ကျွန်ုပ်တို့ထံမှ ထွက်ခွာသွားကြသောသူများသည် ကျွန်ုပ်တို့၏ညွှန်ကြားချက်များမရှိဘဲ သင်တို့အား စကားများဖြင့်ပူပန်စေ၍ သင်တို့၏စိတ်ကိုလည်း အနှောင့်အယှက်ဖြစ်စေသည်ကို ကြားသိရပါ၏။
ဂလာတိ 6:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယခုမှစ၍ မည်သူမျှ ကျွန်ုပ်ကို မနှောင့်ယှက်ပါစေနှင့်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်၏ ကိုယ်ခန္ဓာတွင် ရှိသော ဒဏ်ရာဒဏ်ချက်များက ကျွန်ုပ်သည် ယေရှုခရစ်တော်နှင့်ဆိုင်သောသူဖြစ်ကြောင်း ဖော်ပြလျက် ရှိသောကြောင့် ဖြစ်၏။ Common Language Bible နိဂုံးချုပ်ရမည်ဆိုလျှင် ငါ့အားအဘယ်သူမျှ နောက်ထပ်မနှောင့်ယှက်ကြနှင့်။ အဘယ်ကြောင့်ဆို သော်ငါ၏ကိုယ်ပေါ်တွင်ရှိသောဒဏ်ရာဒဏ်ချက် များက ငါသည်သခင်ယေရှု၏ကျွန်ဖြစ်ကြောင်း သက်သေပြလျက်ရှိသောကြောင့်ဖြစ်၏။ Garrad Bible ယ ခု မှ စ၍ မည် သူ မျှ ငါ့ ကို ဒု က္ခ မ ရှာ စေ နှင့် ယေ ရှု၏ တံ ဆိပ် တော် သည် ငါ့ ကိုယ် ခ န္ဓာ၌ ရိုက် ထင် လျက် ရှိ၏။ Judson Bible ယခုမှစ၍ အဘယ်သူမျှ ငါ့ကို မနှောင့်ယှက်စေနှင့်။ ငါ့ကိုယ်၌ သခင်ယေရှု၏ဒဏ်ချက်ရာကို ငါဆောင်၏။- မြန်မာ့စံမီသမ္မာကျမ်း ယခုမှစ၍ မည်သူမျှ ငါ့အား အနှောင့်အယှက်မပေးပါစေနှင့်။ အကြောင်းမူကား ငါသည် ယေရှုနှင့်ဆိုင်သောအမှတ်တံဆိပ်များကို ငါ၏ကိုယ်ခန္ဓာ၌ ဆောင်ထား၏။ |
ကျွန်ုပ်တို့ထံမှ ထွက်ခွာသွားကြသောသူများသည် ကျွန်ုပ်တို့၏ညွှန်ကြားချက်များမရှိဘဲ သင်တို့အား စကားများဖြင့်ပူပန်စေ၍ သင်တို့၏စိတ်ကိုလည်း အနှောင့်အယှက်ဖြစ်စေသည်ကို ကြားသိရပါ၏။
ခရစ်တော်ကြောင့် ကျွန်ုပ်တို့ ကြုံတွေ့ရသော ဆင်းရဲဒုက္ခသည် များပြားလှသည်နည်းတူ ခရစ်တော်အားဖြင့် ကျွန်ုပ်တို့ ခံစားရသော နှစ်သိမ့်မှုသည်လည်း များပြားလှ၏။
ကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခခံရခြင်းအားဖြင့် ယေရှုအသေခံတော်မူခြင်းကို ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာတွင် အစဉ်ဆောင်ထားကြသည်မှာ ယေရှုအသက်ရှင်တော်မူခြင်းကို ကိုယ်ခန္ဓာတွင် ပေါ်လွင်ထင်ရှားစေရန်ဖြစ်၏။
အမှန်တွင်မူ အခြားသတင်းကောင်းဟူ၍ မရှိပါ။ အချို့က သင်တို့ကို စိတ်ရှုပ်ထွေးစေ၍ ခရစ်တော်၏ သတင်းကောင်းကို မှောက်လှန်လိုခြင်းသာ ဖြစ်၏။
ကျွန်ုပ်သည် ခရစ်တော်ကို သိကျွမ်းခြင်း၊ ခရစ်တော်၏ ရှင်ပြန်ထမြောက်တော်မူခြင်းတန်ခိုးကို ရရှိခံစားခြင်း၊ ကိုယ်တော်ကဲ့သို့ အသေခံ၍ ကိုယ်တော်၏ ဆင်းရဲဒုက္ခကို မျှဝေခံစားခြင်းတို့ကိုသာ အလိုရှိ၏။
ယခုအခါ ကျွန်ုပ်သည် သင်တို့အတွက် ဆင်းရဲဒုက္ခခံရသည်ကို ဝမ်းမြောက်၍ ခရစ်တော်ကိုယ်စား ဆင်းရဲဒုက္ခခံကာ ကြွင်းကျန်နေသေးသော ဆင်းရဲဒုက္ခကို ကိုယ်တော်၏ ကိုယ်ခန္ဓာဖြစ်သော အသင်းတော်အတွက် ကျွန်ုပ်၏ ခန္ဓာသွေးသားဖြင့် ဖြည့်ဆည်းနေ၏။
မည်သူမျှ ဘုရားသခင်၏ ကျေးဇူးတော်ကို မဆုံးရှုံးစေရန် သတိပြုလော့။ သင်တို့ကို ဒုက္ခပေး၍ လူများစွာကို ညစ်ညူးစေမည့် ခါးသီးသောအမြစ်ကို မပေါက်ပွားစေရန် သတိပြုလော့။
ထို့ပြင် သူသည် လူတန်းစားအနိမ့်အမြင့်၊ ချမ်းသာသူနှင့် ဆင်းရဲသူ၊ လွတ်လပ်သူနှင့် ကျွန်ဖြစ်သူစသည့် လူအပေါင်းတို့၏ လက်ယာလက်၊ သို့မဟုတ် နဖူးပေါ်တွင် အမှတ်တံဆိပ်ကို ရိုက်နှိပ်စေ၏။
ထိုသားရဲ၏ အမည်၊ သို့မဟုတ် သူ၏ အမည်ကို ကိုယ်စားပြုသောကိန်းဂဏန်းဖြစ်သည့် ထိုအမှတ်တံဆိပ် မရှိလျှင် မည်သူမျှ အရောင်းအဝယ် ပြုခွင့်မရ။