ထို့နောက် ဗာရှဗခေါ် ယုတ္တု အမည်ရှိသောယောသပ်နှင့် မဿိတို့နှစ်ယောက်ကို အဆိုပြုကြ၏။
တမန်တော်ဝတ္ထု 15:22 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် တမန်တော်များ၊ အသင်းတော်အကြီးအကဲများနှင့် အသင်းတော်တစ်ခုလုံးသည် သူတို့အထဲမှ လူများကိုရွေးချယ်၍ ပေါလု၊ ဗာနဗတို့နှင့်အတူ ဆီးရီးယားပြည်ရှိအန္တိအုတ်မြို့သို့ စေလွှတ်ရန် ဆုံးဖြတ်ကြ၏။ ထိုသူတို့မှာ ယုံကြည်သူများထဲမှ ခေါင်းဆောင်ဖြစ်သောဗာရှဗခေါ် ယုဒနှင့် သိလတို့ဖြစ်ကြ၏။ Common Language Bible ထိုအခါတမန်တော်များ၊ အသင်းတော်လူ ကြီးများနှင့်အသင်းတော်ဝင်အပေါင်းတို့ သည် ကိုယ်စားလှယ်များကိုရွေးချယ်၍ပေါလု၊ ဗာနဗနှင့်အတူအန္တိအုတ်မြို့သို့စေလွှတ် ရန်ဆုံးဖြတ်ကြ၏။ သူတို့သည်ယုံကြည်သူ တို့အလွန်ကြည်ညိုလေးစားကြသော ဗာရှဗခေါ်ယုဒနှင့်သိလတို့ကိုရွေး ချယ်ကြ၏။- Garrad Bible ထို အ ခါ တ မန် တော် များ၊ ဥ က္က ဋ္ဌ များ မှ စ၍ တစ် သင်း လုံး သည် ပေါ လု နှင့် ဗာ န ဗ တို့ ပြင် ညီ အစ် ကို တို့ တွင် အ ကြီး အ မှူး ဖြစ် သူ ဗာ ရှ ဗ္ဗ ခေါ် ယု ဒ နှင့် သိ လ တို့ ကို အ သင်း တော် မှ ရွေး ကောက်၍ အ န္တိ အုတ် မြို့ သို့ စေ လွှတ် သင့် ကြောင်း သ ဘော တူ ကြ သည့် အ တိုင်း သူ တို့ လက် ဖြင့် ပေး လိုက် သော စာ မှာ၊ Judson Bible ထိုအခါတမန်တော်တို့နှင့် သင်းအုပ်တို့မှစ၍ သင်းဝင်သူ အပေါင်းတို့သည်၊ မိမိတို့အထဲ၌ ရွေးကောက်၍ ညီအစ်ကိုတို့တွင် ထင်ရှားသောသူတည်းဟူသော ဗာရှဗအမည်သစ်ကိုရသော ယုဒနှင့် သိလတို့ကို၊ အန္တိအုတ်မြို့သို့ ပေါလု၊ ဗာနဗတို့နှင့်တကွ စေလွှတ်မည် အကြောင်း သဘောညီညွတ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ တမန်တော်များ၊ အသင်းတော်အကြီးအကဲများနှင့် အသင်းတော်တစ်ခုလုံးသည် သူတို့အထဲမှ လူကိုရွေးကောက်၍ ပေါလု၊ ဗာနဗတို့နှင့်အတူ အန္တိအုတ်မြို့သို့စေလွှတ်ရန် ဆုံးဖြတ်ကြကာ ညီအစ်ကိုတို့တွင် ဦးဆောင်သူများဖြစ်ကြသော ဗာရှဗခေါ်ယုဒနှင့် သိလတို့ကို ရွေးကောက်ကြ၏။ |
ထို့နောက် ဗာရှဗခေါ် ယုတ္တု အမည်ရှိသောယောသပ်နှင့် မဿိတို့နှစ်ယောက်ကို အဆိုပြုကြ၏။
သတေဖန်သေဆုံးပြီးနောက် ဖြစ်ပေါ်လာသည့် ညှဉ်းပန်းနှိပ်စက်ခြင်းကြောင့် ကွဲလွင့်ပျံ့နှံ့သွားကြသောသူများသည် ဖိုနီးရှားပြည်၊ ဆိုက်ပရပ်ကျွန်းနှင့် ဆီးရီးယားပြည်ရှိအန္တိအုတ်မြို့ထိတိုင် ရောက်သွားကြပြီး ဂျူးလူမျိုးတို့ကိုသာ ဘုရားသခင်၏နှုတ်ကပတ်တရားကို ဟောပြောကြ၏။
သို့သော် ထိုသူတို့အထဲတွင် ဆိုက်ပရပ်ကျွန်းနှင့် ကုရေနေမြို့သားတချို့ပါရှိ၍ အန္တိအုတ်မြို့သို့သွားကြပြီးလျှင် ဂရိစကားပြောသောလူတို့အား သခင်ယေရှုအကြောင်းကို ဟောပြောကြလေ၏။
ဂျေရုဆလင်မြို့ရှိ အသင်းသားများသည် ဤသတင်းကို ကြားသဖြင့် ဗာနဗကို အန္တိအုတ်မြို့တိုင်အောင် စေလွှတ်ကြ၏။
ထိုသူတို့နှင့်အတူ ပေးလိုက်သောစာတွင် သင်တို့၏ညီအစ်ကိုများဖြစ်သည့် တမန်တော်များနှင့် အသင်းတော်အကြီးအကဲများသည် အန္တိအုတ်မြို့၊ ဆီးရီးယားပြည်နှင့် ဆီလီဆီးယားပြည်ရှိ လူမျိုးခြားယုံကြည်သူများအား နှုတ်ခွန်းဆက်သလိုက်ပါ၏။
သို့ဖြစ်၍ ကျွန်ုပ်တို့သည် လူတချို့ကိုရွေးချယ်၍ ကျွန်ုပ်တို့ချစ်ခင်ရသောပေါလု၊ ဗာနဗတို့နှင့်အတူ သင်တို့ထံလွှတ်လိုက်ရန် စိတ်သဘောညီညွတ်စွာ ဆုံးဖြတ်ကြပါ၏။
ထို့ကြောင့် ဤစာတွင် ရေးသားဖော်ပြထားသည့်အကြောင်းအရာများကို သင်တို့အား ပြောပြရန် ယုဒနှင့်သိလကို ကျွန်ုပ်တို့စေလွှတ်ကြ၏။
ထို့နောက် အသင်းသားများသည် ထိုသူတို့ကို မြို့ပြင်ထိ လိုက်ပို့ကြ၏။ ပေါလုနှင့် ဗာနဗတို့သည် ဖိုနီးရှားပြည်နှင့် ရှမာရိပြည်ကို ဖြတ်သွားစဉ် လူမျိုးခြားများ၏ပြောင်းလဲခြင်းအကြောင်းကို ပြန်ပြောပြကြသဖြင့် ယုံကြည်သူများသည်လည်း အလွန်ဝမ်းမြောက်ကြ၏။
ဤသို့ဖြင့် သူတို့ကို လွှတ်လိုက်သောအခါ သူတို့သည် အန္တိအုတ်မြို့သို့ သွား၍ ယုံကြည်သူတို့ကို စုဝေးစေပြီးလျှင် စာလွှာကို ပေးအပ်ကြ၏။
ပရောဖက်များလည်းဖြစ်ကြသော ယုဒနှင့်သိလတို့သည် ယုံကြည်သူတို့အား အချိန်ကြာမြင့်စွာ တိုက်တွန်းနှိုးဆော်၍ ကြံ့ခိုင်စေကြ၏။
ပေါလုသည်လည်း သိလကိုခေါ်၍ ထွက်ခွာစဉ် ယုံကြည်သူများသည် ပေါလုအား သခင်ဘုရား၏ကျေးဇူးတော်သို့ အပ်နှံကြ၏။
သို့သော် သူ၏သခင်တို့သည် မိမိတို့ဝင်ငွေရရန် မျှော်လင့်စရာမရှိတော့သည်ကို သိမြင်သဖြင့် ပေါလုနှင့်သိလတို့ကို ဖမ်းဆီး၍ ရုံးတော်ရှိ အာဏာပိုင်များထံသို့ ဆွဲခေါ်သွားကြ၏။
သန်းခေါင်အချိန်တွင် ပေါလုနှင့် သိလတို့သည် ဘုရားသခင်ထံ ဆုတောင်း၍ ဓမ္မသီချင်းများကို သီဆိုနေကြ၏။ အကျဉ်းသားများသည်လည်း နားထောင်နေကြ၏။
ထောင်မှူးသည် မီးတိုင်ကို တောင်း၍ အလျင်အမြန်ပြေးဝင်ပြီးလျှင် ပေါလုနှင့် သိလတို့ရှေ့၌ ကြောက်ရွံ့တုန်လှုပ်လျက် ပျပ်ဝပ်လေ၏။
ထိုညတွင် ယုံကြည်သူတို့သည် ပေါလုနှင့်သိလတို့ကို ဗေရိမြို့သို့ ချက်ချင်းထွက်ခွာသွားစေကြ၏။ ထိုမြို့သို့ရောက်လျှင် သူတို့သည် ဂျူးဝတ်ပြုဆောင်သို့ သွားကြ၏။
ထိုအခါ ယုံကြည်သူတို့သည် ပေါလုကို ပင်လယ်ကမ်းခြေသို့ ပို့ဆောင်ကြ၏။ သို့ရာတွင် သိလနှင့်တိမောသေတို့သည် ထိုမြို့၌ နေရစ်ခဲ့ကြ၏။
အချို့သောသူတို့သည် ယုံကြည်သဖြင့် ပေါလု၊ သိလတို့နှင့် ပေါင်းဖော်ကြ၏။ ဘုရားသခင်ကို ကိုးကွယ်သော ဂရိလူမျိုးများနှင့် ထင်ရှားသော အမျိုးသမီးများသည်လည်း ယုံကြည်လာကြ၏။
သိလနှင့် တိမောသေတို့သည် မာကေဒေါနိပြည်မှ ရောက်လာကြသောအခါ ပေါလုသည် တရားဟောပြောခြင်းအမှုကိုသာ ဆောင်ရွက်လျက် ယေရှုသည် ခရစ်တော်ဖြစ်ကြောင်းကို ဂျူးတို့အား သက်သေခံ၍ ဟောပြောလေ၏။
ဂျေရုဆလင်မြို့ရှိ တမန်တော်တို့သည် ရှမာရိပြည်သားများက ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို ခံယူကြောင်း ကြားသိသောအခါ ပေတရုနှင့် ယောဟန်တို့ကို ရှမာရိနယ်သို့ လွှတ်လိုက်ကြ၏။
ကျွန်ုပ်မှစ၍ သိလွာနုနှင့် တိမောသေတို့က သင်တို့အား ဟောပြောခဲ့သော ဘုရားသခင်၏ သားတော် ယေရှုခရစ်တော်သည် “ဟုတ်၏” နှင့် “မဟုတ်ပါ” ကြားတွင် ယိမ်းယိုင်သောအရှင် မဟုတ်ပေ။ ထိုအရှင်၌ “ဟုတ်၏” ဟူ၍သာ ရှိ၏။
ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။ ဤစာသည် ကျွန်ုပ်ပေါလု၊ သိလွာနုနှင့် တိမောသေတို့က အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်တို့နှင့် တပေါင်းတစည်းတည်းဖြစ်သော သက်သာလောနိတ်အသင်းတော်ထံသို့ ပို့လိုက်သော စာဖြစ်၏။ ကျွန်ုပ်တို့၏ အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်တို့ထံမှ ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင်တို့အပေါ် သက်ရောက်ပါစေသော။
ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။ ဤစာသည် ကျွန်ုပ်ပေါလု၊ သိလွာနုနှင့် တိမောသေတို့က ကျွန်ုပ်တို့၏ အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်တို့ကို ယုံကြည်ကြသော သက်သာလောနိတ်မြို့သားတို့၏ အသင်းတော်ထံသို့ ပို့လိုက်သောစာ ဖြစ်၏။
သစ္စာရှိသောညီအစ်ကိုဟု ကျွန်ုပ်မှတ်ယူသော သိလွာနု၏အကူအညီဖြင့် သင်တို့ထံ စာကို အကျဉ်းချုံး၍ ရေးလိုက်၏။ အကြောင်းအရာမှာ သင်တို့အား တိုက်တွန်းနှိုးဆော်ရန်နှင့် ကျွန်ုပ်ရေးလိုက်သောအရာတို့သည် ဘုရားသခင်၏ စစ်မှန်သောကျေးဇူးတော်ဖြစ်ကြောင်း သက်သေခံရန်ဖြစ်၏။ ထိုကျေးဇူးတော်တွင် ခိုင်မြဲစွာ ရပ်တည်ကြလော့။