Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 15:22 - Garrad Bible

22 ထို အ ခါ တ မန် တော် များ၊ ဥ က္က ဋ္ဌ များ မှ စ၍ တစ် သင်း လုံး သည် ပေါ လု နှင့် ဗာ န ဗ တို့ ပြင် ညီ အစ် ကို တို့ တွင် အ ကြီး အ မှူး ဖြစ် သူ ဗာ ရှ ဗ္ဗ ခေါ် ယု ဒ နှင့် သိ လ တို့ ကို အ သင်း တော် မှ ရွေး ကောက်၍ အ န္တိ အုတ် မြို့ သို့ စေ လွှတ် သင့် ကြောင်း သ ဘော တူ ကြ သည့် အ တိုင်း သူ တို့ လက် ဖြင့် ပေး လိုက် သော စာ မှာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

22 ထို​အ​ခါ​တ​မန်​တော်​များ၊ အ​သင်း​တော်​လူ ကြီး​များ​နှင့်​အ​သင်း​တော်​ဝင်​အ​ပေါင်း​တို့ သည် ကိုယ်​စား​လှယ်​များ​ကို​ရွေး​ချယ်​၍​ပေါ​လု၊ ဗာ​န​ဗ​နှင့်​အ​တူ​အန္တိ​အုတ်​မြို့​သို့​စေ​လွှတ် ရန်​ဆုံး​ဖြတ်​ကြ​၏။ သူ​တို့​သည်​ယုံ​ကြည်​သူ တို့​အ​လွန်​ကြည်​ညို​လေး​စား​ကြ​သော ဗာ​ရှ​ဗ​ခေါ်​ယု​ဒ​နှင့်​သိ​လ​တို့​ကို​ရွေး ချယ်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 ထို​အ​ခါ​တ​မန်​တော်​တို့​နှင့် သင်း​အုပ်​တို့​မှ​စ၍ သင်း​ဝင်​သူ အ​ပေါင်း​တို့​သည်၊ မိ​မိ​တို့​အ​ထဲ၌ ရွေး​ကောက်၍ ညီ​အစ်​ကို​တို့​တွင် ထင်​ရှား​သော​သူ​တည်း​ဟူ​သော ဗာ​ရှ​ဗ​အ​မည်​သစ်​ကို​ရ​သော ယု​ဒ​နှင့် သိ​လ​တို့​ကို၊ အ​န္တိ​အုတ်​မြို့​သို့ ပေါ​လု၊ ဗာ​န​ဗ​တို့​နှင့်​တ​ကွ စေ​လွှတ်​မည် အ​ကြောင်း သ​ဘော​ညီ​ညွတ်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 ထိုအခါ တမန်တော်​များ၊ အသင်းတော်​အကြီးအကဲ​များ​နှင့် အသင်းတော်​တစ်ခုလုံး​သည် သူ​တို့​အထဲမှ လူ​ကို​ရွေးကောက်​၍ ပေါလု၊ ဗာနဗ​တို့​နှင့်အတူ အန္တိအုတ်​မြို့​သို့​စေလွှတ်​ရန် ဆုံးဖြတ်​ကြ​ကာ ညီအစ်ကို​တို့​တွင် ဦးဆောင်​သူ​များ​ဖြစ်​ကြ​သော ဗာရှဗ​ခေါ်​ယုဒ​နှင့် သိလ​တို့​ကို ရွေးကောက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

22 ထို့နောက် တမန်တော်များ၊ အသင်းတော်​အကြီးအကဲများ​နှင့် အသင်းတော်​တစ်ခုလုံး​သည် သူတို့​အထဲ​မှ လူများ​ကို​ရွေးချယ်​၍ ပေါလု၊ ဗာနဗ​တို့​နှင့်အတူ ဆီးရီးယားပြည်​ရှိ​အန္တိအုတ်မြို့​သို့ စေလွှတ်​ရန် ဆုံးဖြတ်ကြ၏။ ထို​သူတို့​မှာ ယုံကြည်သူများ​ထဲမှ ခေါင်းဆောင်​ဖြစ်သော​ဗာရှဗ​ခေါ် ယုဒ​နှင့် သိလ​တို့​ဖြစ်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 15:22
29 ပူးပေါင်းရင်းမြစ်များ  

ပ ရိ သတ် ဥဿုံ သည် ဘု ရင် မင်း ပြု သ မျှ ကို နှစ် သက် ကြ သည့် အ တိုင်း ဤ အ မှု ကို လည်း သိ မှတ်၍ နှစ် သက် ကြ၏။


ထာ ဝ ရ ဘု ရား ဗျာ ဒိတ် တော် ခံ ဘု ရင် မင်း နှင့် မှူး မတ် တို့ အ မိန့် အ တိုင်း၊ တစ် ညီ တစ် ညွတ် တည်း လိုက် နာ ကြ စိမ့် သော ငှာ၊ ယု ဒ လူ မျိုး အ ပေါ် တွင် ဘု ရား သ ခင့် လက် ရုံး တော် တည် သည် ဖြစ်၍၊


ထို သို့ ဘု ရင် မင်း နှင့် လူ ပ ရိ သတ် တို့ သ ဘော တူ ကြ သ ဖြင့်၊


ထို အ ခါ ယု တ္တု အ မည် သစ် ရ သူ ဗာ ရှ ဗ္ဗ ခေါ် ယော သပ် နှင့် မဿိ တို့ ကို ခွဲ ထုတ် ၍၊


ထို အ ခါ သ တေ ဖန် နှင့် စပ်၍ ပေါ် ပေါက် ရ သော ဒု က္ခ ကြောင့် ကွဲ လွင့် ရ သူ တို့ သည် ဖိ နိတ် ပြည်၊ ကု ပ ရု ကျွန်း၊ အ န္တိ အုတ် မြို့ များ တိုင် အောင် သွား ပြီး လျှင်၊ ယု ဒ လူ မျိုး တို့ အား သာ တ ရား တော် ကို ဟော ပြော လျက် နေ ကြ သော် လည်း၊


ပါ ရှိ သော ကု ပ ရု ကျွန်း သား နှင့် ကု ရေ နေ မြို့ သား အ ချို့ သည် အ န္တိ အုတ် မြို့ သို့ ရောက်၍ အ ရှင် ယေ ရှု၏ သ တင်း တော် မြတ် ကို ဂ ရိတ် လူ မျိုး တို့ အား လည်း ဟော ပြော ကြ ရာ၊


ထို သူ တို့ အ ကြောင်း ယေ ရု ရှ လင် မြို့ ရှိ အ သင်း တော် ကြား သိ သော် ဗာ န ဗ ကို အ န္တိ အုတ် မြို့ သို့ စေ လွှတ် ကြ သည့် အ တိုင်း ရောက် လာ သော်၊


ထို ကာ လ ယေ ရု ရှ လင် မြို့ မှ အ န္တိ အုတ် မြို့ သို့ ရောက် လာ ကြ သော ပ ရော ဖက် တို့ အ နက်၊


တ မန် တော် နှင့် ဥ က္က ဋ္ဌ ဖြစ် သူ ညီ အစ် ကို တို့ က အ န္တိ အုတ် မြို့ မှ စ၍ ရှု ရိ နှင့် ကိ လိ ကိ ပြည် ရှိ လူ မျိုး ခြား တို့ အ နက် ညီ အစ် ကို ဖြစ် သူ တို့ ထံ မေ တ္တာ ပို့၍ ကြား လိုက် သည်။


ငါ တို့ ကြား သိ ရ သ ဖြင့် ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ နာ မ တော် အ တွက် အ သက် စွန့် စား သူ ငါ တို့ ချစ် လှ သော ဗာ န ဗ နှင့် ပေါ လု တို့ ကို ရွေး ကောက် သူ တို့ ပါ သင် တို့ ထံ စေ လွှတ် သင့် ကြောင်း တ ညီ တ ညွတ် တည်း သ ဘော တူ ကြ သည့် အ လျောက်၊


ယု ဒ နှင့် သိ လ ကို စေ လွှတ် လိုက် ကြ သည်။ စာ ပါ အ ကြောင်း အ ရာ များ ကို နှုတ် ဖြင့် ထို သူ တို့ ထပ် ပြော ကြ ဦး မည်။


သို့ ဖြစ်၍ အ သင်း တော် ပို့ လိုက် သော ထို သူ တို့ သည် ဖိ နိတ် နယ်၊ ရှ မာ ရိ နယ် များ ကို ဖြတ် လျက် လူ မျိုး ခြား တို့ ပြောင်း လဲ ခြင်း အ ကြောင်း ကြား ပြော ကြ သ ဖြင့် ညီ အစ် ကို ရှိ သ မျှ တို့ အား ရ ဝမ်း မြောက် ကြ၏။


ထို သို့ လွှတ် လိုက် ကြ သော သူ တို့ သည် အ န္တိ အုတ် မြို့ သို့ ရောက်၍ လူ ပ ရိ သတ် စု ရုံး စေ ပြီး လျှင် ထို စာ ကို ပေး အပ် ကြ သည့် အ တိုင်း၊


ပ ရော ဖက် ဖြစ် သော ယု ဒ နှင့် သိ လ တို့ လည်း ညီ အစ် ကို တို့ ကို များ စွာ နှိုး ဆော် လျက်၊ တည် ကြည် စေ လျက်၊


ပေါ လု မူ ကား သိ လ ကို ရွေး ကောက်၍ အ ရှင် ဘု ရား၏ ကျေး ဇူး တော် သို့ ညီ အစ် ကို တို့ အပ် လိုက် သည့် အ တိုင်း ထွက် သွား ပြီး လျှင်၊


ထို မိန်း မ ငယ်၏ သ ခင် တို့ မူ ကား မျှော် လင့် ရာ စီး ပွား ပျက် ကြောင်း သိ မြင် သော် ပေါ လု နှင့် သိ လ ကို ဖမ်း ဆီး ပြီး လျှင် ရုံး ထိုင် အ ရာ ရှိ တို့ ရှေ့ ဆွဲ ငင်၍ မြို့ ဝန် တို့ ထံ သွင်း သော်၊


သန်း ခေါင် ယံ တွင် အ ကျဉ်း သား တို့ နား ထောင် ကြ စဉ် ပေါ လု နှင့် သိ လ တို့ သည် ဘု ရား သ ခင့် ထံ ပ ဌ နာ ပြု လျက် ကျူး ဧ လျက် နေ ကြ ခိုက် ရုတ် တ ရက် င လျင် ကြီး လှုပ် သ ဖြင့်၊


ထို သူ သည် မီး ခွက် များ ထွန်း ခဲ့ ရန် အ မိန့် ရှိ၍ ပြေး ဝင် ပြီး လျှင် ပေါ လု နှင့် သိ လ တို့ ရှေ့ တုန် လှုပ် လျက် ပျပ် ဝပ်၏။


ထို ညဉ့် ချင်း တွင် ညီ အစ် ကို တို့ သည် ပေါ လု နှင့် သိ လ တို့ ကို ဗေ ရိ မြို့ သို့ သွား စေ ကြ သည့် အ တိုင်း ရောက် သော်၊


ညီ အစ် ကို တို့ သည် သိ လ နှင့် တိ မော သေ တို့ ကို နေ ရစ် စေ လျက် ပေါ လု ကို ပင် လယ် ကမ်း ခြေ လမ်း အ ထိ ရုတ် ခြင်း ပို့ ကြ ပြီး မှ၊


အ ချို့ တို့ သည် သ ဘော ကျ၍ ပေါ လု၊ သိ လ တို့ နှင့် ပေါင်း သင်း ကြ၏။ ဘု ရား တ ရား ကြည် ညို သော ဂ ရိတ် လူ မျိုး အ မြောက် အ မြား နှင့် ထင် ပေါ် သော မိန်း မ အ များ လည်း ပါ ဝင် ကြ ၏။


မာ ကေ ဒေါ နိ ပြည် မှ သိ လ နှင့် တိ မော သေ တို့ ရောက် လာ ကြ သည့် ကာ လ ပေါ လု သည် ဟော ပြော မှု ကို ဝိ ရိ ယ စိုက်၍ ယေ ရှု ပင် ခ ရစ် တော် မှန် ကြောင်း ယု ဒ လူ မျိုး တို့ အား သက် သေ ခံ လျက် နေ ရာ၊


ယေ ရု ရှ လင် မြို့ ရှိ တ မန် တော် တို့ သည် ဘု ရား သ ခင့် တ ရား တော် ကို ရှ မာ ရိ လူ မျိုး ခံ ယူ ကြောင်း ကြား၍ ပေ တ ရု နှင့် ယော ဟန် တို့ ကို စေ လွှတ် ကြ သည့် အ တိုင်း ရောက် ကြ သော်၊


သင် တို့ ဘောင် တွင် ငါ မှ စ၍ သိ လွာ နု နှင့် တိ မော သေ တို့ ကြော် ငြာ သော ဘု ရား သ ခင့် သား တော် ခ ရစ် တော် ယေ ရှု၌ လည်း ဧ ကန် အ နေ ကန် မ ရှိ၊ ဧ ကန် သာ ရှိ၏။


ပေါ လု၊ သိ လွာ နု၊ တိ မော သေ တို့ က ခ မည်း တော် ဘု ရား နှင့် အ ရှင် ယေ ရှု ခ ရစ် တော်၌ တည် နေ သော၊ သက် သာ လော နိတ် အ သင်း တော် ထံ ရေး လိုက် သည် မှာ ကျေး ဇူး တော် နှင့် ငြိမ် သက် ခြင်း သည် သင် တို့၌ တည် ရှိ ပါ စေ သော။


ပေါ လု၊ သိ လွာ နု၊ တိ မော သေ တို့ က ငါ တို့ အ ဘ ဘု ရား သ ခင် နှင့် အ ရှင် ယေ ရှု ခ ရစ်၌ တည် နေ သော သက် သာ လော နိတ် အသင်း တော့် ထံ ရေး လိုက် သည် မှာ၊


ဘု ရား သ ခင့် ကျေး ဇူး တော် စစ် သည် ဤ သို့ ဖြစ် ကြောင်း နှိုး ဆော် သက် သေ ခံ လျက် ငါ ထင် မှတ် သည့် အ တိုင်း သ စ္စာ ရှိ သူ ညီ အစ် ကို သိ လွာ နု လက် ဖြင့် ငါ အ တို ကောက် ရေး ပို့ လိုက် သ တည်း။ ထို ကျေး ဇူး တော်၌ တည် နေ ကြ လော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ