Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 8:3 - Garrad Bible

3 ရှော လု မူ ကား အိမ် တိုင်း သို့ ဝင်၍ ယော ကျာ်း မိန်း မ တို့ ကို ဆွဲ ငင် ထောင် ချ လျက် အ သင်း တော် ကို ဖျက် ဆီး လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

3 သို့​ရာ​တွင်​ရှော​လု​သည်​အ​သင်း​တော်​ကို ပျောက်​ပျက်​စေ​ရန်​ကြိုး​စား​လျက်​နေ​၏။ သူ သည်​တစ်​အိမ်​ပြီး​တစ်​အိမ်​ဝင်​၍ ယုံ​ကြည်​သူ အ​မျိုး​သား​အ​မျိုး​သ​မီး​တို့​ကို​ဆွဲ​ထုတ်​ကာ အ​ကျဉ်း​ထောင်​တွင်​ချုပ်​နှောင်​ထား​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 ရှော​လု​သည် အ​သင်း​တော်​ကို ဖျက်​ဆီး​လေ၏။ အိမ်​များ​သို့ ဝင်​ပြီး​လျှင် ယောက်ျား​မိန်း​မ​တို့​ကို ဆွဲ​ငင်၍ ထောင်​ထဲ၌ လှောင်​ထား​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 ရှောလု​သည် တစ်အိမ်​ပြီး​တစ်အိမ်​ဝင်​၍ ယောက်ျား​မိန်းမ​တို့​ကို​ဆွဲ​ထုတ်​ကာ ထောင်​ထဲသို့​ပို့​လျက် အသင်းတော်​ကို လိုက်​၍​ဖျက်ဆီး​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

3 သို့သော် ရှောလု​သည် တစ်အိမ်ဝင်၊ တစ်အိမ်ထွက်​ကာ အမျိုးသား၊ အမျိုးသမီးများ​ကို ဆွဲထုတ်​၍ ထောင်​ထဲသို့​ပို့ခြင်း​ဖြင့် အသင်းတော်​ကို ဖျက်ဆီးလေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 8:3
13 ပူးပေါင်းရင်းမြစ်များ  

ထို မိန်း မ ငယ်၏ သ ခင် တို့ မူ ကား မျှော် လင့် ရာ စီး ပွား ပျက် ကြောင်း သိ မြင် သော် ပေါ လု နှင့် သိ လ ကို ဖမ်း ဆီး ပြီး လျှင် ရုံး ထိုင် အ ရာ ရှိ တို့ ရှေ့ ဆွဲ ငင်၍ မြို့ ဝန် တို့ ထံ သွင်း သော်၊


ငါ က အ ရှင် ဘု ရား၊ ကိုယ် တော့် အား ယုံ ကြည် သူ တို့ ကို အ ကျွန်ုပ် သည် ထောင် ချ လျက် ဓ မ္မာ ရုံ တိုင်း တွင် ရိုက် ဒဏ် ခတ် သည် ကို လည်း ကောင်း၊


မြို့ ပြင် သို့ ထုတ် ပြီး လျှင် ခဲ နှင့် ပစ် ခတ် ကြ သော် သက် သေ တို့ သည် ကိုယ့် အင်္ကျီ များ ကို ရှော လု အ မည် ရှိ သော ငယ် ရွယ် သူ၏ ခြေ ရင်း တွင် ချ ထား ကြ၏။


ဘု ရား တ ရား ကြည် ညို သူ တို့ လည်း သ တေ ဖန် ကို သင်္ဂြိုဟ် လျက် သည်း စွာ မြည် တမ်း ကြ၏။


ကြား နာ သူ ခပ် သိမ်း တို့ အံ့ သြ လျက် ဤ သူ ကား ယေ ရု ရှ လင် မြို့ တွင် ထို နာ မ အား ပ ဌ နာ ပြု သူ တို့ ကို ဖျက် ဆီး ပြီး လျှင် ဤ မြို့ တွင် လည်း ချည် နှောင်၍ ပ ရော ဟိတ် ကြီး တို့ ထံ ပို့ အပ် ရန် အ ကြံ နှင့် ရောက် လာ ခဲ့ သူ မ ဟုတ် လော ဟု ဆို ကြ ၏။


ငါ သည် ဘု ရား သ ခင်၏ အ သင်း တော် ကို ညှဉ်း ပန်း ခဲ့ သော ကြောင့် တ မန် တော် တို့ တွင် အ သိမ် အ ငယ် ဖြစ် လျက် တ မန် တော် ဘွဲ့ ကို မ ခံ ထိုက် ချေ။


ငါ သည် အ ထက် က ယု ဒ ဘာ သာ၌ ရှိ နေ စဉ် မည် သို့ ကျင့် ကြံ ပြု မူ ခဲ့ ကြောင်း ကို လည်း ကောင်း၊ ဘု ရား သ ခင်၏ အ သင်း တော် ကို အ တိုင်း ထက် ညှဥ်း ပန်း ဖျက် ဆီး ခဲ့ ကြောင်း ကို လည်း ကောင်း၊


စိတ် စေ တ နာ ထက် သန် ခြင်း ကို ဆို သော် အ သင်း တော် အား ညှဉ်း ပန်း သူ၊ ပ ညတ် တ ရား အ လိုက် ဖြောင့် မတ် ခြင်း ကို ဆို သော် အ ပြစ် မဲ့ ရာ ရောက် သူ ငါ သည် သာ၍ အ ခွင့် ရှိ ၏။


အ ထက် က ငါ သည် ပုတ် ခတ် သူ၊ ညှဉ်း ပန်း သူ၊ အ နာ တ ရ ပြု သူ ဖြစ် သော် လည်း၊ ယုံ ကြည် ခြင်း၊ နား လည် ခြင်း ကင်း လျက် ပြု မိ သည့် အ တွက် က ရု ဏာ တော် ကို ခံ ရ သည့် အ လျောက်၊


သင် တို့ မူ ကား ထို ဆင်း ရဲ သား ကို အ သ ရေ ရှုတ် ချ ကြ လေ ပြီ။ သူ ကြွယ် တို့ သည် သင် တို့ ကို နှိပ် စက်၍ တ ရား ပလ္လင် များ ရှေ့ ဆွဲ ငင် ခြင်း၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ