ယုံကြည်သောသူတို့သည် နိမိတ်လက္ခဏာများကို ပြသကြလိမ့်မည်။ သူတို့သည် ငါ၏အမည်နာမကို အမှီပြု၍ နတ်ဆိုးများကို နှင်ထုတ်ကြလိမ့်မည်။ အသစ်သောဘာသာစကားများကို ပြောကြလိမ့်မည်။
တမန်တော်ဝတ္ထု 19:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ပေါလုသည် သူတို့အပေါ် လက်ကိုတင်သောအခါ သန့်ရှင်းသောဝိညာဉ်တော် သက်ရောက်သဖြင့် သူတို့သည် အမျိုးမျိုးသောဘာသာစကားများကို ပြောလျက် ပရောဖက်ပြုကြ၏။ Common Language Bible ပေါလုသည်သူတို့၏ဦးခေါင်းအပေါ်မှာ လက်ကိုတင်လိုက်သောအခါ သန့်ရှင်းသောဝိညာဉ် တော်သည်သူတို့၏အပေါ်သို့သက်ရောက်တော် မူ၏။ ထိုအခါသူတို့သည်ထူးဆန်းသောဘာ သာစကားများကိုပြောကြ၏။ ဘုရားသခင် ၏တရားတော်ကိုလည်းဟောပြောကြေညာ ကြ၏။- Garrad Bible ပေါ လု လက် တင် သည့် ကာ လ သူ တို့ အ ပေါ် သို့ သန့် ရှင်း သော ဝိ ညာဉ် တော် သက် ရောက် တော် မူ သ ဖြင့် ဘာ သာ စ ကား ထူး ပြော လျက် ဟော ရ ကြ၏။ Judson Bible ပေါလုသည်လည်း၊ သူတို့အပေါ်၌ လက်ကိုတင်လျှင်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ဆင်းသက်တော်မူသဖြင့်၊ ထိုသူတို့သည် အမျိုးမျိုးသော ဘာသာစကားကိုပြော၍ ပရောဖက်ပြုကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ပေါလုသည် သူတို့အပေါ်လက်တင်သောအခါ သန့်ရှင်းသောဝိညာဉ်တော်သည် သူတို့အပေါ်သို့ သက်ရောက်သဖြင့် သူတို့သည် အခြားသောဘာသာစကားများကိုပြောဆိုလျက် ပရောဖက်ပြုဟောပြောကြ၏။ |
ယုံကြည်သောသူတို့သည် နိမိတ်လက္ခဏာများကို ပြသကြလိမ့်မည်။ သူတို့သည် ငါ၏အမည်နာမကို အမှီပြု၍ နတ်ဆိုးများကို နှင်ထုတ်ကြလိမ့်မည်။ အသစ်သောဘာသာစကားများကို ပြောကြလိမ့်မည်။
ထိုသူတို့အားလုံးသည်လည်း သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝ၍ ဝိညာဉ်တော်ပေးသနားတော်မူသည့်အစွမ်းအတိုင်း အမျိုးမျိုးသောဘာသာစကားများကို ဟောပြောကြ၏။
ထိုသူတို့ကို တမန်တော်များရှေ့တွင် ရပ်စေကြ၏၊ တမန်တော်တို့သည်လည်း ဆုတောင်းပေးကာ ထိုသူတို့အပေါ် လက်တင်ကြ၏။
ထို့ကြောင့် အာနနိသည် သွား၍ အိမ်ထဲသို့ ဝင်လေ၏။ သူ၏လက်ကို ရှောလုပေါ်သို့ တင်လျက် “ငါ့ညီရှောလု… သင်လာသောလမ်းတွင် သင့်အားကိုယ်ထင်ပြသော သခင်ယေရှုက သင့်မျက်စိပြန်မြင်စေရန်နှင့် သင့်ကို သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝစေရန် ငါ့ကိုစေလွှတ်လိုက်ပါ၏” ဟု ပြော၏။
အသင်းတော်ခေါင်းဆောင်တစ်ဦးကို လက်တင်မင်္ဂလာပေး၍ ခန့်အပ်ရာတွင် မည်သည့်အခါမျှ အလျင်စလိုမလုပ်နှင့်။ အခြားသူတို့ အပြစ်ကျူးလွန်ရာတွင် မပါဝင်နှင့်။ မိမိကိုယ်ကိုယ် ဖြူစင်သန့်ရှင်းစေလော့။
ထို့ကြောင့် သင့်အပေါ် ကျွန်ုပ်လက်တင်စဉ်က ဘုရားသခင် သင့်အား ပေးတော်မူသော ဆုကျေးဇူးကို ပြန်လည်တောက်လောင်စေရန် လှုံ့ဆော်လော့ဟု ကျွန်ုပ်သတိပေး၏။