တမန်တော်ဝတ္ထု 20:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုဒေသများတစ်လျှောက် လှည့်ပတ်သွားလာကာ ယုံကြည်သူတို့အား အားပေးစကားများပြောကြားပြီးနောက် အခါယပြည်သို့သွား၏။ Common Language Bible သူသည်ထိုဒေသများကိုလှည့်လည်ကာ တပည့်တော်တို့အား အားပေးစကားများ ပြောကြားပြီးနောက်အခါယပြည်သို့ သွား၏။- Garrad Bible ထို နယ် များ ကို လျှောက် လျက် များ စွာ နှိုး ဆော် ပြီး သော်၊ Judson Bible ထိုအရပ်များကိုလျှောက်သွား၍ တပည့်တော်တို့ကို စကားများနှင့် ဆုံးမပြီးမှ ဟေလသပြည်သို့ ရောက်လာ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုဒေသများကိုဖြတ်သွားရင်း များစွာသောတရားစကားတို့ဖြင့် တပည့်တော်တို့ကို တိုက်တွန်းနှိုးဆော်ပြီးလျှင် ဂရိပြည်သို့ရောက်လာ၏။ |
သူတို့က “ကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခများစွာခံရခြင်းအားဖြင့် ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ရောက်ကြရမည်” ဟု ဆိုလျက် ထိုမြို့များရှိ တပည့်တော်တို့၏ စိတ်ကို ကြံ့ခိုင်စေကြ၏။ ယုံကြည်ခြင်းတွင်လည်း ဆက်လက်ရပ်တည်ရန် ခွန်အားပေးကြ၏။
ပေါလုသည် ဆီးရီးယားပြည်နှင့် ဆီလီဆီးယားပြည်တို့ကို ဖြတ်သွား၍ အသင်းတော်များကို ကြံ့ခိုင်စေ၏။
ထိုမှတစ်ဆင့် ဖိလိပ္ပိမြို့သို့ ရောက်ကြ၏။ ထိုမြို့သည် မာကေဒေါနိပြည်၏အရေးပါသောမြို့တစ်မြို့ဖြစ်၍ ရောမလက်အောက်ခံမြို့လည်းဖြစ်၏။ ကျွန်ုပ်တို့သည် ထိုမြို့၌ ရက်အတန်ကြာနေကြ၏။
ပေါလုနှင့်သိလတို့သည် အံဖိပေါလိမြို့နှင့် အာပေါလောနိမြို့ကို ဖြတ်သွား၍ သက်သာလောနိတ်မြို့သို့ ရောက်ကြ၏။ ထိုမြို့တွင် ဂျူးဝတ်ပြုဆောင်ရှိ၏။
ထိုညတွင် ယုံကြည်သူတို့သည် ပေါလုနှင့်သိလတို့ကို ဗေရိမြို့သို့ ချက်ချင်းထွက်ခွာသွားစေကြ၏။ ထိုမြို့သို့ရောက်လျှင် သူတို့သည် ဂျူးဝတ်ပြုဆောင်သို့ သွားကြ၏။
ထို့နောက် ပေတရုသည် အခြားစကားများဖြင့် သက်သေခံဟောပြောပြီးနောက် “ပျက်စီးလျက်ရှိသောဤမျိုးဆက်မှ မိမိကိုယ်ကိုယ်ကယ်နုတ်ကြလော့” ဟု တိုက်တွန်းနိုးဆော်လေ၏။
ထိုရုန်းရင်းဆန်ခတ်ပြုခြင်းအမှု ပြီးဆုံးသွားသောအခါ ပေါလုသည် တပည့်တော်များကို ခေါ်၍ အားပေးစကားပြောဆိုကာ နှုတ်ဆက်ပြီး မာကေဒေါနိပြည်သို့ ထွက်ခွာသွားလေ၏။
ထို့နောက် ပေါလုသည် အပေါ်သို့ပြန်တက်၍ မုန့်ကိုချိုးဖဲ့လျက် သူတို့နှင့်အတူ စားကြ၏။ သူသည်လည်း အရုဏ်တက်ချိန်ထိတိုင်အောင် စကားဝိုင်းဖွဲ့ပြီးမှ ထွက်ခွာသွားလေ၏။
ထိုမြို့တွင် သုံးလခန့်နေထိုင်၍ ဆီးရီးယားပြည်သို့ ရွက်လွှင့်ရန် ပြင်ဆင်နေစဉ် ဂျူးလူမျိုးတို့က မိမိကိုလုပ်ကြံရန် လျှို့ဝှက်ကြံစည်နေကြကြောင်းကို ပေါလုကြားသိရ၏။ ထို့ကြောင့် ပေါလုသည် မာကေဒေါနိပြည်ကိုဖြတ်၍ လှည့်ပြန်သွားရန် ဆုံးဖြတ်လေ၏။
သို့သော် သခင်ဘုရား အလိုတော်ရှိလျှင် မကြာမီ ကျွန်ုပ်လာခဲ့ပါမည်။ ထိုအခါ ထိုမာနထောင်လွှားသောသူတို့၏စကားထက် သူတို့၌ ဘုရားသခင်၏ တန်ခိုးတော်ရှိမရှိကိုသာ ကျွန်ုပ်သိမှတ်မည်။
ကျွန်ုပ်တို့သည် လူတိုင်းကို ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်စေ၍ ရင့်ကျက်သောသူများအဖြစ် ဘုရားသခင်ထံ ဆက်သနိုင်ရန် လူတိုင်းကို သတိပေးဆုံးမကာ ရှိသမျှသောဉာဏ်ပညာဖြင့် လူတိုင်းကို သွန်သင်လျက် ခရစ်တော်အကြောင်းကို ဟောပြောကြ၏။
သင်တို့သိကြသည့်အတိုင်း ဖခင်သည် သားသမီးများအပေါ် ပြုမူဆက်ဆံသကဲ့သို့ ကျွန်ုပ်တို့သည် သင်တို့ တစ်ယောက်ချင်းစီတိုင်းအပေါ် ပြုမူဆက်ဆံကြ၏။
ကျွန်ုပ်တို့သည် မှားယွင်းခြင်း၊ မကောင်းသော စိတ်သဘောထားရှိခြင်း၊ လိမ်လည်လှည့်ဖြားလိုခြင်းတို့အပေါ် အခြေခံ၍ တိုက်တွန်းဟောပြောကြသည်မဟုတ်။
ညီအစ်ကိုမောင်နှမတို့… သင်တို့သည် ဘုရားသခင်နှစ်သက်တော်မူရန် မည်သို့ ပြုမူနေထိုင်ရမည်ကို ကျွန်ုပ်တို့သွန်သင်ခဲ့သည့်အတိုင်း ပြုမူနေထိုင်လျက်ရှိ၏။ ယခုတွင် ကျွန်ုပ်တို့သည် သခင်ယေရှုနှင့် တပေါင်းတစည်းတည်းဖြစ်သောကြောင့် ထိုသို့ ပို၍ပြုမူနေထိုင်ကြရန် တောင်းပန်လျက် တိုက်တွန်းနှိုးဆော်လို၏။