သို့သော် ဖခင်က အစေခံတို့အား ‘အကောင်းဆုံးဝတ်ရုံကို အမြန်ယူလာ၍ သူ့အားဝတ်ပေးကြလော့။ သူ့လက်၌ လက်စွပ်ကို စွပ်ပေး၍ သူ့ခြေထောက်၌ ဖိနပ်ကို စီးပေးကြလော့။
ဂလာတိ 3:27 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်စေရန် နှစ်ခြင်းမင်္ဂလာကို ခံယူသောသူအပေါင်းတို့သည် ခရစ်တော်ကဲ့သို့ ဖြစ်လာကြ၏။ Common Language Bible သင်တို့သည်ခရစ်တော်နှင့်တစ်လုံးတစ်ဝ တည်းဖြစ်စေရန် ဗတ္တိဇံမင်္ဂလာကိုခံယူကြ သဖြင့် ခရစ်တော်ကိုအဝတ်တန်ဆာသဖွယ် ဝတ်ဆင်ကြရလေပြီ။- Judson Bible ခရစ်တော်၌ ဗတ္တိဇံကိုခံသောသူရှိသမျှတို့သည် ခရစ်တော်ကို ယူတင်ဝတ်ဆောင်သောသူ ဖြစ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ခရစ်တော်၌ဗတ္တိဇံခံသောသူရှိသမျှတို့သည် ခရစ်တော်ကိုဝတ်ဆင်ကြ၏။ |
သို့သော် ဖခင်က အစေခံတို့အား ‘အကောင်းဆုံးဝတ်ရုံကို အမြန်ယူလာ၍ သူ့အားဝတ်ပေးကြလော့။ သူ့လက်၌ လက်စွပ်ကို စွပ်ပေး၍ သူ့ခြေထောက်၌ ဖိနပ်ကို စီးပေးကြလော့။
သူနှင့် အိမ်သူအိမ်သားအားလုံးတို့သည် နှစ်ခြင်းမင်္ဂလာကို ခံယူပြီးလျှင် လုဒိက “ကျွန်မသည် သခင်ဘုရားအား အမှန်ပင်ယုံကြည်သောသူဖြစ်သည်ဟု သင်တို့သတ်မှတ်ပါက အိမ်သို့လာ၍ တည်းခိုကြပါ” ဟု ကျွန်ုပ်တို့အား ဖျောင်းဖျလေ၏။
ပေတရုက “သင်တို့အပြစ်များကို ခွင့်လွှတ်ခြင်းခံရရန် နောင်တရလျက် ယေရှုခရစ်တော်၏အမည်နာမ၌ သင်တို့အားလုံး နှစ်ခြင်းမင်္ဂလာခံယူကြလော့။ ထိုသို့ပြုလျှင် သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော လက်ဆောင်ကို လက်ခံရရှိလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် သခင်ယေရှု၏အမည်နာမ၌ နှစ်ခြင်းမင်္ဂလာခံယူထားကြရုံသာဖြစ်ပြီး ဝိညာဉ်တော်သည် မည်သူ့ထံတွင်မျှ မသက်ရောက်သေးသောကြောင့်ဖြစ်၏။
ချက်ချင်းပင် ငါးအကြေးခွံကဲ့သို့သော အရာသည် ရှောလု၏မျက်စိမှ ကွာကျ၍ မျက်စိပြန်မြင်လေ၏။ ထိုအခါ သူသည် ထ၍ နှစ်ခြင်းမင်္ဂလာ ခံယူပြီးနောက်
သခင်ယေရှုခရစ်တော်ကဲ့သို့ ကျင့်ကြံပြုမူကြလော့။ လူ့ဗီဇစိတ်အလိုကို လိုက်ရန် မကြံစည်ကြနှင့်။
ထိုနည်းလမ်းမှာ ယေရှုခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသည့်နည်းလမ်းဖြစ်၏။ ခွဲခြားထားခြင်းမရှိဘဲ ယုံကြည်သောသူတိုင်းအတွက်ဖြစ်၏။
သူတို့အားလုံးသည် မိုးတိမ်နှင့် ပင်လယ်ထဲ၌ မောရှေ၏ တပည့်များအဖြစ် နှစ်ခြင်းမင်္ဂလာကို ခံယူခဲ့ကြ၏။
ထိုကဲ့သို့ပင် ကျွန်ုပ်တို့အားလုံးသည် ဂျူးလူမျိုးဖြစ်စေ၊ ဂရိလူမျိုးဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ ဝိညာဉ်တော်တစ်ပါးတည်းအားဖြင့် ကိုယ်ခန္ဓာတစ်ခုတည်းထဲသို့ နှစ်ခြင်းမင်္ဂလာခံယူကြပြီး ကျွန်ုပ်တို့အားလုံးသည် ထိုဝိညာဉ်တော်တစ်ပါးတည်းကို သောက်သုံးကြ၏။
ဘုရားသခင်၏ ပုံသဏ္ဌာန်တော်အတိုင်း ဖန်ဆင်းခံရသည့်လူသစ်ကဲ့သို့ ဖြစ်၍ စစ်မှန်သော ဖြောင့်မတ်ခြင်းနှင့် စစ်မှန်သော သန့်ရှင်းခြင်းတို့ဖြင့် နေထိုင်ကြလော့။
လူသစ်ကို ဝတ်ဆင်ကြပြီ။ ဘုရားသခင်ကို မှန်ကန်စွာ သိနိုင်ရန် ထိုလူသစ်သည် ဖန်ဆင်းရှင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ အစဉ် အသစ်ပြုပြင်မွမ်းမံခံရ၏။
ဤအရာသည် ယခုသင်တို့ကို ကယ်တင်သည့်နှစ်ခြင်းမင်္ဂလာကို ပုံဆောင်၏။ နှစ်ခြင်းမင်္ဂလာသည် ကိုယ်ခန္ဓာအညစ်အကြေးကို ဖယ်ရှားခြင်းမဟုတ်။ ယေရှုခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းမှတစ်ဆင့် ကယ်တင်တော်မူခြင်းခံရကြောင်း လိပ်ပြာသန့်နိုင်ရန် ဘုရားသခင်ထံ တောင်းလျှောက်ခြင်းဖြစ်၏။