သူတို့အထဲမှ အာဂဗုအမည်ရှိသောသူသည် ထ၍ ကမ္ဘာတစ်ဝန်းလုံးတွင် ပြင်းထန်သောအစာခေါင်းပါးခြင်း ဖြစ်လိမ့်မည်ဟု ဝိညာဉ်တော်ဖွင့်ပြခြင်းအားဖြင့် ကြိုဟောလေ၏။ ထိုအစာခေါင်းပါးခြင်းသည် ကလောဒိမင်းလက်ထက်တွင် ဖြစ်ပွား၏။
တမန်တော်ဝတ္ထု 18:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုမြို့၌ ပုန္တုပြည်သား၊ အာကုလဟုခေါ်သော ဂျူးတစ်ဦးကို တွေ့၏။ ကလောဒိမင်းသည် ဂျူးလူမျိုးအားလုံးကို ရောမမြို့မှ ထွက်ခွာသွားရန် အမိန့်ထုတ်ပြန်သောကြောင့် ထိုသူသည် မကြာမီကပင် အီတလီပြည်မှ ဇနီးဖြစ်သူ ပြစ်ကိလနှင့် ရောက်လာခြင်းဖြစ်၏။ ပေါလုသည် ထိုသူတို့ကို တွေ့ရန် သွား၍ Common Language Bible ထိုမြို့တွင်ပုန္တုပြည်သားအာကုလနာမည်ရှိ သော ယုဒအမျိုးသားတစ်ယောက်နှင့်သူ၏ဇနီး ပြစ်ကိလကိုတွေ့၏။ ယုဒအမျိုးသားအပေါင်း တို့ရောမမြို့မှထွက်ခွာသွားရန် ကလောဒိဘုရင် အမိန့်ထုတ်ဆင့်သဖြင့် သူတို့သည်မကြာမီက ပင်ဣတလိပြည်မှထွက်ခွာလာခဲ့ကြသူများ ဖြစ်၏။- Garrad Bible ကော ရိ န္သု မြို့ သို့ ရောက် ရာ ရော မ မြို့ မှ ယု ဒ လူ မျိုး အ ပေါင်း တို့ ထွက် သွား ကြ စေ ဟု က လော ဒိ မင်း အ မိန့် တော် အ ရ ဣ တ လိ ပြည် မှ မ ကြာ မီ မ ယား ပြစ် ကိ လ နှင့် ရောက် လာ သော ပု န္တု ပြည် သား ယု ဒ လူ မျိုး အာ ကု လ ဆို သူ ကို တွေ့ ၍၊ Judson Bible ထိုအခါ ယုဒလူအပေါင်းတို့သည် ရောမမြို့မှ ထွက်သွားရမည်အကြောင်း၊ ကလောဒိမင်း အမိန့်တော်ရှိသည်ဖြစ်၍၊ ပုန္တုပြည်သား အာကုလအမည်ရှိသော ယုဒလူတစ်ယောက်သည် ဣတလိပြည်မှလာ၍၊ မိမိမယား ပြစ်ကိလနှင့်တကွ မကြာမမြင့်မီ ရောက်လာသည်ကို ပေါလုတွေ့လျှင် သူတို့ဆီသို့ဝင်၍၊- မြန်မာ့စံမီသမ္မာကျမ်း ပုန္တုပြည်သား အာကုလအမည်ရှိဂျူးလူမျိုးတစ်ဦးနှင့်တွေ့လေ၏။ ကလောဒိမင်းသည် ဂျူးလူမျိုးအားလုံး ရောမမြို့မှ ထွက်သွားရမည့်အကြောင်း အမိန့်ထုတ်ပြန်သောကြောင့် သူသည် မိမိဇနီးပြစ်ကိလနှင့်အတူ မကြာမီက အီတလီပြည်မှ ရောက်လာခြင်းဖြစ်၏။ ပေါလုသည် သူတို့ထံသို့သွား၍ |
သူတို့အထဲမှ အာဂဗုအမည်ရှိသောသူသည် ထ၍ ကမ္ဘာတစ်ဝန်းလုံးတွင် ပြင်းထန်သောအစာခေါင်းပါးခြင်း ဖြစ်လိမ့်မည်ဟု ဝိညာဉ်တော်ဖွင့်ပြခြင်းအားဖြင့် ကြိုဟောလေ၏။ ထိုအစာခေါင်းပါးခြင်းသည် ကလောဒိမင်းလက်ထက်တွင် ဖြစ်ပွား၏။
ပေါလုသည် ကောရိန္သုမြို့၌ ရက်ပေါင်းများစွာ နေပြီးနောက် ယုံကြည်သူတို့အား နှုတ်ဆက်ကာ ကင်ခြေမြို့သို့ သွားလေ၏။ ပေါလုသည် ယခင်က သစ္စာပြုထားခဲ့သည် ဖြစ်၍ ရွက်မလွှင့်မီ ကင်ခြေမြို့တွင် ဆံပင်ရိတ်လေ၏။ ထို့နောက် ပြစ်ကိလ၊ အာကုလတို့နှင့်အတူ ဆီးရီးယားပြည်သို့ ရွက်လွှင့်ကြ၏။
သူသည် ဂျူးဝတ်ပြုဆောင်တွင် ရဲရင့်စွာဟောပြော၏။ ပြစ်ကိလနှင့် အာကုလတို့သည် သူဟောပြောသောစကားကို ကြားသောအခါ သူ့အား အိမ်သို့ ဖိတ်ခေါ်လျက် ဘုရားသခင်၏တရားလမ်းကို ပိုမိုလေးနက်စွာ ရှင်းပြကြ၏။
ငါတို့တွင် ပါသိပြည်၊ မေဒိပြည်၊ ဧလံပြည်၊ မက်ဆိုပိုတေးမီးယားပြည်၊ ယုဒပြည်၊ ကပ္ပဒေါကိပြည်၊ ပုန္တုပြည်၊ အာရှပြည်၊
ဖေတ္တုမင်းသည် ကျွန်ုပ်တို့ကို အီတလီသို့ သင်္ဘောဖြင့် ပို့ရန် ဆုံးဖြတ်ပြီးနောက် ထိုသူတို့က ပေါလုနှင့် အခြားအကျဉ်းသားတချို့ကို ဩဂတ်စတပ်နှင့်ဆိုင်သောတပ်၏တပ်မှူး၊ ယုလိအမည်ရှိသောသူထံသို့ လွှဲပြောင်းကြ၏။
ထိုမြို့တွင် အီတလီသို့ရွက်လွှင့်မည့် အလက်ဇန်းဒါးသင်္ဘောတစ်စင်းကို တပ်မှူးသည်တွေ့ရှိသဖြင့် ကျွန်ုပ်တို့ကို ထိုသင်္ဘောပေါ်သို့ တက်စေ၏။
အာရှပြည်ရှိ အသင်းတော်များသည် သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။ အာကုလနှင့် ပြစ်ကိလတို့မှစ၍ သူတို့အိမ်၌ စုဝေးကြသောအသင်းတော်သည် သခင်ဘုရားကို ထောက်၍ သင်တို့ကို လှိုက်လှဲစွာ နှုတ်ဆက်လိုက်ပါ၏။
သင်တို့၏ ခေါင်းဆောင်များနှင့် ယုံကြည်သူအပေါင်းတို့ကို နှုတ်ဆက်ကြလော့။ အီတလီပြည်မှ လာသောသူတို့သည် သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။
ကျွန်ုပ်သည် ယေရှုခရစ်တော်၏ တမန်တော်ပေတရုဖြစ်၏။ ပုန္တုပြည်၊ ဂလာတိပြည်၊ ကပ္ပဒေါကိပြည်၊ အာရှပြည်၊ ဗိသုနိပြည်တို့တွင် ကွဲလွင့်ပျံ့နှံ့လျက် ဧည့်သည်များအဖြစ် နေထိုင်ကြသည့် ဘုရားသခင်ရွေးချယ်တော်မူသော လူများထံသို့ ကျွန်ုပ်စာရေးလိုက်၏။