အသီးအားဖြင့် အပင်အမျိုးအစားကို သိရ၏။ အသီးကောင်းလျှင် အပင်ကောင်း၏။ အသီးမကောင်းလျှင် အပင်သည်လည်း ကောင်းမည်မဟုတ်။
ဂလာတိ 5:22 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ဝိညာဉ်တော်က ဖြစ်စေသော အသီးအပွင့်မှာ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်းချမ်းခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်သိခြင်း၊ Common Language Bible ဝိညာဉ်တော်ကဖြစ်ပေါ်စေသည့်အသီးအပွင့် မူကားချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်သည်းခံခြင်း၊ သနားကြင်နာခြင်း၊ ကောင်း မြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊- Garrad Bible ဝိ ညာဉ် တော့် ဆိုင် ရာ အ သီး မူ ကား ချစ် ခြင်း၊ ရွှင် လန်း ခြင်း၊ ငြိမ် သက် ခြင်း၊ စိတ် ရှည် ခြင်း၊ က ရု ဏာ ပြ ခြင်း၊ ကျေး ဇူး ပြု ခြင်း၊ သစ္စာ တည် ခြင်း၊ သိမ် မွေ့ ခြင်း၊ ကိုယ် ကို ချုပ် တည်း ခြင်း များ တည်း။ Judson Bible ဝိညာဉ်ပကတိ၏အကျိုးမူကား၊ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊- မြန်မာ့စံမီသမ္မာကျမ်း ဝိညာဉ်တော်၏အသီးအပွင့်မူကား ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ |
အသီးအားဖြင့် အပင်အမျိုးအစားကို သိရ၏။ အသီးကောင်းလျှင် အပင်ကောင်း၏။ အသီးမကောင်းလျှင် အပင်သည်လည်း ကောင်းမည်မဟုတ်။
ဤသို့ပြုလျှင် နောက်နှစ်တွင် အသီး သီးကောင်းသီးပါလိမ့်မည်။ အကယ်၍ အသီးမသီးလျှင်ခုတ်ပစ်ပါ’ ဟု တောင်းဆိုလေသည်” ဟု မိန့်တော်မူ၏။
သင်တို့သည် ငါ့ကို ရွေးချယ်ခဲ့သည်မဟုတ်။ ငါသည် သင်တို့ကို ရွေးချယ်၏။ တည်မြဲမည့်အသီးကို သင်တို့သီးစေရန် ငါခန့်ထား၏။ သို့ဖြစ်၍ ငါ့နာမကို အမှီပြု၍ ခမည်းတော်ထံ သင်တို့တောင်းသမျှကို ခမည်းတော်မှ ပေးတော်မူရန် ဖြစ်၏။
ခမည်းတော်သည် စပျစ်ပင်ဖြစ်သော ငါ၌ အသီးမသီးသည့်အကိုင်းအခက်ရှိသမျှကို ခုတ်ပစ်တော်မူ၏။ အသီးသီးသောအကိုင်းအခက်ရှိသမျှကိုမူ ပို၍ အသီးသီးစေနိုင်ရန် ဖြတ်ညှပ်ရှင်းလင်းတော်မူ၏။
ငါသည် စပျစ်ပင်ဖြစ်၍ သင်တို့သည် အကိုင်းအခက်များဖြစ်ကြ၏။ မည်သူမဆို ငါ၌ တည်၍ ငါသည်လည်း ထိုသူ၌ တည်လျှင် ထိုသူသည် အသီးများစွာ သီးလိမ့်မည်။ ငါနှင့် ကင်းကွာလျှင် သင်တို့သည် မည်သည့်အရာကိုမျှ မတတ်နိုင်ကြ။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏နိုင်ငံတော်တွင် စားသောက်ခြင်းသည် အရေးမကြီးပေ။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ရရှိသော ဖြောင့်မတ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ ဝမ်းမြောက်ခြင်းတို့သာ အရေးကြီး၏။
ညီအစ်ကိုမောင်နှမတို့… သင်တို့သည် ကောင်းခြင်းနှင့် ပြည့်စုံ၍ အသိပညာကြွယ်သဖြင့် အချင်းချင်း ပဲ့ပြင်သွန်သင်နိုင်စွမ်းရှိသည်ကို ကျွန်ုပ် အပြည့်အဝယုံကြည်၏။
ကျမ်းစာ၌ “ကိုယ်တော်ကို ကဲ့ရဲ့သောသူတို့၏ ကဲ့ရဲ့ခြင်းသည် ကျွန်ုပ်အပေါ်၌လည်း သက်ရောက်ပါ၏” ဟု ရေးသားထားသည့်အတိုင်း ခရစ်တော် ကိုယ်တိုင်ပင်လျှင် မိမိစိတ်ကြိုက် ပြုတော်မမူခဲ့ပေ။
ညီအစ်ကိုမောင်နှမတို့… သန့်ရှင်းသောဝိညာဉ်တော်၏ မေတ္တာတော်နှင့် သခင်ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်ထံ ကျွန်ုပ်အတွက် ကျွန်ုပ်နှင့်အတူ ဆုတောင်းကြရန် သင်တို့အား တိုက်တွန်းနှိုးဆော်ပါ၏။
သို့သော် ယခုသင်တို့သည် အပြစ်တရားလက်မှ လွတ်မြောက်၍ ဘုရားသခင်၏ကျွန် ဖြစ်လာကြ၏။ ထို့ကြောင့် ယခုသင်တို့သည် သန့်ရှင်းခြင်းအကျိုးကို ရကြ၏။ အဆုံး၌ ထာဝရအသက်ကို ရကြ၏။
ထို့ကြောင့် ညီအစ်ကိုမောင်နှမတို့… သင်တို့သည် ခရစ်တော်နှင့်အတူ သေသဖြင့် ပညတ်တရားအောက်၌ အသက်ရှင်ရသောဘဝကိုလည်း အဆုံးသတ်ပြီဖြစ်၏။ ယခု သင်တို့သည် ဘုရားသခင်အတွက် ကောင်းသောအကျင့်ကို ကျင့်နိုင်ရန် သေခြင်းမှရှင်ပြန်ထမြောက်တော်မူသော အရှင်နှင့် တပေါင်းတစည်းတည်းဖြစ်ကြ၏။
လူ့ဗီဇစိတ် အလိုအတိုင်း အသက်ရှင်သောသူတို့သည် လူ့ဗီဇစိတ်နှင့်ဆိုင်သော အရာတို့ကို စွဲလမ်းကြ၏။ ဝိညာဉ်တော်၏ အလိုအတိုင်း အသက်ရှင်သောသူတို့မှာ ဝိညာဉ်တော်နှင့်ဆိုင်သော အရာတို့ကို စွဲလမ်းကြ၏။
ယခုတွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်းမေတ္တာ ဤသုံးပါးတို့သည် တည်လျက်ရှိ၏။ ဤသုံးပါးတို့အနက် ချစ်ခြင်းမေတ္တာသည် အမြတ်ဆုံးဖြစ်၏။
ညီအစ်ကိုမောင်နှမတို့… သင်တို့သည် လွတ်လပ်ခွင့်ရရန်အတွက် ခေါ်တော်မူခြင်းခံရသူများ ဖြစ်၏။ သို့သော် သင်တို့၏ လွတ်လပ်ခွင့်ကို မိမိဗီဇစိတ်အလိုသို့ လိုက်ရန်အတွက် အခွင့်အရေးအဖြစ်အသုံးမပြုဘဲ မေတ္တာဖြင့် အချင်းချင်းအစေခံခြင်းအတွက် အသုံးပြုကြလော့။
အလင်း၏အသီးအပွင့်သည် အမျိုးမျိုးသော ကောင်းမြတ်ခြင်း၊ ဖြောင့်မတ်ခြင်း၊ မှန်ကန်ခြင်းတို့ ဖြစ်ကြ၏။
ထို့ပြင် သင်တို့သည် ယေရှုခရစ်တော်ကြောင့် ရရှိသည့် ဖြောင့်မတ်ခြင်း၏ အသီးအပွင့်နှင့် ပြည့်လျက် လူတို့သည် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေရန်နှင့် ဘုရားသခင်ကို ချီးမွမ်းကြရန် ကျွန်ုပ်ဆုတောင်း၏။
သို့မှသာ သင်တို့သည် ကောင်းမှုအမျိုးမျိုးဖြစ်သော အသီးအပွင့်များ သီးပွင့်ကာ ဘုရားသခင်ကို ပိုမိုသိကျွမ်းသည်နှင့်အညီ သခင်ဘုရား၏ လူဖြစ်သည့်အလျောက် သခင်ဘုရား၏ လူပီသစွာ ပြုမူနေထိုင်၍ သခင်ဘုရားကို နှစ်သက်စေနိုင်မည်ဖြစ်၏။
လူတိုင်းသည် ခရစ်တော်ကို ယုံကြည်သည် မဟုတ်သောကြောင့် ဘုရားသခင်သည် ကျွန်ုပ်တို့ကို ယုတ်မာဆိုးညစ်သူတို့လက်က ကယ်တင်ပေးတော်မူရန် ဆုတောင်းပေးကြလော့။
ထိုနည်းတူ သူတို့၏ ဇနီးတို့သည်လည်း ကိုယ်ကျင့်တရားကောင်းသူများဖြစ်ရမည်။ အတင်းအဖျင်းမပြောသူ၊ ကိုယ်ကျင့်တရားစောင့်ထိန်းသူ၊ အရာရာ၌ ယုံကြည်စိတ်ချရသူ ဖြစ်ရမည်။
သင်၏အသက်ငယ်ရွယ်သည်ကို မည်သူမျှ မထီမဲ့မြင်မပြုစေနှင့်။ ပြောဆိုခြင်း၊ ပြုမူခြင်း၊ ချစ်ခြင်း၊ ယုံကြည်ခြင်း၊ စင်ကြယ်ခြင်းတို့တွင် ယုံကြည်သူတို့အတွက် စံနမူနာဖြစ်စေလော့။
သင်တို့သည် သမ္မာတရားကို နာခံခြင်းဖြင့် မိမိကိုယ်မိမိ သန့်ရှင်းစင်ကြယ်စေပြီဖြစ်၍ သင်တို့၏ညီအစ်ကိုမောင်နှမများကို စိတ်ရင်းအမှန်ဖြင့် ချစ်နိုင်ကြ၏။ ဖြူစင်သောစိတ်နှလုံးဖြင့် အချင်းချင်းအကြွင်းမဲ့ချစ်ကြလော့။
သင်တို့သည် ကိုယ်တော်ကို မမြင်ဖူးသော်လည်း ချစ်ကြ၏။ ယခု ကိုယ်တော်ကို မတွေ့ရသေးသော်လည်း ယုံကြည်ကြ၏။ သင်တို့တွင် ဘုန်းအသရေနှင့်ပြည့်စုံသည့် ပြောမပြနိုင်လောက်သော ဝမ်းမြောက်ခြင်းရှိ၏။
သစ္စာရှိသောညီအစ်ကိုဟု ကျွန်ုပ်မှတ်ယူသော သိလွာနု၏အကူအညီဖြင့် သင်တို့ထံ စာကို အကျဉ်းချုံး၍ ရေးလိုက်၏။ အကြောင်းအရာမှာ သင်တို့အား တိုက်တွန်းနှိုးဆော်ရန်နှင့် ကျွန်ုပ်ရေးလိုက်သောအရာတို့သည် ဘုရားသခင်၏ စစ်မှန်သောကျေးဇူးတော်ဖြစ်ကြောင်း သက်သေခံရန်ဖြစ်၏။ ထိုကျေးဇူးတော်တွင် ခိုင်မြဲစွာ ရပ်တည်ကြလော့။