်နေ၏။ သူ သည်တစ်အိမ်ပြီးတစ်အိမ်ဝင်၍ ယုံကြည်သူ အမျိုးသားအမျိုးသမီးတို့ကိုဆွဲထုတ်ကာ အကျဉ်းထောင်တွင်ချုပ်နှောင်ထားလေသည်။ Garrad Bible ရှော လု မူ ကား အိမ် တိုင်း သို့ ဝင်၍ ယော ကျာ်း မိန်း မ တို့ ကို ဆွဲ ငင် ထောင် ချ လျက် အ သင်း တော် ကို ဖျက် ဆီး လေ၏။ Judson Bible ရှောလုသည် အသင်းတော်ကို ဖျက်ဆီးလေ၏။ အိမ်များသို့ ဝင်ပြီးလျှင် ယောက်ျားမိန်းမတို့ကို ဆွဲငင်၍ ထောင်ထဲ၌ လှောင်ထားတတ်၏။ မြန်မာ့စံမီသမ္မာကျမ်း ရှောလုသည် တစ်အိမ်ပြီးတစ်အိမ်ဝင်၍ ယောက်ျားမိန်းမတို့ကိုဆွဲထုတ်ကာ ထောင်ထဲသို့ပို့လျက် အသင်းတော်ကို လိုက်၍ဖျက်ဆီးလေ၏။ |
သို့သော် သူ၏သခင်တို့သည် မိမိတို့ဝင်ငွေရရန် မျှော်လင့်စရာမရှိတော့သည်ကို သိမြင်သဖြင့် ပေါလုနှင့်သိလတို့ကို ဖမ်းဆီး၍ ရုံးတော်ရှိ အာဏာပိုင်များထံသို့ ဆွဲခေါ်သွားကြ၏။
ကျွန်ုပ်က ‘သခင်ဘုရား… အကျွန်ုပ်သည် ဂျူးဝတ်ပြုဆောင်တစ်ခုမှတစ်ခုသို့ သွား၍ အရှင့်ကို ယုံကြည်သောသူတို့အား ထောင်ချကာ ရိုက်နှက်ကြောင်းကို သူတို့သိကြပါ၏။
ထို့နောက် သူ့အား မြို့ပြင်သို့ ထုတ်ကာ ကျောက်ခဲနှင့်ပေါက်ကြ၏။ သက်သေခံတို့သည် မိမိတို့၏ဝတ်ရုံများကို ချွတ်ပြီး ရှောလုဟု ခေါ်သော လူငယ်တစ်ဦး၏ခြေရင်း၌ ပုံထားကြ၏။
ဘုရားတရားကိုင်းရှိုင်းသောသူတို့သည် သတေဖန်ကိုသင်္ဂြိုဟ်၍ အလွန်ငိုကြွေးတမ်းတကြ၏။
ကြားသောသူအပေါင်းတို့သည် အံ့အားသင့်၍ “ဤသူသည် ဂျေရုဆလင်မြို့ရှိ ယေရှု၏နောက်လိုက်များကို ဖျက်ဆီးသူမဟုတ်လော။ ဤမြို့တွင်လည်း ထိုသူတို့ကို ဖမ်းဆီး၍ ယဇ်ပုရောဟိတ်ခေါင်းဆောင်များထံ ပို့ဆောင်ရန် ဤနေရာသို့ ရောက်လာသည်မဟုတ်လော” ဟု ပြောဆိုကြ၏။
ကျွန်ုပ်သည် တမန်တော်ထဲတွင် အသေးနုပ်ဆုံးသောသူ ဖြစ်၏။ ဘုရားသခင်၏ အသင်းတော်ကို ညှဉ်းပန်းနှိပ်စက်ခဲ့သူဖြစ်သောကြောင့် တမန်တော်ဟု ပင် ခေါ်ဝေါ်ခြင်းကို မခံထိုက်ပါ။
ယခင်က ကျွန်ုပ်သည် ဂျူးဘာသာဝင်အဖြစ် နေထိုင်အသက်ရှင်ခဲ့စဉ်က ဘုရားသခင်၏ အသင်းတော်ကို ပြင်းထန်စွာ ညှဉ်းဆဲပြီး ဖျက်ဆီးရန် ကြိုးစားခဲ့သည်ကို သင်တို့ကြားသိကြ၏။
အသင်းတော်ကို စိတ်အားထက်သန်စွာ ညှဉ်းဆဲခဲ့သောသူ ဖြစ်၏။ ပညတ်တရားကို လိုက်နာ၍ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရမည်ဆိုလျှင် ကျွန်ုပ်သည် အပြစ်ဆိုဖွယ်မရှိသူ ဖြစ်၏။
တစ်ချိန်က ကျွန်ုပ်သည် ခရစ်တော်ကို စော်ကားပြောဆိုသူ၊ ယုံကြည်သူများကို ညှဉ်းပန်းနှိပ်စက်သူ၊ ရိုင်းစိုင်းကြမ်းကြုတ်သူ ဖြစ်ခဲ့၏။ သို့သော် ထိုအချိန်တွင် ကျွန်ုပ်သည် ခရစ်တော်ကို မယုံကြည်သေးသောကြောင့် ကျွန်ုပ်ပြုသောအမှုသည် မှားယွင်းကြောင်း နားမလည်ခဲ့။ ထို့ကြောင့် သခင်ဘုရားသည် ကျွန်ုပ်အပေါ် ကရုဏာထားတော်မူ၏။
သို့သော် သင်တို့သည် ဆင်းရဲသောသူတို့ကို ရှုတ်ချကြ၏။ သင်တို့ကို ဖိနှိပ်ချုပ်ချယ်၍ တရားရုံးသို့ ဆွဲခေါ်သွားသောသူတို့သည် ချမ်းသာသောသူများ မဟုတ်လော။