ထို့ကြောင့် သားတော်သည် သင်တို့ကို လွတ်မြောက်စေပါက သင်တို့သည် အမှန်တကယ်လွတ်မြောက်ကြလိမ့်မည်။
ဂလာတိ 4:26 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ကျန်အမျိုးသမီးဖြစ်သော စာရာသည် အထက်အရပ်တွင် ရှိသော ဂျေရုဆလင်မြို့ကို ကိုယ်စားပြု၏။ သူသည် လွတ်လပ်သူဖြစ်ပြီး ကျွန်ုပ်တို့၏ မိခင်ဖြစ်၏။ Common Language Bible သို့ရာတွင်ကောင်းကင်ဘုံဆိုင်ရာယေရုရှလင် မြို့ကား လွတ်လပ်သောမြို့ဖြစ်၍ငါတို့၏မိခင် ဖြစ်၏။- Garrad Bible ကောင်း ကင် ယေ ရု ရှ လင် မူ ကား သား မ ဖွား သော အ မြုံ မ၊ ကြွေး ကြော် လော့။ သား ဖွား ခြင်း ဝေ ဒ နာ မ ခံ ရ သော မိန်း မ၊ အ သံ လွှင့်၍ ကြွေး ကြော် လော့။ စွန့် ထား သော မိန်း မ သည် လင် ရှိ သော မိန်း မ ထက် သား များ စွာ ရှိ သည် ဟူ သော ကျမ်း ချက် အ ရ မြို့ လွတ် ဖြစ် လျက် ငါ တို့ အ မိ ဖြစ် ၏။ Judson Bible အပေါ်မှာရှိသော ယေရုရှလင်မြို့မူကား၊ ခပ်သိမ်းသော ငါတို့၏ အမိတည်းဟူသော ကျွန်မ မဟုတ်သော မိန်းမဖြစ်သတည်း။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် အထက်အရပ်တွင်ရှိသော ဂျေရုဆလင်မြို့သည် လွတ်လပ်သောမိန်းမဖြစ်၍ ၎င်းသည် ငါတို့၏အမိဖြစ်၏။ |
ထို့ကြောင့် သားတော်သည် သင်တို့ကို လွတ်မြောက်စေပါက သင်တို့သည် အမှန်တကယ်လွတ်မြောက်ကြလိမ့်မည်။
သင်တို့သည် ပညတ်တရား၏ လက်အောက်၌ အသက်မရှင်တော့ဘဲ ဘုရားသခင့်ကျေးဇူးတရား၏ လွပ်လပ်မှုအောက်တွင် အသက်ရှင်သဖြင့် အပြစ်တရားသည် သင်တို့၏ အရှင်သခင်မဟုတ်တော့ပေ။
ယခုတွင် သင်တို့သည် အပြစ်တရား၏ကျွန်အဖြစ်မှ လွတ်မြောက်၍ ဖြောင့်မတ်ခြင်းတရား၏ကျွန် ဖြစ်လာကြပြီ။
ကျမ်းစာ၌ အာဗြဟံတွင် သားနှစ်ဦးရှိကြောင်း၊ တစ်ဦးသည် ကျွန်မဖြစ်သူ၏ သားဖြစ်ပြီး တစ်ဦးမှာ လွတ်လပ်သောမိန်းမဖြစ်သူ၏ သားဖြစ်ကြောင်း ဖော်ပြထား၏။
သူသည် အာရပ်ပြည်တွင် ရှိသော သိနာတောင်ကို ကိုယ်စားပြုပြီး ယခုလက်ရှိ ဂျေရုဆလင်မြို့နှင့် တူ၏။ အဘယ်ကြောင့်ဆိုသော် သူသည် မိမိ၏ သားသမီးများနှင့် ကျွန်ခံနေရသောကြောင့် ဖြစ်၏။
ပညတ်တရားမှ လွတ်လပ်ခွင့်ရစေရန် ခရစ်တော်သည် ကျွန်ုပ်တို့ကို လွတ်မြောက်စေတော်မူ၏။ ထို့ကြောင့် လွတ်လပ်သူများအဖြစ် ခိုင်မြဲစွာ ရပ်တည်ကြလော့။ ကျွန်ထမ်းပိုးကို နောက်တစ်ဖန် မထမ်းကြနှင့်။
သို့သော် ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံသားများဖြစ်ကြပြီး ထိုကောင်းကင်ဘုံမှ ကြွလာတော်မူမည့် ကယ်တင်ရှင် သခင်ယေရှုခရစ်တော်ကို စောင့်မျှော်နေကြ၏။
သို့သော် သင်တို့သည် ဇိအုန်တောင်သို့လည်းကောင်း၊ ကောင်းကင်တမန်ထောင်ပေါင်းများစွာ စုဝေးရာ အသက်ရှင်တော်မူသောဘုရားသခင်၏ မြို့တော်တည်းဟူသော ကောင်းကင်ဘုံရှိ ဂျေရုဆလင်မြို့သို့လည်းကောင်း၊
လွတ်လပ်သူများအဖြစ် နေထိုင်ကြလော့။ သို့ရာတွင် မကောင်းမှုပြုရန် ထိုလွတ်လပ်မှုကို ဆင်ခြေအဖြစ် အသုံးမချဘဲ ဘုရားသခင်၏ကျွန်အဖြစ် ပြုမူနေထိုင်ကြလော့။
ထို့နောက် ကောင်းကင်၌ နိမိတ်လက္ခဏာကြီးတစ်ခုကို မြင်ရ၏။ အမျိုးသမီးတစ်ဦးသည် နေကို ဝတ်ဆင်၍ လပေါ်တွင် ခြေကိုတင်ကာ ခေါင်းပေါ်၌ ကြယ်ဆယ့်နှစ်လုံးပါသည့် သရဖူကို ဆောင်းထား၏။
သူ၏နဖူးပေါ်၌ “ပြည့်တန်ဆာတို့နှင့် ကမ္ဘာလောကရှိ စက်ဆုပ်ရွံရှာဖွယ်ရာတို့၏ မိခင်၊ ဘေဘီလုံမြို့ကြီး” ဟူသော လျှို့ဝှက်နက်နဲသည့်အမည်ကို ရေးထား၏။
သန့်ရှင်းသောမြို့တော်ဖြစ်သော ဂျေရုဆလင်မြို့သစ်သည် သတို့သားအတွက် လှပစွာ ဝတ်ဆင်ထားသော သတို့သမီးတစ်ဦးကဲ့သို့ ပြင်ဆင်လျက် ဘုရားသခင်ထံတော် ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို ကျွန်ုပ်မြင်ရ၏။
အောင်မြင်သောသူကို ငါ့ဘုရားသခင်၏ဗိမာန်တော်၌ ရှိသောတိုင်ကဲ့သို့ ဖြစ်စေမည်။ သူသည် မည်သည့်အခါမျှ ဗိမာန်တော်အပြင်သို့ မရောက်ရ။ ငါသည် ငါ၏ဘုရားသခင်နာမတော်ကိုလည်းကောင်း၊ ငါ၏ဘုရားသခင်ထံ ကောင်းကင်ဘုံမှ ဆင်းသက်မည့် ဂျေရုဆလင်မြို့သစ်ဟူသော ဘုရားသခင်မြို့တော်၏နာမတော်ကိုလည်းကောင်း၊ ငါ၏နာမတော်သစ်ကိုလည်းကောင်း သူ့အပေါ်၌ ရေးထားမည်။