ဈေးအရပ်တို့တွင် လူတို့၏ရိုသေစွာ နှုတ်ဆက်ခြင်းကိုလည်းကောင်း၊ ဆရာတော်ဟု ခေါ်ကြခြင်းကိုလည်းကောင်း နှစ်သက်ကြ၏။
တမန်တော်ဝတ္ထု 21:19 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ပေါလုသည် သူတို့အား နှုတ်ဆက်ပြီးနောက် မိမိလုပ်ဆောင်သောအမှုတော်အားဖြင့် လူမျိုးခြားတို့အပေါ်၌ ဘုရားသခင်ပြုတော်မူသော အမှုတို့ကို တစ်ခုချင်းပြောပြလေ၏။ Common Language Bible ပေါလုသည်ထိုသူတို့အားနှုတ်ဆက်ပြီးနောက် မိမိမှတစ်ဆင့် လူမျိုးခြားတို့အားဘုရား သခင်ပြုတော်မူသောအမှုအရာအလုံးစုံ တို့ကိုတင်ပြ၏။- Garrad Bible ကိုယ် တိုင် အ မှု တော် ဆောင် ရွက် ခြင်း ဖြင့် လူ မျိုး ခြား တို့ ဘောင် တွင် ဘု ရား သ ခင် ပြု တော် မူ ရာ များ ကို အ စဉ် လိုက် ပြန် ကြား သည့် အ တိုင်း၊ Judson Bible ပေါလုသည် ထိုသူများကို နှုတ်ဆက်ပြီးလျှင်၊ မိမိသည် ဓမ္မဆရာအမှုကို ဆောင်ခြင်းအားဖြင့် ဘုရားသခင်သည် တစ်ပါးအမျိုးသားတို့တွင် ပြုတော်မူသမျှတို့ကို သေချာစွာ ထုတ်ဖော်ပြသလေ၏။ မြန်မာ့စံမီသမ္မာကျမ်း ပေါလုသည် သူတို့ကိုနှုတ်ဆက်ပြီးလျှင် မိမိ၏အမှုတော်လုပ်ငန်းအားဖြင့် လူမျိုးခြားတို့၌ ဘုရားသခင်ပြုတော်မူသော အကြောင်းအရာတို့ကို တစ်ခုချင်းပြောပြလေ၏။ |
ဈေးအရပ်တို့တွင် လူတို့၏ရိုသေစွာ နှုတ်ဆက်ခြင်းကိုလည်းကောင်း၊ ဆရာတော်ဟု ခေါ်ကြခြင်းကိုလည်းကောင်း နှစ်သက်ကြ၏။
အန္တိအုတ်မြို့သို့ ရောက်ကြသောအခါ အသင်းသားများကို စုဝေးစေလျက် မိမိတို့အားဖြင့် ဘုရားသခင်ပြုတော်မူသောအရာအားလုံးကိုလည်းကောင်း၊ လူမျိုးခြားတို့ ယုံကြည်လာစေရန် ဘုရားသခင်လမ်းဖွင့်ပေးတော်မူကြောင်းကိုလည်းကောင်း ပြောပြကြ၏။
ထိုအခါ ဗာနဗနှင့်ပေါလုတို့သည် မိမိတို့အားဖြင့် လူမျိုးခြားများအထဲတွင် ဘုရားသခင်ပြုတော်မူသည့် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ဖြစ်ရပ်များအကြောင်းကို ထိုသူတို့အားပြောပြရာ စုဝေးသောလူအပေါင်းတို့သည် တိတ်ဆိတ်ငြိမ်သက်စွာ နားထောင်ကြ၏။
ဂျေရုဆလင်မြို့သို့ ရောက်သောအခါ အသင်းတော်၊ တမန်တော်များနှင့် အသင်းတော်အကြီးအကဲများက လက်ခံကြိုဆိုကြ၏။ ပေါလုနှင့် ဗာနဗတို့သည် မိမိတို့အားဖြင့် ဘုရားသခင်ပြုတော်မူသည့်အမှုအားလုံးကို ပြန်ပြောပြကြ၏။
သို့ရာတွင် ဘုရားသခင်၏ကျေးဇူးတော်နှင့်ဆိုင်သည့် သတင်းကောင်းကို သက်သေခံရန်အတွက် သခင်ယေရှုထံမှ လက်ခံရရှိသည့် အလုပ်တာဝန်နှင့် အမှုတော်ကို ပြီးစီးနိုင်မည်ဆိုလျှင် ကျွန်ုပ်သည် မိမိအသက်ကိုပင် မနှမြောပါ။
သို့ရာတွင် ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ကျွန်ုပ်သည် တမန်တော်ဖြစ်လာခဲ့၏။ ကျွန်ုပ်အပေါ် ထားရှိသော ကိုယ်တော်၏ ကျေးဇူးတော်သည်လည်း အချည်းနှီးမဖြစ်ဘဲ ကျွန်ုပ်သည် အခြားတမန်တော်များထက် သာ၍ လုပ်ဆောင်ရ၏။ ထိုသို့ လုပ်ဆောင်နိုင်ခြင်းမှာ ကျွန်ုပ်ကြောင့်မဟုတ်ဘဲ ကျွန်ုပ်နှင့်အတူ လုပ်ဆောင်သောဘုရားသခင်၏ ကျေးဇူးတော်ကြောင့်သာဖြစ်၏။
ကျွန်ုပ်တမန်တော်ဖြစ်ကြောင်းကို သင်တို့နှင့်အတူရှိစဉ် လက္ခဏာများနှင့်တကွ သက်သေပြခဲ့၏။ ကျွန်ုပ်သည် နိမိတ်လက္ခဏာများ၊ အံ့ဖွယ်ဖြစ်ရပ်များနှင့် အံ့ဖွယ်တန်ခိုးများဖြင့် သင်တို့အား စိတ်ရှည်စွာ ပြခဲ့၏။
ဘုရားသခင်၏ လုပ်ဖော်ကိုင်ဖက်များအနေဖြင့် သင်တို့အား ကျွန်ုပ်တို့တိုက်တွန်းနှိုးဆော်လိုသည်မှာ “သင်တို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရရှိသူများဖြစ်ကြသည်နှင့်အညီ ထိုကျေးဇူးတော်ကို အချည်းနှီးမဖြစ်စေကြနှင့်” ဟူ၍ဖြစ်၏။
ထိုအတွက်ကြောင့် ကျွန်ုပ်အထဲ၌ သက်ဝင်လှုပ်ရှားနေသော ခရစ်တော်၏ တန်ခိုးကြီးသော လုပ်ဆောင်မှုအပေါ် မူတည်၍ ကျွန်ုပ်ကြိုးပမ်းလုပ်ဆောင်နေ၏။