ထို့ကြောင့် သင်တို့ဖိတ်ခေါ်သောအခါ ကျွန်ုပ်သည် မငြင်းဆိုဘဲ လာခဲ့၏။ သို့ဖြစ်၍ အဘယ်ကြောင့် ကျွန်ုပ်အားဖိတ်ခေါ်ရသနည်းဟူ၍ မေးလိုပါသည်” ဟု ထိုသူတို့အား ဆိုလေ၏။
တမန်တော်ဝတ္ထု 28:20 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤအတွက်ကြောင့် ကျွန်ုပ်သည် သင်တို့နှင့်တွေ့ဆုံ၍ စကားပြောရန်တောင်းဆိုခြင်းဖြစ်၏။ အမှန်စင်စစ် ကျွန်ုပ်သည် အစ္စရေးလူမျိုးတို့မျှော်လင့်နေသော ခရစ်တော်ကြွလာသည့် အကြောင်းကို ယုံကြည်သောကြောင့် ဤသံကြိုးနှင့် ချည်နှောင်ခံနေရသည်” ဟု ဆိုလေ၏။ Common Language Bible သို့ဖြစ်၍သင်တို့နှင့်တွေ့ဆုံခွင့်ကိုတောင်းခံ ခဲ့ခြင်းဖြစ်သည်။ ငါသည်ဤသံကြိုးများ ဖြင့်အချည်အနှောင်ခံရသည်မှာ ဣသရေလ အမျိုးသားတို့မျှော်လင့်စောင့်စားလျက်နေ ကြသည့်အရှင်၏အတွက်ကြောင့်ပင်ဖြစ်သည်'' ဟုဆို၏။ Garrad Bible သို့ ဖြစ်၍ ဣ သ ရေ လ လူ မျိုး တို့ မြော် လင့် ခြင်း အ ကြောင်း ကြောင့်၊ ဤ သံ ကြိုး နှင့် ချည် နှောင် ခံ ရ သ ဖြင့်၊ ငါ ထံ လာ ရောက် ဆွေး နွေး ကြ ရန် သင် တို့ ကို ဘိတ် ကြား လို ပါ သည် ဟု ဆို ရာ၊ Judson Bible ဣသရေလအမျိုး၏ မျှော်လင့်ရာအတွက်ကြောင့်၊ အကျွန်ုပ်သည် ဤသံကြိုးနှင့် ချည်နှောင်ခြင်းကို ခံရပါ၏ဟု ပြောဆိုလျှင်၊- မြန်မာ့စံမီသမ္မာကျမ်း ဤအကြောင်းကြောင့် အကျွန်ုပ်သည် သင်တို့နှင့်တွေ့ဆုံ၍ စကားပြောရန် သင်တို့ကိုဖိတ်ခေါ်ခြင်းဖြစ်သည်။ အမှန်စင်စစ် အကျွန်ုပ်သည် အစ္စရေးလူမျိုး၏မျှော်လင့်ခြင်းအကြောင်းကြောင့် ဤသံကြိုးဖြင့် ချည်နှောင်ထားခြင်းခံရသည်”ဟု ဆိုလေ၏။ |
ထို့ကြောင့် သင်တို့ဖိတ်ခေါ်သောအခါ ကျွန်ုပ်သည် မငြင်းဆိုဘဲ လာခဲ့၏။ သို့ဖြစ်၍ အဘယ်ကြောင့် ကျွန်ုပ်အားဖိတ်ခေါ်ရသနည်းဟူ၍ မေးလိုပါသည်” ဟု ထိုသူတို့အား ဆိုလေ၏။
ထို့ကြောင့် ကျွန်ုပ်သည် သင့်ထံသို့ ချက်ချင်းပင် လူလွှတ်၍ခေါ်ရာ သင်ရောက်ရှိလာသည်မှာ ကောင်းမွန်လှ၏။ သို့ဖြစ်၍ သင့်အားဖြင့် သခင်ဘုရားမိန့်တော်မူသမျှကို နားထောင်ရန် ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်၏ရှေ့တော်မှောက်တွင် အသင့်ရှိနေကြပါသည်” ဟု ဆိုလေ၏။
ထိုအခါ တပ်မှူးကြီးသည် အနားသို့လာကာ ပေါလုကိုဖမ်းဆီး၍ သံကြိုးနှစ်ချောင်းဖြင့်ချည်နှောင်ထားရန် အမိန့်ပေး၏။ ထို့နောက် သူက ပေါလုမည်သူဖြစ်ကြောင်းနှင့် မည်သည့်အမှုပြုခဲ့ကြောင်းကို လူထုပရိသတ်တို့အား စတင်မေးမြန်းလေ၏။
လွှတ်တော်အဖွဲ့ဝင်တချို့မှာ ဇဒ္ဒုကဲများဖြစ်၍ တချို့မှာ ဖာရိရှဲများဖြစ်သည်ကို ပေါလုသိလျှင် “ညီအစ်ကိုတို့… ကျွန်ုပ်သည် ဖာရိရှဲတစ်ဦးဖြစ်ပြီး ဖာရိရှဲ၏သားလည်း ဖြစ်ပါ၏။ ကျွန်ုပ် စစ်ဆေးမေးမြန်းခံရသည့်အကြောင်းရင်းမှာ သေလွန်သောသူတို့ရှင်ပြန်ထမြောက်မည်ဟူသော ကျွန်ုပ်၏မျှော်လင့်ချက်ကြောင့် ဖြစ်ပါ၏” ဟု လွှတ်တော်အစည်းအဝေးတွင် အော်ဟစ်၍ ပြောဆို၏။
ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူ အပေါင်းတို့သည် သေရာမှပြန်ရှင်လိမ့်မည်ဟု သူတို့စောင့်မျှော်လျက်နေသကဲ့သို့ အကျွန်ုပ်သည်လည်း ဘုရားသခင်ကို အမှီပြု၍ စောင့်မျှော်လျက်နေပါ၏။
ပေါလုကလည်း “အချိန်တိုသည်ဖြစ်စေ၊ ကြာသည်ဖြစ်စေ အရှင်မင်းကြီးသာမက ယနေ့အကျွန်ုပ်၏စကားကို နားထောင်သောသူအားလုံးတို့သည် ဤအချုပ်နှောင်ခံခြင်းမှလွဲ၍ အကျွန်ုပ်ကဲ့သို့ပင် ဖြစ်လာကြစေရန် ဘုရားသခင်ထံသို့ အကျွန်ုပ်ဆုတောင်းပါသည်” ဟု လျှောက်လေ၏။
သုံးရက်ကြာသော် ပေါလုသည် ဂျူးခေါင်းဆောင်များကို စုဝေးစေ၏။ သူတို့ရောက်ရှိလာသောအခါ ပေါလုက “ညီအစ်ကိုတို့… ကျွန်ုပ်သည် မိမိလူမျိုးကိုလည်းကောင်း၊ ဘိုးဘေးတို့၏ထုံးတမ်းစဉ်လာများကိုလည်းကောင်း ဆန့်ကျင်သည့်အရာတစ်စုံတစ်ခုကိုမျှ မပြုလုပ်ခဲ့သော်လည်း ဂျေရုဆလင်မြို့တွင် ဖမ်းဆီးခံရ၍ ရောမအစိုးရလက်သို့ အပ်နှံခံရ၏။
ဤအကြောင်းကြောင့် လူမျိုးခြား သင်တို့အတွက် ယေရှုခရစ်တော်၏ အကျဉ်းသား ဖြစ်သော ကျွန်ုပ်ပေါလုသည် ဘုရားသခင်ထံ ဆုတောင်း၏။
သခင်ဘုရား၏ အမှုတော်ကို ထမ်းရွက်သောကြောင့် အကျဉ်းချခံရသော ကျွန်ုပ်သည် သင်တို့ကို တိုက်တွန်းနှိုးဆော်လိုသည်မှာ ရွေးချယ်တော်မူခြင်းခံရသည်နှင့်အညီ ထိုရွေးချယ်တော်မူခြင်းနှင့် သင့်လျော်စွာ ပြုမူနေထိုင်ကြရန် ဖြစ်၏။
ကျွန်ုပ်သည် ထိုသတင်းကောင်းအတွက် အကျဉ်းချခံရသော သံတမန် ဖြစ်၏။ သို့သော်လည်း ကျွန်ုပ် ဟောပြောသင့်သည့်အတိုင်း ရဲဝံ့စွာ ဟောပြောနိုင်ရန် ဆုတောင်းကြလော့။
ကျွန်ုပ်အကျဉ်းချခံရခြင်းသည် ခရစ်တော်အတွက် ဖြစ်ကြောင်းကို နန်းတော်ရှိ အစောင့်အကြပ်များအပြင် ဤနေရာ၌ ရှိသောသူ အားလုံးသိလာကြ၏။
ကျွန်ုပ်ပေါလုကိုယ်တိုင် ဤနှုတ်ဆက်စကားကို ကျွန်ုပ်လက်နှင့် ရေးလိုက်ပါ၏။ ကျွန်ုပ် အကျဉ်းချခံရခြင်းကို သတိရဆုတောင်းပေးကြလော့။ ခရစ်တော်၏ ကျေးဇူးတော်ကို သင်တို့ခံစားရပါစေသော။ ကောလောသဲဩဝါဒစာ ပြီးပါပြီ။
ထိုကျေးဇူးတော်သည် ကျွန်ုပ်တို့၏ ကယ်တင်ရှင် ယေရှုခရစ်တော်ကြွလာတော်မူခြင်းဖြင့် ယခုထင်ရှားပြီ။ ခရစ်တော်သည် သေခြင်းကို ဖျက်ဆီးပြီး မပျက်စီးမယိုယွင်းသောအသက်ရှင်ခြင်းအကြောင်းကို သတင်းကောင်းဖြင့် ပေါ်လွင်ထင်ရှားစေတော်မူ၏။
ဤသတင်းကောင်းကြောင့် ကျွန်ုပ်သည် ရာဇဝတ်သားတစ်ယောက်ကဲ့သို့ပင် အကျဉ်းချခံ၍ ဆင်းရဲဒုက္ခခံခဲ့ရသော်လည်း ဘုရားသခင်၏နှုတ်ကပတ်တော်ကိုမူ အကျဉ်းချ၍ မရ။
အကျဉ်းချခံရစဉ် ကျွန်ုပ်၏ သားသဖွယ်ဖြစ်လာသော ဩနေသိမ်အတွက် သင့်ကို တောင်းပန်လို၏။
ကျွန်ုပ်သည် သတင်းကောင်းဟောသည့်အတွက် အကျဉ်းချခံရစဉ် ကျွန်ုပ်ကို သင့်ကိုယ်စား ကူညီရန် သူ့ကို ခေါ်ထားလို၏။