ဂလာတိ 4:26 - Common Language Bible26 သို့ရာတွင်ကောင်းကင်ဘုံဆိုင်ရာယေရုရှလင် မြို့ကား လွတ်လပ်သောမြို့ဖြစ်၍ငါတို့၏မိခင် ဖြစ်၏။- အခန်းကိုကြည့်ပါ။Garrad Bible26-27 ကောင်း ကင် ယေ ရု ရှ လင် မူ ကား သား မ ဖွား သော အ မြုံ မ၊ ကြွေး ကြော် လော့။ သား ဖွား ခြင်း ဝေ ဒ နာ မ ခံ ရ သော မိန်း မ၊ အ သံ လွှင့်၍ ကြွေး ကြော် လော့။ စွန့် ထား သော မိန်း မ သည် လင် ရှိ သော မိန်း မ ထက် သား များ စွာ ရှိ သည် ဟူ သော ကျမ်း ချက် အ ရ မြို့ လွတ် ဖြစ် လျက် ငါ တို့ အ မိ ဖြစ် ၏။ အခန်းကိုကြည့်ပါ။Judson Bible26 အပေါ်မှာရှိသော ယေရုရှလင်မြို့မူကား၊ ခပ်သိမ်းသော ငါတို့၏ အမိတည်းဟူသော ကျွန်မ မဟုတ်သော မိန်းမဖြစ်သတည်း။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း26 သို့သော် အထက်အရပ်တွင်ရှိသော ဂျေရုဆလင်မြို့သည် လွတ်လပ်သောမိန်းမဖြစ်၍ ၎င်းသည် ငါတို့၏အမိဖြစ်၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း26 သို့သော် ကျန်အမျိုးသမီးဖြစ်သော စာရာသည် အထက်အရပ်တွင် ရှိသော ဂျေရုဆလင်မြို့ကို ကိုယ်စားပြု၏။ သူသည် လွတ်လပ်သူဖြစ်ပြီး ကျွန်ုပ်တို့၏ မိခင်ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
အောင်မြင်သောသူအားငါ၏ဘုရားသခင်ဗိမာန် တော်တွင်မဏ္ဍိုင်သဖွယ်ဖြစ်စေမည်။ သူသည်နောင် ဘယ်အခါမျှဗိမာန်တော်အပြင်သို့ရောက်ရ လိမ့်မည်မဟုတ်။ ကောင်းကင်ဘုံမှငါ၏ဘုရား သခင်ထံတော်မှဆင်းသက်လာသောယေရုရှလင် မြို့သစ်တည်းဟူသော ငါ၏ဘုရားသခင်မြို့ တော်အမည်ကိုလည်းကောင်း၊ ငါ၏ဘုရား သခင်နာမတော်ကိုလည်းကောင်းသူ၏ပေါ် မှာကမ္ပည်းရေးထိုးမည်။ သူ့အပေါ်မှာငါ၏ နာမတော်သစ်ကိုလည်းရေးထိုးမည်။
ထာဝရဘုရားက``ဣသရေလအမျိုးသားတို့ ထိုအခါငါသည်သင်တို့၏ထာဝရဘုရား ဖြစ်တော်မူကြောင်းသင်တို့သိရှိကြလိမ့်မည်။ ငါသည်မိမိ၏သန့်ရှင်းမြင့်မြတ်သည့် ဇိအုန်တောင်ပေါ်တွင်ကျိန်းဝပ်တော်မူပေသည်။ ယေရုရှလင်မြို့သည်သန့်ရှင်းမြင့်မြတ်လိမ့်မည်။ လူမျိုးခြားတို့သည်ထိုမြို့ကိုနောက်တစ်ဖန် အဘယ်အခါ၌မျှနိုင်နင်းရကြလိမ့်မည် မဟုတ်။
ထာဝရဘုရားက၊ ``ဇနီးသည်ကိုကွာရှင်းပစ် လိုက်သည့် ယောကျာ်းကဲ့သို့၊ ငါသည်မိမိ၏လူမျိုးတော်အားနှင်ထုတ်လိုက် သည်ဟု သင်တို့ထင်မှတ်ကြပါသလော။ ယင်းသို့နှင်ထုတ်လိုက်ပါမူဖြတ်စာများကား အဘယ်မှာရှိပါသနည်း။ မိမိ၏သားသမီးများကိုကျွန်အဖြစ် ရောင်းစားသူကဲ့သို့၊ငါသည်သင်တို့အား သုံ့ပန်းအဖြစ်ဖြင့်ရောင်းချလိုက်သည်ဟုသင်တို့ ထင်မှတ်ကြပါသလော။ သင်တို့ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရကြ သည်မှာ သင်တို့၏အပြစ်များကြောင့်ဖြစ်ပေသည်။ သင်တို့သည်မိမိတို့ကူးလွန်ကြသည့် ရာဇဝတ်မှုများကြောင့်အနှင်ခံရကြခြင်း ဖြစ်၏။