ပေါလုသည်မိမိကို တပ်စခန်းသို့ခေါ်ဆောင်သွားခါနီးတွင် တပ်မှူးကြီးအား “သင်နှင့်ကျွန်ုပ် စကားအနည်းငယ်ပြောပါရစေ” ဟု ခွင့်ပန်၏။ တပ်မှူးကြီးက “သင်သည်ဂရိစကား ပြောတတ်သလော။
တမန်တော်ဝတ္ထု 23:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ငြင်းခုံမှုပို၍ပြင်းထန်လာသဖြင့် တပ်မှူးကြီးက ပေါလုအပိုင်းပိုင်းဆွဲဖြတ်ခံရမည်ကို စိုးရိမ်လေ၏။ ထို့ကြောင့် သူက “ပေါလုကို သူတို့ထံမှ အတင်းခေါ်ဆောင်လာ၍ စခန်းအတွင်းသို့ ခေါ်ဆောင်သွားကြလော့” ဟု စစ်သားများအား အမိန့်ပေးလေ၏။ Common Language Bible ငြင်းခုံမှုသည်အလွန်ပြင်းထန်၍လာသဖြင့် ပေါလုကိုအပိုင်းပိုင်းဆုတ်ဖြတ်မည်ကိုတပ်မှူး သည်စိုးရိမ်သဖြင့် စစ်သားများအားဆင်းသွား ၍ပေါလုအားထိုသူတို့ထံမှထိန်းသိမ်းပြီး လျှင်ရဲတိုက်ထဲသို့ခေါ်ဆောင်သွားရန်အမိန့် ပေး၏။ Garrad Bible ထို သို့ ငြင်း ခုံ ခြင်း ပွား များ သည့် အ တွက် ပေါ လု ကို အ ပိုင်း ပိုင်း ဆွဲ ဖြတ် ကြ မည် စိုး သော ကြောင့် ဗိုလ် ချုပ် က ထို သူ တို့ အ ထဲ မှ နုတ် သိမ်း ရန် ဆင်း ပြီး လျှင် ခံ မြို့ ထဲ သို့ ပြန် သွင်း စေ ဟု စစ် သည် တို့ အား အ မိန့် ရှိ၏။ Judson Bible အချင်းချင်း ငြင်းခုံခြင်းများသောအခါ၊ ထိုသူတို့သည် ပေါလုကို ဆွဲငင်၍ အပိုင်းပိုင်းဆုတ်ဖြတ်မည်ကို စစ်သူကြီး စိုးရိမ်သောကြောင့်၊ စစ်သူရဲများ၊ ဆင်းကြ၊ ပေါလုကို အရာရှိမင်းတို့အထဲမှ အနိုင်အထက်ယူ၍ ရဲတိုက်ထဲသို့ ပို့ဆောင်ကြဟု အမိန့်ရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း သဘောထားကွဲလွဲမှုပြင်းထန်လာ၍ သူတို့သည် ပေါလုအား အပိုင်းပိုင်းဆွဲဖြတ်ကြမည်ကို တပ်မှူးကြီးသည် စိုးရိမ်သဖြင့် စစ်သားများအား ဆင်းသွား၍ ပေါလုကို သူတို့ထံမှ အတင်းခေါ်ဆောင်လာပြီး စခန်းထဲသို့ခေါ်သွားရန် အမိန့်ပေးလေ၏။ |
ပေါလုသည်မိမိကို တပ်စခန်းသို့ခေါ်ဆောင်သွားခါနီးတွင် တပ်မှူးကြီးအား “သင်နှင့်ကျွန်ုပ် စကားအနည်းငယ်ပြောပါရစေ” ဟု ခွင့်ပန်၏။ တပ်မှူးကြီးက “သင်သည်ဂရိစကား ပြောတတ်သလော။
ထိုအခါ တပ်မှူးကြီးသည် ပေါလုကို စခန်းထဲသို့ ခေါ်ဆောင်သွားရန် အမိန့်ပေးလေ၏။ သူက “လူထုသည် အဘယ်ကြောင့် ထိုသို့ဆန့်ကျင်လျက် အော်ဟစ်ကြသည်ကို သိရှိနိုင်ရန် သူ့ကို ကျာပွတ်နှင့် ရိုက်၍ စစ်ဆေးလော့” ဟု ညွှန်ကြားလေ၏။
သို့သော်လည်း ပေါလု၏တူသည် ထိုသူတို့ချောင်းမြောင်းတိုက်ခိုက်မည့်အကြောင်းကို ကြားသဖြင့် စခန်းထဲသို့ဝင်၍ ပေါလုအား ပြောပြလေ၏။
ဤသူကို ဂျူးလူမျိုးများက ဖမ်းဆီး၍ သတ်မည်ပြုစဉ် သူသည်ရောမနိုင်ငံသားဖြစ်ကြောင်းကို အကျွန်ုပ်ကြားသိရသဖြင့် စစ်သားများနှင့်အတူသွား၍ သူ့ကိုကယ်တင်ခဲ့ပါ၏။
ဂျူးလူမျိုးများက မည်သည့်ပြစ်မှုဖြင့် စွပ်စွဲသည်ကို အကျွန်ုပ်သည်သိလိုသောကြောင့် သူ့ကို သူတို့၏တရားလွှတ်တော်အစည်းအဝေးသို့ ခေါ်ဆောင်သွားပါ၏။
နောက်တစ်နေ့တွင် စစ်သားတို့သည် ပေါလုကိုမြင်းစီးတပ်သားတို့နှင့်အတူ ခရီးဆက်သွားစေ၍ သူတို့သည်စခန်းသို့ ပြန်ကြ၏။
သို့သော် တပ်မှူးကြီးလုသိသည်ဝင်လာ၍ သူ့အား အကျွန်ုပ်တို့လက်မှ အတင်းခေါ်ဆောင်သွားပါ၏။
မကြာခဏ ခရီးသွားခဲ့ရာတွင် မြစ်၌ ကြုံတွေ့ရသော ဘေး၊ ဓားပြဘေး၊ ကိုယ့်လူမျိုးချင်းပြုသောဘေး၊ လူမျိုးခြားတို့ပြုသောဘေး၊ မြို့၌ ကြုံတွေ့ရသောဘေး၊ တောကန္တာရ၌ ကြုံတွေ့ရသောဘေး၊ ပင်လယ်၌ ကြုံတွေ့ရသောဘေး၊ ယုံကြည်သူအတုအယောင်များပြုသောဘေး စသည်တို့နှင့် ရင်ဆိုင်ခဲ့ရ၏။
ချစ်သော ညီအစ်ကိုမောင်နှမတို့… ဤအချက်ကို မှတ်သားကြလော့။ လူတိုင်းသည် ကြားနာရာတွင် လျင်မြန်၍ ပြောဆိုရာနှင့် ဒေါသထွက်ရာတွင် နှေးကွေးသင့်၏။
သို့သော် သင်တို့၏ နှလုံးသားထဲတွင် ခါးသီးသော မနာလိုစိတ်နှင့် တစ်ကိုယ်ကောင်းစိတ်တို့ရှိလျှင် သမ္မာတရားကို ဆန့်ကျင်၍ သင်တို့၏ ဉာဏ်ပညာအကြောင်းကို မကြွားဝါနှင့်။